ဗိုက်ကြီးဖောင်းနေလို့ ခွဲစိပ်ကြည့်တဲ့အခါမှ သန်ကောင်အမြောက်အများထွက်လာတဲ့ ၄နှစ်အရွယ်ကလေး

0
1158
သန်ကောင်

ဒီအဖြစ်အပျက်ဟာ အနောက်အာဖရိကရှိ ဆင်းရဲနွမ်းပါးတဲ့ ကျေးလတ်လေးဒေသလေးတစ်ခုမှာဖြစ်သွားခဲ့တဲ့အဖြစ်ပျက်လေး တစ်ခုပါ။ အဲ့ဒီမှာ အသက် ၄နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးဟာ ဝမ်းချုပ်တဲ့ ဝေဒနာကို ၆လလောက်ခံစားခဲ့ရပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဝမ်းဗိုက်ဟာ တစ်နေ့တစ်ခြား ပိုပူပြီး ဖောင်းလာခဲ့ပါတယ်။ အစာအိမ်နာကျင်တဲ့ဒဏ်ကို မခံနိုင်တဲ့နောက်ဆုံး ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့တာပါ။

-Advertisement-

ထိုကျေးလတ်မှာနေထိုင်တဲ့သူတွေဟာ သွားရေးလာရေး ခက်ခဲတဲ့အပြင် ရွာနဲ့ ဆေးရုံကလည်းဝေးတာကြောင့် တော်ရုံတန်ရုံ ရောဂါဖြစ်ရင် ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုခံယူတာ မရှိသလောက်ပါပဲ။ အခုလည်း ဆေးရုံနဲ့ အိမ်ဟာ ၄၇မိုင်ဝေးကွာပါတယ်။ ဆေးရုံမှာ ၇နှစ်ရက်လောက် ဆေးကုသမှုခံယူခဲ့ရပြီး ဗိုက်ကို ခွဲစိပ်ကြည့်ရာမှာတော့ ဗိုက်ထဲကနေ သန်ကောင်တွေ အမြောက်အမြားထွက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဆရာဝန်တွေက တစ်မိသားစုလုံး ကူးစက်ရောဂါဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် တစ်အိမ်သာလုံးကို ကာကွယ်ဆေးပေးခဲ့ပါတယ်။ Ascariasis လို့ခေါ်တဲ့ ကပ်ပါးကောင် (သို့) သန်ကောင်တွေကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေ သန်းရှစ်ရာလောက်မှာ ကျန်းမာရေး အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပြီး အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

အထူးသဖြင့် ကျန်းမာရေး အသိပညာ မဖွံ့ဖြိုးတဲ့ ဆင်းရဲတဲ့ ကျေးလတ်လို ဒေသမျိုးတွေမှာ အဆိုပါ ရောဂါမျိုး အဖြစ်များတတ်ပါတယ်။ အဆိုပါ သန်ကောင်တွေဟာ စွန့်ထုတ်လိုက်တဲ့ မစင်ကနေတစ်ဆင့် အလွယ်တကူ ကူးစက်တတ်ပြီး လူတွေကို အန္တရာယ် အများဆုံးပေးတတ်ကြပါတယ်။ ယခုလည်း ဆရာဝန်ရဲ့ပြောဆိုပုံအရ သန့်ရှင်းမှုမရှိတဲ့ အစားအစာတွေ၊ ရေတွေ၊ အိမ်သာ မိလ္လာမြောင်းစနစ်တွေမကောင်းမွန်တာကြောင့် အဖြစ်များတယ်လို့ဆိုပါတယ်။

ထိုအသက် ၄နှစ်အရွယ် ကလေးကို ခွဲစိပ်တဲ့ အခါမှာလည်း အူထဲမှာ အဆိုပါ ကပ်ပါးကောင်/ သန်ကောင်တွေဟာ အစုလိုက် အပြုံလိုက် ပိတ်ဆို့နေတာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

၂နှစ်အရွယ်ကစပြီး ဖုန်းသုံးချင်းက နောက်အနှစ် ၂၀ကြာရင် မျက်စိပျက်စီးနိုင်ဟု WHO ထုတ်ပြန်

Zawgyi Fonts

ဗိုက္ႀကီးေဖာင္းေနလို႔ ခြဲစိပ္ၾကည့္တဲ့အခါမွ သန္ေကာင္အေျမာက္အမ်ားထြက္လာတဲ့ ၄ႏွစ္အရြယ္ကေလး
ဒီအျဖစ္အပ်က္ဟာ အေနာက္အာဖရိကရွိ ဆင္းရဲႏြမ္းပါးတဲ့ ေက်းလတ္ေလးေဒသေလးတစ္ခုမွာျဖစ္သြားခဲ့တဲ့အျဖစ္ပ်က္ေလး တစ္ခုပါ။ အဲ့ဒီမွာ အသက္ ၄ႏွစ္သာရွိေသးတဲ့ ကေလးငယ္တစ္ဦးဟာ ဝမ္းခ်ဳပ္တဲ့ ေဝဒနာကို ၆လေလာက္ခံစားခဲ့ရပါတယ္။ အဲ့ဒီေနာက္ သူ႔ရဲ့ ဝမ္းဗိုက္ဟာ တစ္ေန႔တစ္ျခား ပိုပူၿပီး ေဖာင္းလာခဲ့ပါတယ္။ အစာအိမ္နာက်င္တဲ့ဒဏ္ကို မခံနိုင္တဲ့ေနာက္ဆုံး ေဆး႐ုံတက္ၿပီး ေဆးကုသမွုခံယူခဲ့တာပါ။

ထိုေက်းလတ္မွာေနထိုင္တဲ့သူေတြဟာ သြားေရးလာေရး ခက္ခဲတဲ့အျပင္ ရြာနဲ႔ ေဆး႐ုံကလည္းေဝးတာေၾကာင့္ ေတာ္႐ုံတန္႐ုံ ေရာဂါျဖစ္ရင္ ေဆး႐ုံေဆးခန္းေတြမွာ ေဆးကုသမွုခံယူတာ မရွိသေလာက္ပါပဲ။ အခုလည္း ေဆး႐ုံနဲ႔ အိမ္ဟာ ၄၇မိုင္ေဝးကြာပါတယ္။ ေဆး႐ုံမွာ ၇ႏွစ္ရက္ေလာက္ ေဆးကုသမွုခံယူခဲ့ရၿပီး ဗိုက္ကို ခြဲစိပ္ၾကည့္ရာမွာေတာ့ ဗိုက္ထဲကေန သန္ေကာင္ေတြ အေျမာက္အျမားထြက္လာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ ဆရာဝန္ေတြက တစ္မိသားစုလုံး ကူးစက္ေရာဂါျဖစ္ပြားမွာ စိုးရိမ္တဲ့အတြက္ တစ္အိမ္သာလုံးကို ကာကြယ္ေဆးေပးခဲ့ပါတယ္။ Ascariasis လို႔ေခၚတဲ့ ကပ္ပါးေကာင္ (သို႔) သန္ေကာင္ေတြေၾကာင့္ ကမၻာေပၚရွိ လူဦးေရ သန္းရွစ္ရာေလာက္မွာ က်န္းမာေရး အက်ိဳးသက္ေရာက္မွုေတြျဖစ္ေပၚလာနိုင္ၿပီး အလြယ္တကူ ကူးစက္ပ်ံ႕ႏွံ့နိုင္ပါတယ္။

အထူးသျဖင့္ က်န္းမာေရး အသိပညာ မဖြံ့ၿဖိဳးတဲ့ ဆင္းရဲတဲ့ ေက်းလတ္လို ေဒသမ်ိဳးေတြမွာ အဆိုပါ ေရာဂါမ်ိဳး အျဖစ္မ်ားတတ္ပါတယ္။ အဆိုပါ သန္ေကာင္ေတြဟာ စြန္႔ထုတ္လိုက္တဲ့ မစင္ကေနတစ္ဆင့္ အလြယ္တကူ ကူးစက္တတ္ၿပီး လူေတြကို အႏၲရာယ္ အမ်ားဆုံးေပးတတ္ၾကပါတယ္။ ယခုလည္း ဆရာဝန္ရဲ့ေျပာဆိုပုံအရ သန္႔ရွင္းမွုမရွိတဲ့ အစားအစာေတြ၊ ေရေတြ၊ အိမ္သာ မိလႅာေျမာင္းစနစ္ေတြမေကာင္းမြန္တာေၾကာင့္ အျဖစ္မ်ားတယ္လို႔ဆိုပါတယ္။

ထိုအသက္ ၄ႏွစ္အရြယ္ ကေလးကို ခြဲစိပ္တဲ့ အခါမွာလည္း အူထဲမွာ အဆိုပါ ကပ္ပါးေကာင္/ သန္ေကာင္ေတြဟာ အစုလိုက္ အျပဳံလိုက္ ပိတ္ဆို႔ေနတာ ေတြ႕ခဲ့ရတယ္လို႔ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here