ဗြိတိန် ငါးမျှားသမား ထိုင်းနိုင်ငံမှာဖမ်းမိတဲ့ ပေါင် ၂၃၂ ရှိ ကမ္ဘာ့အကြီးဆုံးငါးကြင်းကြီး

0
105
ဗြိတိန်ငါးမျှားသမား

ဗြိတိန်ငါးမျှားသမား John Harvey ရဲ့ မှတ်တမ်းအရ ထိုင်းနိုင်ငံရဲ့ အကြီးမှာဆုံး ငါးကြင်းကြီးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းမိခဲ့ပြီး ကမ္ဘာအကြီးဆုံး ငါးကြင်းအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ အဆိုပါ ငါးကြင်းဟာ ပေါင်အားဖြင့် ၂၃၂ပေါင် အလေးချိန်ရှိပြီး ထိုင်းနိုင်ငံတောင်ပိုင်းChedi Hak ဆိုတဲ့ ရွာလေးမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

-Advertisement-

ယခင်က ကမ္ဘာ့အကြီးဆုံး ငါးကြင်းဖြစ် စံချိန်အတင်ခံရတဲ့ ငါးထက် ယူခုမိတဲ့ ငါးကြင်းက အလေးချိန် ပေါင် ၁၀ ထိ ပိုပါတယ်။ အသက် ၄၂နှစ်အရွယ် Harvery ရဲ့ အဆိုအရ အဆိုပါ ငါးကြင်းဟာ အလေးချိန်အားဖြင့်သာ ကြီးမားပေမဲ့ ဖမ်းတဲ့နေရာမှာတော့ လူကို အန္တရာယ်ပေးတာမျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ ငါးမျှားချိတ်နဲ့ ဖမ်းယူရတဲ့အတွက် ငါးအရွယ်အစားက ကြီးမားတာကြောင့် အတော်လေးတော့ အခက်အခဲရှိခဲ့ပါတယ်လို့ သိရပါတယ်။

အဆိုပါ ငါးကြင်းကို ဖမ်းဖို့အတွက် အချိန် ၁နာရီနဲ့ မိနစ် ၂၀လောက် ယူခဲ့ရပါတယ်။ John Harvey က သူငါးမျှားလာတဲ့ သက်တမ်းတစ်လျှောက် ပေါင် ၁၀၀အလေးချိန်ရှိတဲ့ ငါးကိုတောင် တစ်ခါမှ မမိဘူးပါဘူး။ ဒါငါးမိတာ သူ့အတွက် ပထမဦးဆုံးမိတာလို့ ဆိုပါတယ်။ သူ့ကိုယ်သူအရမ်းလဲ အံ့သြမိသလို ကမ္ဘာစံချိန်ဝင်ငါးကြီးကို ဖမ်းမိလိုက်နိုင်တဲ့အတွက် ဂုဏ်လည်းယူတယ်လို့ ဆိုပါတယ်။

ထိုဒေသမှာနေထိုင်သူ ဒေသခံတစ်ဦးကလည်း ကျွန်မ ဒီမှာနေထိုင်တာကြာပြီး အခုလိုငါးအကြီးကြီး ရှိလိမ့်မယ်လို့ လုံးဝ မသိခဲ့ဘူးလို့ဆိုပါတယ်။ အဆိုပါ ငါးကြင်းမျိုးစိတ်ဟာ ကမ္ဘာ့အကြီးဆုံး ငါးကြင်းမျိုးစိတ်တစ်ခုဖြစ်သလို ပုံမှန်အားဖြင့် အာရှတလွှားရှိ မြစ်ဝှမ်းတွေမှာ သဘာဝကျကျတွေမြင်ရတတ်ပါတယ်။

အဆိုပါ အမျိုးသမီး ၃ယောက်တည်းကမှ ကလေးအမေမဟုတ်သူက ဘယ်သူလဲ။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

ၿဗိတိန္ ငါးမၽွားသမား ထိုင္းနိုင္ငံမွာဖမ္းမိတဲ့ ေပါင္ ၂၃၂ ရွိ ကမၻာ့အႀကီးဆုံးငါးၾကင္းႀကီး
ၿဗိတိန္ငါးမၽွားသမား John Harvey ရဲ့ မွတ္တမ္းအရ ထိုင္းနိုင္ငံရဲ့ အႀကီးမွာဆုံး ငါးၾကင္းႀကီးကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖမ္းမိခဲ့ၿပီး ကမၻာအႀကီးဆုံး ငါးၾကင္းအျဖစ္ စံခ်ိန္တင္ထားနိုင္ခဲ့ပါတယ္။ အဆိုပါ ငါးၾကင္းဟာ ေပါင္အားျဖင့္ ၂၃၂ေပါင္ အေလးခ်ိန္ရွိၿပီး ထိုင္းနိုင္ငံေတာင္ပိုင္းChedi Hak ဆိုတဲ့ ရြာေလးမွာ ဖမ္းမိခဲ့တာျဖစ္ပါတယ္။

ယခင္က ကမၻာ့အႀကီးဆုံး ငါးၾကင္းျဖစ္ စံခ်ိန္အတင္ခံရတဲ့ ငါးထက္ ယူခုမိတဲ့ ငါးၾကင္းက အေလးခ်ိန္ ေပါင္ ၁၀ ထိ ပိုပါတယ္။ အသက္ ၄၂ႏွစ္အရြယ္ Harvery ရဲ့ အဆိုအရ အဆိုပါ ငါးၾကင္းဟာ အေလးခ်ိန္အားျဖင့္သာ ႀကီးမားေပမဲ့ ဖမ္းတဲ့ေနရာမွာေတာ့ လူကို အႏၲရာယ္ေပးတာမ်ိဳးမရွိခဲ့ဘူး။ ဒါေပမဲ့ ငါးမၽွားခ်ိတ္နဲ႔ ဖမ္းယူရတဲ့အတြက္ ငါးအရြယ္အစားက ႀကီးမားတာေၾကာင့္ အေတာ္ေလးေတာ့ အခက္အခဲရွိခဲ့ပါတယ္လို႔ သိရပါတယ္။

အဆိုပါ ငါးၾကင္းကို ဖမ္းဖို႔အတြက္ အခ်ိန္ ၁နာရီနဲ႔ မိနစ္ ၂၀ေလာက္ ယူခဲ့ရပါတယ္။ John Harvey က သူငါးမၽွားလာတဲ့ သက္တမ္းတစ္ေလၽွာက္ ေပါင္ ၁၀၀အေလးခ်ိန္ရွိတဲ့ ငါးကိုေတာင္ တစ္ခါမွ မမိဘူးပါဘူး။ ဒါငါးမိတာ သူ႔အတြက္ ပထမဦးဆုံးမိတာလို႔ ဆိုပါတယ္။ သူ႔ကိုယ္သူအရမ္းလဲ အံ့ၾသမိသလို ကမၻာစံခ်ိန္ဝင္ငါးႀကီးကို ဖမ္းမိလိုက္နိုင္တဲ့အတြက္ ဂုဏ္လည္းယူတယ္လို႔ ဆိုပါတယ္။

ထိုေဒသမွာေနထိုင္သူ ေဒသခံတစ္ဦးကလည္း ကၽြန္မ ဒီမွာေနထိုင္တာၾကာၿပီး အခုလိုငါးအႀကီးႀကီး ရွိလိမ့္မယ္လို႔ လုံးဝ မသိခဲ့ဘူးလို႔ဆိုပါတယ္။ အဆိုပါ ငါးၾကင္းမ်ိဳးစိတ္ဟာ ကမၻာ့အႀကီးဆုံး ငါးၾကင္းမ်ိဳးစိတ္တစ္ခုျဖစ္သလို ပုံမွန္အားျဖင့္ အာရွတလႊားရွိ ျမစ္ဝွမ္းေတြမွာ သဘာဝက်က်ေတြျမင္ရတတ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here