ဘယ်ဖက်ကိုစောင်းပြီး အိပ်စက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၃) မျိုး

0
238


-Advertisement-



LM_Naung_Naung
Lifestyle_Myanmar

သင့်ခန္ဓာကိုယ်ကို ပန်းပုရုပ်လေးလို ထုဆစ်ပေးနိုင်တဲ့ Body Wrap (၈)မျိုး

Unicode

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နိုင်ဖို့အတွက် အိပ်ချိန်အလုံအလောက် ရရှိဖို့လိုပါတယ်။ အရွယ်ရောက်သူတစ်ယောက်ဟာ တစ်ရက်ကို ၇ နာရီကနေ ၈နာရီ ပြည့်ဝအောင်အိပ်စက်ဖို့လိုအပ်ပြီး ကောင်းမွန်စွာအိပ်စက်နိုင်ဖို့နဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့အတွက် မှန်ကန်တဲ့အိပ်စက်မှုပုံစံဖြစ်ဖို့လည်းလိုပါတယ်။ အများစုဟာ ညာဖက်ကိုစောင်ပြီး အိပ်စက်တတ်ကြပေမယ့် ဘယ်ဖက်ကိုစောင်ပြီးအိပ်စက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်တာကြောင့် ဘေးစောင်းပြီးအိပ်တဲ့အခါ ဘယ်ဖက်ကိုစောင်းအိပ်တဲ့အလေ့အကျင့်ကို ပြုလုပ်သင့်ပါတယ်။

ဘယ်ဖက်ကိုစောင်းအိပ်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ (lymphatic system) သွေးဖြူဆဲလ်တွေရဲ့ စနစ်တွေကို ပိုကောင်းအောင်လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ ယခုလို သွေးဖြူဆဲလ်ရဲ့စနစ်ဟာ နှလုံးရဲ့အထက်မှာ ရှိနေပြီး ဘယ်ဖက်ကိုစောင်းပြီးအိပ်တဲ့အနေအထားဟာ ပိုပြီးစနစ်တကျအလုပ်လုပ်နိုင်ကြောင်းသိရပါတယ်။

ဒုတိယမြောက် အကျိုးကျေးဇူးကတော့ အစာခြေစနစ်တွေကို ပိုပြီးချောချောမွေ့မွေ့ လုပ်ဆောင်နိုင်တာပါ။ ညာဖက်ကိုစောင်အိပ်ရင်တော့ အစာခြေစနစ်ရဲ့ အလုပ်လုပ်ချိန်ဇယားကို ထိခိုက်စေနိုင်ကြောင်းသိရပါတယ်။ ဘယ်ဖက်ကို စောင်းပြီးအိပ်ခြင်းဟာ ရင်ပူခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဘယ်ဖက်ကို စောင်းပြီးအိပ်ခြင်းဟာ အဆုတ်နဲ့ အစာအိမ်အပေါ် ဖိအားသက်ရောက်စေပြီး gastric အရည်တွေလည်း ကောင်းမွန်စွာတည်ရှိစေပါတယ်။ တကယ်လို့သင်ပုခုံးနာတဲ့ ဒါဏ်ရာခံစားနေရရင်တော့ ဘေးစောင်းပြီးမအိပ်သင့်ပါဘူး။

ဘယ်ဖက်ကိုစောင်းအိပ်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးကတော့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သွေးဖြူဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်းကြောင့် သွေးထဲကအန္တရာယ်ရှိတဲ့ ဒြပ်စင်တွေကို ပိုမိုစစ်ထုတ်နိုင်ပြီး နှလုံးကိုပိုပြီးသက်တောင့်သက်သာဖြစ်စေတဲ့အပြင် နှလုံးဖောက်ပြန်မှု အန္တရာယ်ကနေ လွတ်ကင်းနိုင်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here