မိန်းကလေးတစ်ယောက်ရဲ့အလှတရားကို ပိုပြီး ပြီးပြည့်စုံစေတာကတော့ မျက်နှာပုံသဏ္ဍာန်နဲ့ လိုက်ဖက်မှုရှိတဲ့ မျက်ခုံးတစ်စုံပဲဖြစ်ပါတယ်။ လှပသေသပ်တဲ့ မျက်ခုံးတစ်စုံရှိရင် မျက်နှာမှာ မိတ်ကပ်တွေ ဘာတွေ ပြင်မထားရင်တောင် ကြည့်ကောင်းစေပါတယ်။ လှပသေသပ်တဲ့ မျက်ခုံးတစ်စုံရရှိဖို့ဆိုရင် ပျိုမေတို့အရင်ဆုံးစဉ်းစားရမှာက ကိုယ်ရဲ့မျက်နှာကျက ဘယ်လိုပုံစံမျိုးလဲဆိုတာပါပဲ။ ကိုယ့်ရဲ့မျက်နှာကျက ဘယ်လိုပုံစံမျိုးလဲဆိုတာသိမှ ကိုယ်နဲ့လိုက်ဖက်မယ့် မျက်ခုံးပုံစံကို ရွေးချယ်ရမှာပါ။ ဒါ့ကြောင့် Cele တွေရဲ့ မျက်နှာပုံသဏ္ဍာန်နှင့်အတူ လိုက်ဖက်တဲ့ မျက်ခုံးပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ဘဲဥပုံမျက်နှာ
သင့်မျက်နှာဆိုတာ မျက်နှာက အောက်ဘက်ကိုရှည်သွားတဲ့ပုံစံပါ။ မျက်နှာကျက နည်းနည်း ဝိုင်းတဲ့ပုံစံဖြစ်တာကြောင့် အလျားလိုက်စတိုင်ကို ရွေးချယ်ပါ။ သတိထားရမှာက မျက်နှာက ဘဲဥပုံဖြစ်တာကြောင့် အရမ်းချွန်ပြီး ကွေးစရာမလိုပါဘူး။ နည်းနည်းမြင့်ပြီး ကွေးနေရင်ရပါပြီ။ အကွေးကို အရမ်းချွန်လိုက်တဲ့အခါ အမြင်မှာ ဦးခေါင်းကို ပိုကြီးသလို ဖြစ်စေပါလိမ့်မယ်။ မျက်ခုံးတအားထူထူကြီးတွေ၊ လိုတာထက်ပိုမြင့်တဲ့ မျက်ခုံးပုံစံတွေကို ရှောင်ပါ။
၂။ မျက်နှာကျရှည်တဲ့သူ
အကျယ်ထက် ပိုရှည်တဲ့ ဒီမျက်နှာကျအမျိုးအစားကို အမြင်မှာပိုပြီးကျယ်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အလျားလိုက်လိုင်းတွေက မျက်နှာကိုပိုပြီးဝိုင်းသွားအောင် ပြုလုပ်ပါလိမ့်မယ်။ ဒါ့ကြောင့် အမြီးရှည်ရှည်နဲ့ မျက်ခုံးတန်းတန်းလေး ဆွဲပေးရပါမယ်။
၃။ မျက်နှာဝိုင်းဝိုင်း
မျက်နှာဝိုင်းတဲ့သူဆိုရင် ခပ်ချွန်ချွန် ခပ်မြင့်မြင့် မျက်ခုံးပုံစံလေးတွေက အလိုက်ဖက်ဆုံးပါ။ အရင်းပိုင်းမှာ ကျယ်ပြီး အဖျားပိုင်းမှာပါးသွားတဲ့ ခပ်မြင့်မြင့်မျက်ခုံးတွေက သင့်ပုံရိပ်ကို တိုးမြင့်စေပါလိမ့်မယ်။ မျက်ခုံးထူထူလေးတွေက ဒီမျက်နှာပုံသဏ္ဍာန်နဲ့ အလိုက်ဖက်ဆုံးပါ။
၎။ မျက်နှာကျလေးထောင့်
ဒီမျက်နှာကျအမျိုးအစားက လေးထောင့်ဆန်ဆန်ဖြစ်တာကြောင့် မျက်ခုံးပုံစံရဲ့အကူအညီနှင့် မျက်နှာကို သွယ်လျအောင် ပြုလုပ်ရပါမယ်။ ဒါ့ကြောင့် ခပ်ထူထူနဲ့ လေးကိုင်းပုံစံလေးဆွဲပေးပါ။ အနားကွေးထားတဲ့ မျက်ခုံးပုံစံက မျက်နှာကိုပိုပြီး ဝိုင်းသွားသယောင် ထင်ရစေပါတယ်။ အကွေးက အရမ်းမချွန်လွန်းပဲ ပြေပြေလေးဖြစ်သင့်ပါတယ်။ ဒါမှသာ သဘာဝကျပြီး ဆွဲဆောင်မှု ရှိစေမှာပါ။
၅။ အသည်းပုံမျက်နှာ
မျက်ခုံးတွေအတွက် မှန်ကန်တဲ့ ပုံသဏ္ဍာန်က ပါးရိုးတဝိုက် ချွန်လွန်းတဲ့ပုံပေါ်တာကြောင့် မျက်နှာပုံသဏ္ဍာန်ကို ပျော့ပြောင်းစေဖို့ ပြုလုပ်ပေးရပါမယ်။ ခပ်ကွေးကွေးမျက်ခုံးပုံစံ သို့ မသိမသာကိုင်းနေတဲ့ မျက်ခုံးတွေက အလိုက်ဖက်ဆုံးပါ။ မျက်ခုံးကို အရမ်းထူပြီး စက်ဝိုင်းခြမ်းလို ကွေးမသွားအောင်တေ့ သတိပြုပါ။
၆။ စိန်ပုံသဏ္ဍာန်မျက်နှာ
စိန်ပုံသဏ္ဍာန်မျက်နှာပိုင်ရှင်တွေက ပါးရိုးထက် နဖူးပိုကျဉ်းတဲ့သူတွေ ဖြစ်ပြီး မေးစေ့က မသိမသာလေး ချွန်နေတဲ့ ပုံစံမျိုးပါ။ ဒီအင်္ဂါရပ်တွေကို ပျော့ပျောင်းသွားအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။ အကွေးကို ပြေပြေလေး ပြုလုပ်ပေးရပါမယ်။ မျက်ခုံးတွေကို အရမ်းပါးလွန်း/ထူလွန်းအောင် မပြုလုပ်ဘဲ သဘာဝကျကျလေးဆွဲပေးရပါမယ်။
#Lifestyle_Myanmar
#LM_Nandar