အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေရတာချင်းအတူတူ ကိုယ်အားသန်တဲ့ အလုပ် ၊ ကိုယ်တကယ် ပရော်ဖက်ရှင်နယ် ကျကျလုပ်နိုင်ပြီး စိတ်အားထက်သန်စွာလုပ်နိုင်တဲ့ အလုပ်တွေမှာ လုပ်သူတွေသာ ထိပ်တန်းရောက် အောင်မြင်ကြပါတယ်။ ဒီတော့ ကိုယ်က ဘယ်လိုအလုပ်မျိုးလုပ်ရင် အောင်မြင်မလဲဆိုတာ သိဖို့ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်တဲ့ မေးခွန်းတစ်ချို့အကြောင်း ပြောချင်ပါတယ်။
(၁) အလုပ်သွားရတာ ပျော်သလား
မနက်အိပ်ရာထတိုင်း အလုပ်သွားဖို့တက်ကြွနေပြီး ၊ ညအိပ်ရာဝင်တိုင်း ဒီနေ့လုပ်ခဲ့တာအတွက် ကျေနပ်ဂုဏ်ယူရတယ်ဆိုရင် တကယ်ကံကောင်းတယ်လို့တောင် ပြောရမှာပါ။ အလုပ်တစ်ခုဟာ ကိုယ်နဲ့ဘယ်လောက် ကိုက်ညီတဲ့ အလုပ်လဲဆိုတာ သိဖို့အတွက် မနက်ခင်း ရုံးသွားချိန်ကနေ အလုပ်မှာ ဘယ်လောက် မွေ့လျော်နေသလဲ ဆိုတာတွေနဲ့ တိုင်းတာနိုင်ပါတယ်။

(၂) အလုပ်မှာဘာတွေ ထူးထူးခြားခြား လုပ်ပြနိုင်သလဲ
ကိုယ်သိထားတဲ့ အသိတွေဟာ အလုပ်ခွင်မှာ ဂိမ်းတစ်ခု ကစားရသလို စိတ်လှုပ်ရှားစရာ Level မြင့်စရာ ဖြစ်နေပြီလားဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Skills တွေကို အပြည့်အဝ အသုံးချနိုင်ပြီး နောက်ထပ် အသစ်အသစ်တွေသိလာ ၊ အသုံးချလာနိုင်တယ်ဆိုတဲ့ အလုပ်ခွင်ရောက်နေရင် ခင်ဗျားရောက်နေတာ နေရာမှန်ပဲလို့ပြောနိုင်ပါတယ်။

(၃) တက်လမ်းတွေ ရှိသလား
Dead-End Jobs လို တက်လမ်းမရှိတော့တဲ့ အလုပ်မှာလုပ်ရင် ဘယ်သူမှ ပျော်နိုင်မှာ မဟုတ်ပါဘူး။ လူဟာငယ်ရာက ကြီးလာသလို ၊ နုနယ်ရာက ရင့်ကျက်လာသလိုမျိုး အလုပ်မှာလည်း လှေကားတက်သလို တစ်ဆင့်ချင်း အထက်ရောက်အောင် သွားနေရမှာပါ။ ကိုယ့်ကိုယ်ကို ငါတက်နေတာလား ၊ ဆင်းနေတာလားဆိုတာ ပြန်မေးကြည့်လိုက်ပါ။ လုပ်ခ လစာအပြင် လူ့ဂုဏ်သိက္ခာနဲ့အလုပ်မှာ ပျော်ရွှင်ခြင်းတွေသာ ကိုက်ညီမယ်ဆိုရင် အဲဒီလူဟာ အောင်မြင်နေတာပါပဲ။

(၄) ပိုပြီး ကောင်းလာသလား
ဒီအလုပ်မဝင်ခင်က ဘဝအခြေအနေနဲ့စိတ်နေစိတ်ထားဟာ အခုချိန်မှာ ဘယ်အရပ်ကို ဦးလှည့်နေပြီလဲဆိုတာ အရေးကြီးပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ ပန်းတိုင်ကိုတိုးပြီး ရောက်လာသလား ၊ မျှော်လင့်ချက်တွေ တောက်ပပြီး လူမှုဆက်ဆံရေး ၊ ဘဝအနေ မြင့်လာပြီ လား ပြန်သုံးသပ်ပါ။ လူဟာ မနေ့ကထက် ဒီနေ့ပိုကောင်းရမယ်ဆိုတဲ့ စကားအတိုင်း ပိုကောင်းတဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်လို့ကိုယ့်ကိုယ်ကို သိနေရင် ကိုယ်ဟာ တကယ့်လမ်းကြောင်းမှန်အတိုင်း သွားနေတယ်ဆိုတာ မြင်ရမှာပါ။

Lifestyle_Myanmar
ref-indeed.com