စုံတွဲတိုင်း ငြင်းခုံကြပြီး ဒါဟာ သာမန်အခြေအနေမျိုးဖြစ်ပါတယ်။ သို့ပေမယ့် ပဋိပက္ခတစ်ခုက အချိန်တွေကြာလာတဲ့အခါ ဝမ်းနည်းဖွယ်ရာရလဒ်တွေကို ရလာစေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စကားလုံးတွေအလွန်အကျွံဖြစ်မလာခင် ပဋိပက္ခတစ်ခုကို မြန်မြန်ပြီးဆုံးစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။
၁။ လူပုဂ္ဂိုလ်ကို မဝေဖန်ပါနဲ့

လက်ရှိဖြစ်နေတဲ့ ပြဿနာရဲ့ အရင်းအမြစ်လုပ်ရပ်ကိုပဲ အပြစ်တင်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အမှားတွေ၊ မင်းက ဘယ်လိုလူဖြစ်တယ်ဆိုတာမျိုးတွေကို ဆွဲထုတ်ပြီး တောင်စဉ်ရေမရအပြစ်တင်နေတာတွေ မလုပ်ပါနဲ့။ သင့်ရဲ့ ခံစားချက်တွေကို ပြောပြီး သင့်ချစ်သူရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုစေပါ။ သူ့ရဲ့ စိတ်ခံစားမှုအခြေအနေတွေကိုလည်း စိတ်ဝင်စားကြောင်း ပြသပါ။
၂။ ကိုယ့်ရဲ့ အဆိုးရွားဆုံးအတွေးတွေနဲ့ပဲ ကိုယ်ထင်ချင်သလို ထင်နေတာတွေ ရပ်လိုက်ပါ

ကိုယ့်ရဲ့ အတွေးတွေကို ခဏမေ့ထားပြီး ခဏဘေးဖယ်နေလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အတွေးတွေ၊ ထင်မြင်ယူဆချက်တွေကို စကားအဖြစ်ပြောင်းလဲမယ်ဆိုရင် ရန်ဖြစ်ဖို့အတွက်ပဲ ဦးတည်နေပါလိမ့်မယ်။ သင့်ပါတနာရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကို ရှင်းပြစေပါ။
၃။ ကိုယ့်ပါတနာကို အထင်သေးပြီး မဆက်ဆံပါနဲ့

ပြဿနာဖြစ်နေချိန်မှာ သင်ဟာ သင့်ပါတနာထက်သာလွန်တာတွေကို သွားမပြောပါနဲ့။ ပြလည်း မပြပါနဲ့။ ဒီနည်းလမ်းက သင့်အတွက် တော်တော်မကောင်းတဲ့ဖြေရှင်းနည်းပါ။ ဒီလိုမဟုတ်ဘဲ ပြဿနာတွေကို အတူတကွဖြေရှင်းဖို့/အဖြေရှာဖို့ ကမ်းလှမ်းပါ။
၄။ တစ်စုံတစ်ယောက်ကို အပြစ်တင်တဲ့မျက်လုံးနဲ့ မကြည့်ပါနဲ့
အပြစ်တင်ခြင်းတွေနဲ့ စတင်တာက တကယ်ကို ဆိုးရွားပါတယ်။ ဒီလိုအဖြစ်အပျက်တွေကိုလည်း သင်တို့အကြိမ်ကြိမ်ကြုံရပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ ပြဿနာကနေ ထွက်ခွာနိုင်ဖို့အတွက် အကောင်းဆုံးနည်းဗျူဟာကို ရှာဖွေဖို့ အချိန်ဆွဲထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

၅။ တစ်ဖက်က ရှုထောင့်ကနေ ကြည့်တတ်ဖို့ ကြိုးစားပါ
ပြဿနာဖြစ်နေချိန်မှာ နှစ်ဦးစလုံးဟာ ဒီဆက်ဆံရေးမှာ ပါဝင်နေတယ်ဆိုတာ မမေ့ပစ်ဖို့ လိုအပ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်နေတာက အမြဲတမ်းအတွက် ပိုကောင်းပါတယ်။ ရှုထောင့်နှစ်ဖက်စလုံးကို မြင်အောင်ကြည့်ပြီး ငြင်းခုံမှုတွေကနေ အမြန်ဆုံးထွက်လာနိုင်အောင် ကြိုးစားပါ။
Lifestyle_Myanmar
Nyein_Thu
Ref-brightsideme