ကိုယ့်အပေါ် တကယ်ကောင်းတဲ့ လူတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ကတော့ ကောင်းတာလုပ်ရင် ချီးကျူးမယ် မကောင်းတာလုပ်ရင် ဝေဖန်ပြောဆိုကြလေ့ရှိပါတယ်။ အပေါ်ယံပေါင်းသင်းတဲ့ လူတွေကြတော့ သူတို့ကို ကျွေးမွေးနိုင်တဲ့အချိန်ကြရင် အနားမှာရှိနေတက်ပြီး ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာ ရှောင်ဖယ်သွားတက်ကြတယ်။ ဒီနေ့ လက်မလွှတ်လိုက်သင့်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေအကြောင်း ပြောပြပေးသွားမှာပါ။
အခက်အခဲဖြစ်နေချိန် အနားမှာရှိနေတက်သူ
အပေါ်ယံသာပေါင်းတဲ့ မိတ်ဆွေအတုအယောင်တွေကတော့ သင်အခက်အခဲဖြစ်နေချိန်မှာ ရှောင်ဖယ်သွားပါလိမ့်မယ်။ တကယ့်မိတ်ဆွေကောင်းတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အနားမှာရှိနေပေးပြီး တက်နိုင်သမျှအကူအညီတွေ ပေးပါလိမ့်မယ်။ ဒီလို လူတွေကို ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့။

သင့်အပေါ်ရိုးသားသူ
သင်နဲ့ပတ်သက်လာရင် ကောင်းတာလုပ်ရင် ကောင်းတယ်လို့ပြောပေးတက်သူ လူစားမျိုး ၊ ပြီးတော့ မကောင်းတာလုပ်ရင် ဝေဖန်ပြောဆိုပြီး အမှားထောက်ပြတက်တဲ့ လူစားမျိုးတွေက သင့်အပေါ် တကယ်စိတ်ရင်းနဲ့ ပေါင်းတဲ့လူတွေပါ။ ဒီလိုလူတွေက တခြားလူတွေအပေါ်မှာ ရိုးသားချင်မှ ရိုးသားပါလိမ့်မယ်။ ဒါပေမယ့် သင့်အပေါ်မှာတော့ အရှိကိုအရှိတိုင်း ပြောဆိုပေါင်းသင်းဆက်ဆံတက်ပါတယ်။ ဒီလိုလူမျိုးတွေကလည်း သင့်အတွက် မိတ်ဆွေကောင်းလို့ ပြောလို့ရပါတယ်။

ပြောမနာဆိုမနာ သူငယ်ချင်းမျိုး
သင်ဘာပြောပြော မနာတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ခင်တွယ်ပါ။ စိတ်မဆိုး စိတ်မကောက် မိမိအပေါ် သည်းခံတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေဟာ ဒီနေ့ခေတ်မှာ ရှားပါးလာပါပြီ။ ဒီလိုလူမျိုးအများစုက ငယ်ပေါင်းကြီးဖော်တွေမှာသာ တွေ့ရတက်ပါတယ်။ ဒါပေမယ့် တစ်ချို့ကြီးမှပေါင်းမိတဲ့ လူတွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ ဒီလိုလူမျိုးတွေကိုလည်း ခင်တွယ်ပါ။

Lifestyle_Myanmar
ref-quora