ဘယ်နိုင်ငံတွေမှာ မိဘအုပ်ထိန်းခွင့် ရက်ရှည်ကို ဘယ်လောက်ကြာကြာ ပေးထားသလဲ?

0
38

ကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် မိဘတွေဟာ မွေးကင်းစကလေးနဲ့အတူ communicate ကောင်းစေဖို၊ သူတို့ဘဝရဲ့ ပထမဆုံးလတွေမှာ သူတို့နှင့်အတူ တတ်နိုင်သမျှ အချိန်များများသုံးဖို့ မိဘတွေအတွက် တကယ့်ကို အရေးကြီးတယ်ဆိုတဲ့အကြောင်းကို စိတ်ပညာရှင်များနဲ့ ကလေးအထူးကုတွေဟာ အမြဲတမ်းပြောကြပါတယ်။ ကွဲပြားခြားနားတဲ့ နိုင်ငံများက အစိုးရတွေဟာ ဒီအမြင်ကို ထောက်ပံ့ပေးကြပြီး အမေတွေအတွက် မီးဖွားခွင့် ပေးကြပါတယ်။ ဒီမီးဖွားခွင့်ဟာ တိုင်းပြည် တစ်ခုခြင်းစီပေါ်မှာ မူတည်ပြီး ခွင့်ရက်ရှည်ကလည်း ကွဲပြားပါတယ်။ မီးဖွားခွင့်အတွက် ဘယ်တိုင်းပြည်အစိုးရက မိခင်နှင့် ဖခင်တွေကို ခွင့်ရက်ရှည် ဘယ်လောက်ပေးထားလဲဆိုတာကို ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ ခရိုအေးရှား

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၄၁၀
ဒီတိုင်းပြည်မှာ မီးဖွားခွင့်က တကယ့်ကို ကြာရှည်ပါတယ်။ မီးဖွားခွင့်က တစ်နှစ်ထက်ပိုပြီး ကြာသလို သူတို့ကလေးတွေ ၆လအရွယ်ရောက်တဲ့အထိ ကျန်းမာရေးအာမခံရံပုံငွေအဖြစ် မိခင်ရဲ့ လစဉ် လစာရဲ့ ၁၀၀%ကို ပေးပါတယ်။

၂။ ဗြိတိန်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၃၆၅ရက်
ဗြိတိန်မိဘတွေအတွက် မိဘအုပ်ထိန်းခွင့်ကို ခွဲပေးထားပါတယ်။ အမေတွေကို မီးဖွားခွင့် ၂ပတ်ပေးထားပြီး ကျန်တဲ့ကာလအချိန်တွေမှာ အဖေက မိခင်လိုပဲ ကလေးငယ်ကို ဂရုစိုက်ပေးရပါတယ်။

၃။ ဆွီဒင်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၂၄၀
ဆွီဒင်မိဘတွေဟာ တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ အုပ်ထိန်းခွင့်ရက်ကို ခွဲယူရပါတယ်။ တနည်းအားဖြင့် ဖခင်တွေဟာ ခွင့်ရက်ပေါင်း ၆၀ပိုင်ဆိုင်ပါတယ်။ ထိုခွင့်ရက်ကို အသုံးမပြုရင် တော့သက်တမ်းကုန်ဆုံးပါတယ်။

၄။ ရုရှား

မိဘအုပ်ထိန်းခွင့်ရက်ရှည် -ရက်ပေါင်း ၁၄၀
စည်းကမ်းအရ မီးဖွားခွင့်ပြီးနောက် မိခင်တွေဟာ ကလေးတစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲရောက်တဲ့အထိ ကလေးစောင့်ရှောက်ခွင့် ယူလို့ရပါတယ်။ သူတို့ကို လစာရဲ့ ၄၀%ပေးပါတယ်။

၅။ ကာဇက်စတန်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၁၂၆
၂ယောက် သို့မဟုတ် ၂ယောက်ထက်ပိုပြီး ကလေးမွေးဖွားရင် ခွင့်ခံစားခွင့် ၁၀ပတ်အထိ တိုးပေးပါတယ်။ မိခင်တွေဟာ ကလေး၃နှစ်အရွယ်ရောက်တဲ့အထိ ကလေးထိန်းခွင့် ယူလို့ရပါတယ်။

၆။ ဖင်လန်နိုင်ငံ

မိဘအုပ်ထိန်းခွင့်ရက်ရှည် -ရက်ပေါင်း ၁၂၆
မီးဖွားခွင့်အစား မိခင်တွေဟာ သူတို့ကလေးကို မူကြိုကျောင်းသို့ ခေါ်လာရတာ သို့မဟုတ် အစိုးရက ကလေးထိန်းတစ်ယောက်ငှားဖို့ ထောက်ပံ့ပေးထားပါတယ်။

၇။ ပေါ်တူဂီ

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၁၂၀
ဥပဒေအရ ဖခင်တွေက ကလေးနှင့်အတူ နေဖို့ ခွင့် ၅ရက်ထက်နည်းလို့မရပါဘူး။ ဆောင်ရွက်ရမယ့် သူ့တာဝန်ကို ရှောင်ရှားဖို့ ကြိုးစားရင် ဒဏ်ငွေဆောင်ရပါတယ်။

၈။ ပြင်သစ်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ၁၁၂ရက်
(မမွေးခင် ၂လနှင့် မွေးပြီး ၂လ) ဆိုပြီး ဒီအချိန်ကာလကို ၂ပိုင်းခွဲခြားထားပါတယ်။ မိခင်တွေဟာ မွေးပြီးနောက် အချိန်ပိုတွေလည်း ရရှိနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကျန်းမာရေးကောင်းနေလျှင် မမွေးခင်မှာ ခွင့် ၃ပတ်သာ ရရှိပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန် ၃၆ပတ်ထက်ပိုပြီး အလုပ်မလုပ်ဖို့ ခွင့်ပြုထားပါတယ်။

၉။ တရုတ်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း၉၀
မီးဖွားခွင့်ရက်ရှည်က အမျိုးသမီးရဲ့ အသက်ပေါ်မှုတည်တယ်လို့ ဆိုပါတယ်။ မိခင်က အသက်ကြီးသူဖြစ်ရင် မိခင်ရဲ့ခွင့်ရက်ကို ကြာရှည်ပေးထားပါတယ်။

၁၀။ အိုက်စလန်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၉၀
မီးဖွားခွင့်နှင့် ကလေးစောင့်ရှောက်ခွင့်ကို “3-3-3” ပုံသေနည်းအတိုင်း ပေးထားပါတယ်။ ၃လကို မိခင်အတွက် ပေးထားပြီး နောက် ၃လကို ဖခင်အတွက် ပေးထားပါတယ်။ ကျန်နောက် ၃လကို မိဘနှစ်ယောက် မျှဝေပြီး ယူလို့ရပါတယ်။

၁၁။ အိန္ဒိယ

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ၈၄ရက်
ကလေးအရေအတွက်ပေါ်မှုတည်ပြီး အိန္ဒိယမှာ မီးဖွားခွင့်ရက်ရှည်ကို ပေးထားပါတယ်။ သူတို့ဟာ သားဦးကလေး သို့မဟုတ် ဒုတိယမြောက်ကလေးမွေးလျှင် အမျိုးသမီးတွေဟာ ခွင့် ၁၈၂ရက် ရပါလိမ့်မယ်။ အမျိုးသမီးဟာ ကလေး၃ယောက်မြောက်ထက်ပိုပြီး မွေးမယ်ဆိုရင် သူမရဲ့မီးဖွားခွင့်က ၈၄ရက်သာ ကြာပါလိမ့်မယ်။

၁၂။ အာရပ်စော်ဘွားများပြည်ထောင်စု

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ၄၅ရက်
အမျိုးသမီးရဲ့ အလုပ်ပေါ် မူတည်ပြီး UAE မှာ မီးဖွားခွင့်ပေးထားပါတယ်။ ပုဂ္ဂလိကကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဟာ မမွေးခင်နှင့် မွေးပြီးနောက်ကို ခွင့်ရက်ရှည် ၄၅ရက် ရရှိပါလိမ့်မယ်။ အစိုးရအလုပ်လုပ်တဲ့ အမျိုးသမီးဖြစ်လျှင် မီးဖွားခွင့် ရက် ၉၀ ရရှိပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here