ဘယ်တော့မှ လျစ်လျူမရှုသင့်တဲ့ သွေးအားနည်းရောဂါလက္ခဏာ(၆)ချက်

0
503
- Advertisement -

သွေးအားနည်းရောဂါဆိုတာ ကမ္ဘာအဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။ ၎င်းက အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူသုံးလောက်အထိဖြစ်ပွားနေပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ၁.၆ဘီလီယံအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ သွေးအားနည်းရောဂါလက္ခဏာတွေကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ မည်သူမဆိုသွေးအားနည်းရောဂါဖြစ်ပွားနိုင်ပေမယ့်လည်း ၎င်းက ကလေးငယ်တွေမှာ အဖြစ်အများဆုံးပါ။ သွေးအားနည်းရောဂါဟာ ခွေးနှင့်ကြောင်တွေ အပါအ၀င်တိရစ္ဆာန်အချို့ကိုလည်း ထိခိုက်နိုင်ပါတယ်။

-Advertisement-

သွေးအားနည်းရောဂါအမျိုးအစားပေါင်း ၄၀၀ကျော်ရှိပါတယ်။ သွေးအားနည်းရောဂါရှိတဲ့ လူနာတစ်ဦးက ပုံမှန်အားဖြင့် ၎င်းတို့ခန္ဓာကိုယ်မှတဆင့်ဖြတ်သန်းစီးဆင်းနေတဲ့ သွေးနီဥအရေအတွက်နည်းပါးနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

သွေးအားနည်းရောဂါအမျိုးအစားသုံးမျိုး

သွေးဆုံးရှုံးမှုကြောင့် ဖြစ်ရတဲ့သွေးအားနည်းရောဂါ၊ သွေးနီဥပျက်စီးခြင်းကြောင့် ဖြစ်ရတဲ့သွေးအားနည်းရောဂါ၊ သွေးနီဥထုတ်လုပ်မှုမှားယွင်းခြင်းကြောင့် သွေးအားနည်းခြင်း စသည်တို့ပဲဖြစ်ပါတယ်။

သွေးဆုံးရှုံးမှုကြောင့်ဖြစ်ရတဲ့ ရောဂါကတော့ နာတာရှည် (သို့) ပြင်းထန်နိုင်ပါတယ်။ နာတာရှည်သွေးဆုံးရှုံးမှုဖြစ်စေနိုင်တဲ့အခြေအနေတွေမှာဆိုရင် အစာအိမ်အနာနှင့် အချို့သောကင်ဆာများပါ၀င်ပါတယ်။ ဒဏ်ရာ (သို့) ခွဲစိတ်ကုသခြင်းတွေကနေပြီးတော့ ပြင်းထန်တဲ့သွေးဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။

သွေးနီဆဲလ်တွေဟာ များသောအားဖြင့် သက်တမ်းလေးလအထိရှိပေမယ့်လည်း အချို့အခြေအနေတွေက အဲ့ဒီ့အသက်အရွယ်မရောက်ခင်မှာပဲ ဖျက်ဆီးပစ်ခံရနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က သွေးဆဲလ်အနည်းငယ် (သို့) ပုံမှန်မဟုတ်တဲ့ သွေးဆဲလ်တွေကိုထုတ်လွှတ်စေတဲ့ရောဂါတွေလည်း ဖြစ်ပါတယ်။ စွမ်းအင်ချို့တဲ့ခြင်းကဲ့သို့ အချို့ရောဂါတွေက ရောဂါအမျိုးမျိုးဖြစ်ပေါ်စေပါတယ်။ အခြားသွေးအားနည်းရောဂါလက္ခဏာတွေကို အချို့အခြေအနေတွေမှာသာ တွေ့မြင်နိုင်ပါတယ်။ ဒီနေရာမှာ ရောဂါလက္ခဏာတွေကို ဖော်ပြပေးထားပါတယ်။

၁။ စွမ်းအင်ကင်းမဲ့ခြင်း

ပင်ပန်းနွမ်းနယ်ခြင်း (သို့) စွမ်းအင်မရှိခြင်းက သွေးအားနည်းရောဂါလက္ခဏာတွေဖြစ်ပြီးအမျိုးအစားတိုင်းမှာ တွေ့ရနိုင်ပါတယ်။ သွေးနီဆဲလ်တွေက ခန္ဓာကိုယ်တစ်လျှောက်မှာရှိတဲ့ အောက်စီဂျင်တွေကိုသယ်ဆောင်ဖို့ အလုပ်လုပ်ရပါတယ်။ တကယ်လို့သွေးနီဥတွေမလုံလောက်ဘူးဆိုရင် လူနာရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အောက်စီဂျင်နည်းပါးမှုက ၎င်းကိုအမြဲတမ်းပင်ပန်းနွမ်းနယ်မှုတွေခံစားရစေပါတယ်။ နာတာရှည်ပင်ပန်းနွမ်းနယ်မှုက စိတ်ဖိစီးမှု၊ အိပ်မရခြင်း (သို့) အခြားရောဂါတွေများစွာဖြစ်စေနိုင်ပါတယ်တဲ့။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို သင်္ကာမကင်းဖြစ်လာပြီဆိုရင် ဆရာ၀န်နဲ့တိုင်ပင်ပါ။

၂။ အသက်ရှူကြပ်ခြင်း

အသက်ရှူကြပ်တာဟာ သွေးအားနည်းရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ သွေးအားနည်းရောဂါရှိတဲ့လူနာတစ်ဦးဟာ လှေကားပေါ်တက်တာလောက်ကအစ အသေးအဖွဲကိစ္စလေးတွေအဆုံးအထိ အားစိုက်ထုတ်ရပြီးတော့ စိတ်ရှုပ်ထွေးမှုတွေခံစားရလေ့ရှိပါတယ်။ နာတာရှည်ပင်ပန်းနွမ်းနယ်မှုလိုပါပဲ လူနာဟာ သူတို့ရဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့အောက်ဆီဂျင်ကို သယ်ဆောင်ဖို့ကျန်းမာတဲ့သွေးနီဥအလုံအလောက်မရှိတာကြောင့်ဖြစ်ပါတယ်။ တစ်ခါတလေမှာ မူး၀ေခြင်းက လူနာရဲ့အသက်ရှူခက်ခဲမှုတွေနဲ့အတူ လိုက်ပါလာပါလိမ့်မယ်။

၃။ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း

ပုံမှန်မဟုတ်တဲ့ဖြူရော်ရော်အရေပြားက စောင့်ကြည့်ရမယ့်သွေးအားနည်းရောဂါလက္ခဏာတွေထဲက တစ်ခုပါပဲ။ သွေးဆဲလ်တွေမရှိခြင်းနှင့် လည်ပတ်မှုလျော့ကျလာခြင်းတို့က သွားဖုံးနဲ့ လျှာကို ပုံမှန်ထက် ဖြူရော်ရော်ဖြစ်စေပါတယ်။ မျက်ခွံသွေးကြောတွေပါ mucous membranesတွေရှိနေပါလိမ့်မယ်။ ဒါဟာ သွေးအားနည်းခြင်းလက္ခဏာတွေပါပဲ။

၄။ ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ ဒါ့ကြောင့် ပြဿနာတစ်ခုအနေနဲ့ သွေးအားနည်းရောဂါအဖြစ်တော့ တိတိကျကျညွှန်ပြနိုင်ခြင်းမရှိသေးပါဘူး။ တကယ်လို့ လူနာမှာ အခြားသွေးအားနည်းရောဂါလက္ခဏာတွေရှိနေပြီးတော့ ခေါင်းကိုက်နေမယ်ဆိုရင် ၎င်းတို့ရဲ့ ဆရာ၀န်နှင့် ပြသဖို့လိုအပ်ပါတယ်။ တကယ်လို့မူး၀ေခြင်း၊ စိတ်မောခြင်းတွေ တွဲပါလာမယ်ဆိုရင်တော့ အထူးမှန်ကန်နေပါပြီ။ မကြာခဏခေါင်းကိုက်ခြင်းက သွေးအားနည်းရောဂါလက္ခဏာတွေဖြစ်တဲ့သံဓာတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။

၅။ ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်းက သံဓာတ်ချို့တဲ့သည့် သွေးအားနည်းရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ သွေးနီဥတွေရဲ့ ဟီမိုဂလိုဗင်က ဆံပင်တွေကို ဖွံ့ဖြိုးစေပြီးတော့ ဟီမိုဂလိုဗင်မရှိခြင်းက ဆံပင်ကို ကျွတ်စေနိုင်ပါတယ်။ ၎င်းကကျွန်ရှိနေတဲ့ ဆံပင်တွေကို ပါးလွှားစေပြီးအားနည်းစေနိုင်ပါတယ်။

၆။ အမြဲလှုပ်ရှားနေတဲ့ ခြေထောက်ရောဂါ(RLS)

ဒီလက္ခဏာဟာဆိုရင် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါလက္ခဏာဖြစ်ပါတယ်။ ဒီအခြေအနေက ခြေထောက်ယားခြင်း (သို့) တုန်ခါခြင်းတို့ကဲ့သို့ မနှစ်မြို့ဖွယ်ခံစားမှုတွေကြောင့် ၎င်းလှုပ်ရှားမှုက မဖြစ်မနေပါ၀င်နေတာဖြစ်ပါတယ်။ လူနာတွေက ပုံမှန်အားဖြင့် ညအချိန်မှာ ခံစားမှုတွေနှင့် တက်ခြင်းကို ခံစားကြရနိုင်ပါတယ်။ ရောဂါလက္ခဏာရဲ့ ပြင်းထန်မှုကတော့ လူနာရဲ့သွေးအားနည်းရောဂါအပေါ်မှာ မူတည်ပါတယ်။ သိပ္ပံပညာရှင်တွေက RLSက သံဓာတ်ချို့တဲ့အားနည်းသူတွေမှာ ၂၅မှ၃၅ရာခိုင်နှုန်းအထိ တွေ့ရတယ်လို့ ဆိုပါတယ်။

၇။ ရင်ဘတ်နာခြင်း

ရင်ဘတ်နာတာကလည်း သွေအားနည်းရောဂါလက္ခဏာတစ်မျိးပါပဲ။ ကျန်းမာတဲ့သွေးနီဥတွေ မရှိခြင်းက နှလုံးကခန္ဓာကိုယ်တစ်ခုလုံးကို အာဟာရပေးပို့ဖို့အတွက်ပိုခက်ခဲစွာ အလုပ်လုပ်ရတယ်လို့ ဆိုလိုပါတယ်။ ၎င်းက အလုပ်လုပ်ဖို့လိုအပ်တဲ့ အောက်ဆီဂျင်တွေကိုလည်း မရပါဘူး။ အကျိုးဆက်အနေနဲ့ သွေးအားနည်းရောဂါရှိတဲ့လူနာတစ်ဦးက သူတို့ရဲ့ ရင်ဘတ်မှာ နာကျင်မှုနှင့် တင်းကျပ်မှုကို ခံစားရပါလိမ့်မယ်။

၈။ စိတ်ရှုတ်ထွေးခြင်း

စိတ်ရှုပ်ထွေးမှုတွေက ဗီတာမင်ချို့တဲ့သော သွေးအားနည်းရောဂါလက္ခဏာတွေထဲက တစ်ခုပါပဲ။ ၎င်းက ဗီတာမင်B9(ဖောလိတ်)၊ ဗီတာမင်စီ (သို့) ဗီတာမင် B12မရှိတာကြောင့်ဖြစ်ပါတယ်။ ဒါက ချို့တဲ့မှု၊ ညံ့ဖျင်းတဲ့အစားအစာများ (သို့) အာဟာရကို စုပ်ယူဖို့ခန္ဓာကိုယ်ရဲ့ ခံနိုင်စွမ်းအားမရှိတာကြောင့်ဖြစ်ပါတယ်။ အများအားဖြင့် အသက်၆၀ကျော်လူတွေမှာ တွေ့ရလေ့ရှိတဲ့ သွေးအားနည်းရောဂါက နောက်ပြဿနာတစ်ခုဖြစ်ပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်က သွေးနီဥတွေထုတ်လုပ်ဖို့ လိုအပ်တဲ့ဗီတာမင် B12ကို စုပ်ယူနိုင်ခြင်းမရှိပါဘူး။ ကျန်းမာတဲ့အာရုံကြောစနစ်အတွက် ဗီတာမင်B12ဟာ လိုအပ်တာကြောင့် သွေးအားနည်းရောဂါက အာရုံစူးစိုက်မှု (သို့) မှတ်မိနိုင်စွမ်းအားချို့တဲ့ခြင်းစတဲ့လက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-powerofpositivity

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here