ဘယ်ခန္ဓာကိုယ်အနေအထားနဲ့ အိပ်တာက နောက်ကျောနာတာကို သက်သာစေသလဲ?

0
62

လူဦးရေ ၈၀ရာခိုင်နှုန်းခန့်က သူတို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ကျောနာတာကို ခံစားဖူးပါလိမ့်မယ်။ ကျောနာ၊ခါးနာတာက အလေးအပင် မမိလို့ ဖြစ်ပေါ်လာနိုင်သလို အနေအထိုင်ပုံစံ၊ အိပ်စက်မှုပုံစံ မှားယွင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုခါးနာ၊ ကျောနာတာမဖြစ်အောင် အိပ်တဲ့အခါ နောက်ကျောကို ဖိအားအလွန်အကျွံသက်ရောက်စေတဲ့ ကိုယ်နေဟန်ထားပုံစံကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

-Advertisement-

၁။ လည်ပင်းနှင့် ကျောအထက်ပိုင်း နာကျင်လျှင်

ပက်လက်အိပ်တဲ့အခါ သင့်ခန္ဓာကိုယ်အလေးချိန်က ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီပေါ်မှာ အညီအမျှဖြစ်သွားတာကြောင့် လည်ပင်းနဲ့ နောက်ကျောအထက်ပိုင်းကို ဖိအားသက်ရာက်မှုနည်းသွားစေပါတယ်။ ဒါက အတွင်းပိုင်း ကိုယ်တွင်းအင်္ဂါနဲ့ ကျောရိုးကိုလည်း ညီညာစေပါတယ်။ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ လည်ပင်းနှင့် ဒူးအောက်မှာ ခေါင်းအုံးပါးပါးလေးတွေ ခုပြီးအိပ်ပေးပါ။ သင့်ကျောရိုးရဲ့ သဘာဝအကွေးကို ပုံမပျက်စေအောင် ထိန်းသိမ်းပေးပါလိမ့်မယ်။

၂။ ကျောရိုးတစ်လျှောက် နာကျင်လျှင်

ဒါက များသောအားဖြင့် မှောက်ခုံအိပ်တတ်သူတွေအတွက် အိပ်စက်ပုံအနေအထားကောင်းတစ်ခုဖြစ်ပါတယ်။ သူတို့အတွက် တခြားအနေအထားနဲ့ အိပ်ပျော်ဖို့ ခက်ခဲပါတယ်။ သင်က မှောက်ခုံအိပ်တတ်သူဖြစ်ရင် သင့်တင်ပါးဆုံရဲ့ အပေါ်ပိုင်းနဲ့ ဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံးခုအိပ်ပါ။ ခေါင်းအုံးက ခပ်ပါးပါးဖြစ်ပြီး ၃လက်မထက် မထူရပါဘူး။ ဗိုက်အောက်မှာ ခေါင်းအုံးခံပြီးအိပ်တာက သင့်ကျောပေါ်ကို ဖိအားလျော့ကျစေပါတယ်။ နောက်တနည်းက သင့်ခေါင်းအောက်က ခေါင်းအုံးကိုဖယ်ပြီး အိပ်ကြည့်ပါ။

၃။ ကျောအောက်ပိုင်း နာကျင်လျှင်

ဘေးစောင်းအိပ်တဲ့အခါ သဘာဝမကျတဲ့ အနေအထားတစ်ခုနဲ့ သင့်ကျောရိုးအကွေးကို ဖိအားသက်ရောက်စေပါတယ်။ ဒါ့ကြောင့် သင့်ဒူးတွေကို အနည်းငယ် ကွေးပြီး ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးတစ်လုံးထားပြီး အိပ်ကြည့်ပါ။ ဒီနည်းလမ်းက ကျောအောက်ပိုင်း နာတာတွေ မဖြစ်စေပါဘူး။

၄။ ခါးနာနေလျှင်

ခါးနာနေလျှင် ကျောတစ်ဝက်မှီနေတဲ့ အနေအထားနှင့် အိပ်တာက သင့်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။ ဒါ့ကြောင့် သင့်လည်ပင်းနဲ့ ကျောနောက်မှာ ခေါင်းအုံးသို့ ကူရှင် နှစ်လုံးဆင့်ပြီးအိပ်တာ သင့်ကျောရိုးကို ထိန်းညှိပေးပါတယ်။ ပိုပြီး သက်တောင့်သက်သာဖြစ်အောင် ဒူးအောက်နှင့် ခြေထောက်အောက်မှာ ခေါင်းအုံးအသေးတွေ ခံပေးထားပါ။

၅။ အကြောတွေ တောင့်တင်းနေလျှင်

အိပ်ရာကနိုးတာနဲ့ အကြောတွေတောင့်တင်းတာကို ခံစားဖူးကြမှာပါ။ ဒီလိုမခံစားရအောင် ဒူးနှစ်ဖက်ကို ရင်ဘတ်နားထိ ကွေးပြီး ဘေးစောင်းအိပ်ကြည့်ပါ။ ဒီအနေအထားက သင့်အာရုံကြောများနှင့် vertebrae ပေါ်မှာ ဖိအားလျှော့သွားစေပြီး ကျောနာတာကို သက်သာစေပါတယ်။

သင့်အိပ်စက်မှုပုံစံကို ပြောင်းလဲခြင်း

သင်အိပ်နေကျ အိပ်စက်မှုပုံစံကို ပြောင်းလဲဖို့က အရမ်းခက်ခဲတယ်လို့ ထင်ပါလိမ့်မယ်၊ ဒါပေမယ့် ရက်အနည်းငယ်ပါပဲ။ နောက်ပိုင်း သင့်ကိုနာကျင်မှုကင်းပြီး သက်တောင့်သက်သာနိုးစေမှာပါ။

Lifestyle_Myanmar

LM_Nandar

Source.brightside

ZawGyi

ဘယ္ခႏၶာကိုယ္အေနအထားနဲ႔ အိပ္တာက ေနာက္ေက်ာနာတာကို သက္သာေစသလဲ?
လူဦးေရ ၈၀ရာခိုင္ႏႈန္းခန္႔က သူတို႔ဘဝမွာ အနည္းဆုံးတစ္ႀကိမ္ေတာ့ ေက်ာနာတာကို ခံစားဖူးပါလိမ့္မယ္။ ေက်ာနာ၊ခါးနာတာက အေလးအပင္ မမိလို႔ ျဖစ္ေပၚလာႏိုင္သလို အေနအထိုင္ပုံစံ၊ အိပ္စက္မႈပုံစံ မွားယြင္းေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုခါးနာ၊ ေက်ာနာတာမျဖစ္ေအာင္ အိပ္တဲ့အခါ ေနာက္ေက်ာကို ဖိအားအလြန္အကြၽံသက္ေရာက္ေစတဲ့ ကိုယ္ေနဟန္ထားပုံစံကို ေရွာင္ၾကဥ္ျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။

၁။ လည္ပင္းႏွင့္ ေက်ာအထက္ပိုင္း နာက်င္လွ်င္

ပက္လက္အိပ္တဲ့အခါ သင့္ခႏၶာကိုယ္အေလးခ်ိန္က ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုစီေပၚမွာ အညီအမွ်ျဖစ္သြားတာေၾကာင့္ လည္ပင္းနဲ႔ ေနာက္ေက်ာအထက္ပိုင္းကို ဖိအားသက္ရာက္မႈနည္းသြားေစပါတယ္။ ဒါက အတြင္းပိုင္း ကိုယ္တြင္းအဂၤါနဲ႔ ေက်ာ႐ိုးကိုလည္း ညီညာေစပါတယ္။ ပိုၿပီး သက္ေတာင့္သက္သာ ျဖစ္ေစဖို႔ လည္ပင္းႏွင့္ ဒူးေအာက္မွာ ေခါင္းအုံးပါးပါးေလးေတြ ခုၿပီးအိပ္ေပးပါ။ သင့္ေက်ာ႐ိုးရဲ႕ သဘာဝအေကြးကို ပုံမပ်က္ေစေအာင္ ထိန္းသိမ္းေပးပါလိမ့္မယ္။

၂။ ေက်ာ႐ိုးတစ္ေလွ်ာက္ နာက်င္လွ်င္

ဒါက မ်ားေသာအားျဖင့္ ေမွာက္ခုံအိပ္တတ္သူေတြအတြက္ အိပ္စက္ပုံအေနအထားေကာင္းတစ္ခုျဖစ္ပါတယ္။ သူတို႔အတြက္ တျခားအေနအထားနဲ႔ အိပ္ေပ်ာ္ဖို႔ ခက္ခဲပါတယ္။ သင္က ေမွာက္ခုံအိပ္တတ္သူျဖစ္ရင္ သင့္တင္ပါးဆုံရဲ႕ အေပၚပိုင္းနဲ႔ ဗိုက္ေအာက္မွာ ေခါင္းအုံးတစ္လုံးခုအိပ္ပါ။ ေခါင္းအုံးက ခပ္ပါးပါးျဖစ္ၿပီး ၃လက္မထက္ မထူရပါဘူး။ ဗိုက္ေအာက္မွာ ေခါင္းအုံးခံၿပီးအိပ္တာက သင့္ေက်ာေပၚကို ဖိအားေလ်ာ့က်ေစပါတယ္။ ေနာက္တနည္းက သင့္ေခါင္းေအာက္က ေခါင္းအုံးကိုဖယ္ၿပီး အိပ္ၾကည့္ပါ။

၃။ ေက်ာေအာက္ပိုင္း နာက်င္လွ်င္

ေဘးေစာင္းအိပ္တဲ့အခါ သဘာဝမက်တဲ့ အေနအထားတစ္ခုနဲ႔ သင့္ေက်ာ႐ိုးအေကြးကို ဖိအားသက္ေရာက္ေစပါတယ္။ ဒါ့ေၾကာင့္ သင့္ဒူးေတြကို အနည္းငယ္ ေကြးၿပီး ဒူးႏွစ္လုံးၾကားမွာ ေခါင္းအုံးတစ္လုံးထားၿပီး အိပ္ၾကည့္ပါ။ ဒီနည္းလမ္းက ေက်ာေအာက္ပိုင္း နာတာေတြ မျဖစ္ေစပါဘူး။

၄။ ခါးနာေနလွ်င္

ခါးနာေနလွ်င္ ေက်ာတစ္ဝက္မွီေနတဲ့ အေနအထားႏွင့္ အိပ္တာက သင့္ကို သက္ေတာင့္သက္သာျဖစ္ေစမွာပါ။ ဒါ့ေၾကာင့္ သင့္လည္ပင္းနဲ႔ ေက်ာေနာက္မွာ ေခါင္းအုံးသို႔ ကူရွင္ ႏွစ္လုံးဆင့္ၿပီးအိပ္တာ သင့္ေက်ာ႐ိုးကို ထိန္းညႇိေပးပါတယ္။ ပိုၿပီး သက္ေတာင့္သက္သာျဖစ္ေအာင္ ဒူးေအာက္ႏွင့္ ေျခေထာက္ေအာက္မွာ ေခါင္းအုံးအေသးေတြ ခံေပးထားပါ။

၅။ အေၾကာေတြ ေတာင့္တင္းေနလွ်င္

အိပ္ရာကႏိုးတာနဲ႔ အေၾကာေတြေတာင့္တင္းတာကို ခံစားဖူးၾကမွာပါ။ ဒီလိုမခံစားရေအာင္ ဒူးႏွစ္ဖက္ကို ရင္ဘတ္နားထိ ေကြးၿပီး ေဘးေစာင္းအိပ္ၾကည့္ပါ။ ဒီအေနအထားက သင့္အာ႐ုံေၾကာမ်ားႏွင့္ vertebrae ေပၚမွာ ဖိအားေလွ်ာ့သြားေစၿပီး ေက်ာနာတာကို သက္သာေစပါတယ္။

သင့္အိပ္စက္မႈပုံစံကို ေျပာင္းလဲျခင္း
သင္အိပ္ေနက် အိပ္စက္မႈပုံစံကို ေျပာင္းလဲဖို႔က အရမ္းခက္ခဲတယ္လို႔ ထင္ပါလိမ့္မယ္၊ ဒါေပမယ့္ ရက္အနည္းငယ္ပါပဲ။ ေနာက္ပိုင္း သင့္ကိုနာက်င္မႈကင္းၿပီး သက္ေတာင့္သက္သာႏိုးေစမွာပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here