ဘယ်လိုကိစ္စမျိုးမှာမဆို သင်လုံး၀ ယုံကြည်လို့မရတဲ့ တာ၀န်မဲ့လွန်းသော ရာသီခွင်၃ခု

    0
    2451
    - Advertisement -

    သင့်ဘ၀မှာ ဖြစ်ပျက်သမျှကို သင်ကိုယ်တိုင်တာ၀န်ယူနိုင်မှသာ သင်ဟာရင့်ကျက်သူတစ်ယောက်အဖြစ် သတ်မှတ်ခွင့်ရှိတာပါ။ ကံမကောင်းစွာနဲ့ပဲ တစ်ချို့လူတွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေအရ ကလေးဘ၀၊ ကလေးစိတ်နဲ့ပဲ ရှင်သန်နေထိုင်ကြပါတယ်။ နက္ခတ်ဗေဒင်ဆရာများက တာ၀န်ယူမှုကင်းမဲ့ခြင်းကို အဆုံးစွန်ထိပြုလုပ်တတ်ကြတဲ့ ရာသီခွင်သုံးခုရှိတယ်လို့ ဆိုကြပါတယ်။ အောက်မှာ ဖော်ပြပေးထားပါတယ်။

    -Advertisement-

    Cancer(June21-July22)

    Cancerတွေဟာ ယုံကြည်စိတ်ချလို့မရတဲ့အထဲမှာ ထိပ်ဆုံးက ရာသီခွင်ဖြစ်ပါတယ်။ သင်တစ်စုံတစ်ရာကို လိုအပ်နေတယ်ဆိုရင် တစ်ခြားရာသီခွင်ကို မေးမြန်းပါ။ cancerတွေက သင့်ကို ဆင်ခြေတစ်သန်းလောက်နဲ့ ငြင်းဆန်လာပါလိမ့်မယ်။ ပြီးတော့ သင်က သူ့ကိုကူညီဖို့ ဆွဲဆောင်နေတယ်ဆိုရင်လည်း ရလဒ်တွေကို မြန်မြန်ရလာဖို့ မမျှော်လင့်ပါနဲ့ ။ တာ၀န်ယူမှုမရှိတဲ့ cancerတွေဟာ အရာအားလုံးကို အချိန်မီလုပ်နိုင်ဖို့ သင့်အနေနဲ့ သူတို့ကို ထပ်ခါထပ်ခါ သတိပေးရပါလိမ့်မယ်။ ဒါမှမဟုတ် အနည်းဆုံးတစ်နေ့နေ့မှာမှ လုပ်မယ်ဆိုတာမျိုး ပြောတတ်တဲ့သူတွေပါ။

    Pisces(February19 – March19)

    Piscesရာသီခွင်တွေဟာ လူကြီးတစ်ယောက်ဖြစ်လာတာတောင်မှ ကလေးစိတ်တွေနဲ့ပဲ နေထိုင်တတ်တဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ သူတို့ဟာ အရာရာတိုင်းကို ယုံကြည်နေတယ်၊ မျှော်လင့်တယ် ပြီးတော့ တစ်ယောက်ယောက်က သူတို့အတွက် အရာအားလုံးကို လုပ်ပေးလိမ့်မယ်လို့ စောင့်နေတတ်တယ်။ သူတို့ကို အရေးကြီးတဲ့အလုပ်တွေမှာ ယုံယုံကြည်ကြည်လွှဲအပ်ထားတာမျိုး မလုပ်ပါနဲ့။ ပြန်လည်ပြင်ဆင်လို့မရတဲ့အရာတွေမှာပေါ့။

    Taurus(April 20- May 20)

    သူတို့ငယ်ငယ်ကတည်းက Taurusတွေကို အိမ်မွေးတိရိစ္ဆာန်တွေ မွေးခွင့်မပေးခဲ့ကြဘူး။ ဘယ်သူ့ကိုမှ မပြောပေမယ့် သူတို့မိဘတွေက သူတို့အတွက် တာ၀န်ယူနိုင်တယ်ဆိုတာ မယုံကြဘူး။ သို့သော်လည်း Taurusရာသီခွင်မှာ တစ်ချို့က ဒီအချက်တွေထဲက ကွဲထွက်ပြီး ကြီးပွားသွားတာမျိုးလည်းရှိပါတယ်။ တစ်ခြားသူများကတော့ သေဆုံးချိန်အထိ တာ၀န်မဲ့မှုနှင့် မဆီလျော်မှုတွေက ဆက်လက်တည်ရှိနေဆဲပါပဲ။

    အထက်မှာ ဖော်ပြခဲ့တဲ့ရာသီခွင်တွေဟာ တာ၀န်ယူနိုင်သူဖြစ်မှသာလျှင် အောင်မြင်ပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အောင်မြင်ဖို့မလိုအပ်ဘူးဆိုရင်တော့ အရွယ်ရောက်ပြီးတဲ့ ကလေးတစ်ယောက်လို ဆက်လက်ရှင်သန်နိုင်ပါတယ်။ တစ်ခုရှိတာက သင့်ကို မည်သူတစ်ဦးတစ်ယောက်ကမှ ယုံကြည်ဖို့တော့ မမျှော်လင့်ပါနဲ့။

    Lifestyle_Myanmar

    Nyein_Thu

    sources-mambee

    - Advertisement -

    LEAVE A REPLY

    Please enter your comment!
    Please enter your name here