ဗီတာမင်ဖြည့်စွတ်ဆေးများဟာ တကယ်ဘဲ အကျိုးရှိပြီး ဘေးထွက်ဆိုးကျိုးကင်းတယ်ဆိုတာ သေချာရဲ့လား

0
61
- Advertisement -

ကျနော်တို့နေ့စဉ်စားသုံးနေတဲ့ အစာအဟာရတွေထဲမှာ ဗီတာမင်ဓါတ်တွေပါရှိပါတယ်။ ဒါပေမယ့် အချို့သောလူတွေက နေ့စဉ်စားသုံးနေတဲ့ အဟာရတွေထဲကရရှိတဲ့ ဗီတာမင်တွေဟာ သူတို့အတွက် လုံလောက်တယ်လို့ မခံစားရတဲ့အခါမှာတော့ ဗီတာမင်ဖြည့်စွတ်ဆေးများကို သုံးစွဲတတ်ကြပါတယ်။ အဲဒီလို ဗီတာမင်ဖြည့်စွတ်ဆေးတွေက ကျနော်တို့အတွက် အကျိုးရှိစေသလား၊ ဘေးကင်းလုံခြုံမှုရှိစေသလားဆိုတာ သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

ဗီတာမင်-စီ

လူအများစုက ဗီတာမင်-စီဖြည့်စွတ်ဆေးတွေဟာ အအေးမိတာကိုကုသရာမှာ ကောင်းမွန်တယ်လို့ယုံကြည်ကြပါတယ်။ ဒါပေမယ့် လေ့လာမှုများအရ အချို့သောလူများတွင်သာ အကျိုးသက်ရောက်မှုရှိပြီး အချို့သောသူများတွင် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိတာကိုတွေ့ရပါတယ်။ သူ့မှာ ဘေးထွက်ဆိုးကျိုးတွေမပါဝင်ပေမယ့် လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးပေးတာက ပိုပြီးအကျိုးရှိစေပါတယ်။ ဥပမာ- စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ပန်းမုန်လာစိမ်း …။

ဗီတာမင်-အေ

ဗီတာမင်-အေ ဟာကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် သင့်တင့်မျှတတဲ့ အစားအစာတွေကို စားသုံးနေတယ်ဆိုရင်တော့ ဖြည့်စွတ်စားသုံးပေးဖို့မလိုအပ်ပါဘူး။ ဗီတာမင်-အေ ဖြည့်စွတ်ဆေးဟာ ဆေးလိပ်သောက်တဲ့သူတွေကို အဆုတ်ကင်ဆာဖြစ်နိုင်ခြေတိုးစေပါတယ်။ ဗီတာမင်-အေ ဖြည့်စွတ်ဆေးအစား မုန်လာဥ နဲ့ ကန်စွန်းဥတို့ကို စားပေးလို့ရပါတယ်။

ဗီတာမင်-အီး

ဗီတာမင်-အီး ဖြည့်စွတ်ဆေးတွေဟာ ကင်ဆာရောဂါကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပေမယ့် တကယ်တမ်းတော့မဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆီးကျိတ်ကင်ဆာရောဂါဖြစ်နိုင်ခြေကိုတိုးစေပါတယ်။ ဒီဖြည့်စွတ်စာကို စားမယ့်အစား သူရဲ့သဘာဝအရင်းအမြစ်ဖြစ်တဲ့ ဟင်းနုနွယ်၊ ထောပတ်သီး၊ အခွံမာသီးတွေကို စားသုံးပေးတာက ပိုပြီးအကျိုးရှိစေပါတယ်။

ခန္ဓာကိုယ်ကြီးထွားဆေးများ ( Mass gainers )

ကျန်းမာရေးနဲ့မျှတနေတဲ့အစားအစာတွေကိုစားပေးနေတယ်ဆိုရင် ဒီဆေးတွေက တကယ်မလိုအပ်ပါဘူး။ ဒါ့အပြင် အဲ့ဒီလိုဖြည့်စွတ်ဆေးတွေမှာ သကြားဓါတ်တွေလည်း အများအပြားပါဝင်တာကြောင့် ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။

အဆီကျဆေးများ

အဆီကျဆေးတွေက အဆီတွေကို လောက်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါပေမယ့် အဆီတွေကို လောင်ကျွမ်းပစ်လိုက်တာကြောင့် အသည်းနဲ့ပတ်သတ်သောရောဂါများ၊ နှလုံးရောဂါနဲ့ အခြားကျန်းမာရေးအခြေအနေတွေကို ဆိုးဝါးစေတဲ့အတွက် သဘာဝအတိုင်း လေ့ကျင့်ခန်းလုပ်ခြင်း၊ အဆီအစိမ့်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ခြင်းစတာတွေက ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်လို့ အကြံပေးလိုက်ပါတယ်။

#Lifestye_myanmar

#Dmo_aung

#Ref- Brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here