ဗိုက္မွာအဆီေတြစုၿပီး ဗိုက္ေခါက္ထြက္ေနေပမယ့္ အစားကလည္းမေလ်ာ့ခ်င္၊ ေလ့က်င့္ခန္းကလည္း မလုပ္ခ်င္သူေတြအတြက္ ဗိုက္ပူတာကို မသိသာေစမယ့္ ဖက္ရွင္အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။
အမ်ိဳးသမီးေတြရဲ႕ဗိုက္ပူတာကို ဖံုးကြယ္ဖို႔ ဖက္ရွင္ Tips
၁။ Blouses အရွည္
ဒါက အေျခခံယူဆခ်က္တစ္ခုျဖစ္ေပမယ့္ မမွားယြင္းႏိုင္ပါဘူး။ ခါးရွည္ခပ္ပြပြ ဘေလာက္အကၤ်ီေတြဟာ ဘာျပႆနာမွမရွိဘဲ သင့္ပံုပန္းသ႑ာန္ကို ဖံုးကြယ္ဖို႔ ကူညီေပးပါတယ္။ ဒါ့အျပင္ ဒီအဝတ္အစားေတြက သင့္ကို သက္ေတာင့္သက္သာ ခံစားရေစပါလိ္မ့္မယ္။ ဂ်င္း သို႔မဟုတ္ တျခားေဘာင္းဘီအမ်ိဳးအစားေတြနဲ႔ ဒီရွပ္အမ်ိဳးအစားကို တြဲဝတ္ႏိုင္ပါတယ္။ သင့္ကို ပိုၿပီးေတာ့ေတာင္ ၾကည့္ေကာင္းေစပါလိမ့္မယ္။
ဒါေပမယ့္အရမ္းႀကီးလြန္းတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ဖို႔ အႀကံမျပဳပါဘူး။ အဲ့ဒါေတြက သင့္မွာ ရွိရင္းစြဲထက္ ပိုႀကီးမားသေယာင္ျဖစ္ေစပါလိမ့္မယ္။ ႀကီးလြန္း၊ ေသးလြန္းတာေတြမဟုတ္ဘဲ မွန္ကန္တဲ့ ဆိုဒ္ကိုရွာေဖြပါ။
၂။ Dark Colors ေတြကို ေရြးခ်ယ္ပါ
ဗိုက္ပူတာကို မသိသာေစဖို႔ အနက္ေရာင္ကို ေရြးခ်ယ္ျခင္းက ေရြးခ်ယ္မႈေကာင္းတစ္ခုပါ။ ေနဗီျပာ၊ ၾကက္ေသြးေရာင္၊ ခ်ယ္ရီဘယ္ရီေရာင္၊ အစိမ္းရင့္ေရာင္ ကဲ့သို႔ တျခားအေရာင္ရင့္မ်ားကို ေရြးခ်ယ္ႏိုင္ပါတယ္။
၃။ မွန္ကန္တဲ့ အကၤ်ီဒီဇိုင္းကို ေရြးခ်ယ္ပါ
အေကာင္းဆံုးလိႈ႕ဝွက္ခ်က္တစ္ခုက သင့္ဝမ္းဗိုက္ကို ဖံုးကြယ္ဖို႔ သင့္တင္ပါးေနရာမွာ က်ယ္က်ယ္ညွပ္ထားတာကို ေရြးခ်ယ္ဖို႔ျဖစ္ပါတယ္။ ဥပမာ- ခါးေနရာမွာ သိမ္ၿပီး ခါးေအာက္ပိုင္းကိုကားသြားတဲ့ပံုစံမ်ိဳးပါ။ ဒါမွ ခါးကိုေပၚလြင္ေစၿပီး ဝမ္းဗိုက္ပူတာကို မသိသာေစမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ သူတို႔ကို ျဖည့္စြက္ဖို႔ အေကာင္းဆံုးအိုင္ဒီယာတစ္ခုက သင့္ရဲ႕ပံုပန္းသ႑ာန္နဲ႔ ကိုက္ညီမယ့္ အတြင္းခံအဝတ္အစားကို ေရြးခ်ယ္ဖို႔ ျဖစ္ပါတယ္။ သက္ေတာင့္သက္သာနဲ႔ ခံစားမႈေကာင္းခ်င္ရင္ ခါးပတ္တစ္ခုကိုေတာင္ ဝတ္ဆင္ႏိုင္ပါတယ္။
ဒီအႀကံျပဳခ်က္ ၂ခုလံုးက သင့္ရဲ႕ပံုပန္းသ႑ာန္ကို ၾကည့္ေကာင္းေစဖို႔ ကူညီေပးပါလိမ့္မယ္။
၄။ ခါးေအာက္နိမ့္တဲ့ ဂ်င္းေတြကို မဝတ္ဆင္ပါနဲ႔
သင့္ဝမ္းဗုိက္ကို ဖံုးကြယ္ဖို႔ အေကာင္းဆံုးေရြးခ်ယ္စရာကေတာ့ ခါးျမင့္ဂ်င္း သို႔မဟုတ္ အလယ္အလတ္ျမင့္တဲ့ ဂ်င္းေလးေတြပါပဲ။ သူတို႔က သင့္ကို သက္ေတာင့္သက္သာပိုခံစားရေစၿပီး သင့္ဝမ္းဗို္က္ကို ဖံုးကြယ္ေပးပါတယ္။
ခါးေအာက္နိမ့္တဲ့ ခ်က္ေပၚဂ်င္းေတြက သင္ဖံုးကြယ္ခ်င္တဲ့ ဗိုက္ကအဆီေတြကို ပိုၿပီးေတာ့ေတာင္ ေပၚလြင္ေစပါလိမ့္မယ္။
အမ်ိဳးသားေတြရဲ႕ဝမ္းဗုိက္ကို ဖံုးကြယ္ဖို႔ ဖက္ရွင္ Tips
သူတို႔ဝတ္ဆင္သမွ် အဝတ္အစားေတြကို ၾကည့္ေကာင္းခ်င္ၾကတာ အမ်ိဳးသမီးေတြသာ မဟုတ္ပါဘူး။ အမ်ိဳးသားေတြလညး္ပဲ အတူတူပါပဲ။ ဒါ့ေၾကာင့္ အမ်ိဳးသားေတြအတြက္ ဖက္ရွင္ Tips ေလးအနညး္ငယ္ကိုမွ်ေဝေပးပါမယ္။အမ်ိဳးသမီးေတြကို ေပးတဲ့ ဖက္ရွင္ Tipsေတြကို အမ်ိဳးသားေတြလည္း လိုက္နာႏိုင္ပါတယ္။ အေရာင္ရင့္ဝတ္တာတို႔၊ အရမ္းပြလြန္းတဲ့ အဝတ္ေတြ မဝတ္ရတာတို႔၊ ခပ္က်ပ္က်ပ္အဝတ္အစားေတြ ဝတ္ဆင္ျခင္း ေရွာင္ၾကဥ္တာမ်ိဳးတို႔ျဖစ္ပါတယ္။
၅။ ကုတ္အကၤ်ီႀကီးႀကီး ေရြးခ်ယ္ပါ
သင့္ရဲ႕ဝမ္းဗိုက္ပူတာကို ဖံုးကြယ္ဖို႔ဆိုရင္ ေလာင္းကုတ္အကၤ်ီေတြက အသင့္ေတာ္ဆံုးပါ။ သင့္ကို ေၾကာ့ရွင္းေစတဲ့အျပင္ ဗိုက္ပူတာလည္း မသိသာေစေတာ့ပါဘူး။ ဒါကို ေႏြရာသီမွာေတာ့ ဝတ္ဆင္လို႔မျဖစ္ႏိုင္ပါဘူး။
၆။ အဝတ္အစား ဒီဇိုင္း
အမ်ိဳးသားေတြအတြက္ ဂ်ာကင္အကၤ်ီေတြ၊ ဘေလဇာကုတ္ေတြက အထူးသျဖင့္ ၾကယ္သီးမတပ္ဘဲ ဝတ္ဆင္လွ်င္ အရမ္းကို အေထာက္အကူျဖစ္ပါတယ္။ ဗိုက္ေခါက္အရမ္းမထြက္လြန္းရင္ ခါးျမင့္ေဘာင္းဘီရွည္ေလးေတြ ဝတ္ဆင္တာက ပိုေကာင္းပါတယ္။ ဒါက သင့္ေျခေထာက္ေတြကို ရွည္လ်ားတယ္လို႔ ထင္ရေစၿပီး သင့္ခႏၶာကိုယ္ကို ပိုသြယ္သေယာင္ျဖစ္ေစပါတယ္။
အလ်ားလိုက္အစင္းဒီဇိုင္းေတြ၊ အသားကပ္အဝတ္အစားေတြ၊ အဆင္ဒီဇိုင္းေတြကို ေရွာင္ပါ။
၇။ ကိုယ္ေနဟန္ထား
ဒီေနာက္ဆံုုး tips ေလးကေတာ့ အမ်ိဳးသားေကာ၊ အမ်ိဳးသမီးေတြအတြက္ေကာ ျဖစ္ပါတယ္။
သင္မတ္တပ္ရပ္တဲ့အခါ ၊ထိုင္တဲ့အခါ ခါးကို မတ္မတ္ထားပါ။ သင္ဟာ ရွက္ေၾကာက္ေနမယ္ဆိုရင္ သင့္ရဲ႕စိုးရိမ္ပူပန္မႈကို ျပသရာေရာက္ပါတယ္။ သင္ဖံုးကြယ္ဖို႔ ႀကိဳးစားေနတဲ့အရာေတြကို ေဖာ္ျပရာေရာက္ပါလိမ့္မယ္။ confidence ရွိရွိေနပါ။
#Lifestyle_Myanmar
#LM_Nandar
Source- steptohealth
Unicode
ဗိုက်ခေါက်ထွက်နေတာကို ဖုံးကွယ်ဖို့ ဖက်ရှင်နည်းလမ်း ရခု
ဗိုက်မှာအဆီတွေစုပြီး ဗိုက်ခေါက်ထွက်နေပေမယ့် အစားကလည်းမလျော့ချင်၊ လေ့ကျင့်ခန်းကလည်း မလုပ်ချင်သူတွေအတွက် ဗိုက်ပူတာကို မသိသာစေမယ့် ဖက်ရှင်အကြံပြုချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
အမျိုးသမီးတွေရဲ့ဗိုက်ပူတာကို ဖုံးကွယ်ဖို့ ဖက်ရှင် Tips
၁။ Blouses အရှည်
ဒါက အခြေခံယူဆချက်တစ်ခုဖြစ်ပေမယ့် မမှားယွင်းနိုင်ပါဘူး။ ခါးရှည်ခပ်ပွပွ ဘလောက်အင်္ကျီတွေဟာ ဘာပြဿနာမှမရှိဘဲ သင့်ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ဒီအဝတ်အစားတွေက သင့်ကို သက်တောင့်သက်သာ ခံစားရစေပါလိ်မ့်မယ်။ ဂျင်း သို့မဟုတ် တခြားဘောင်းဘီအမျိုးအစားတွေနဲ့ ဒီရှပ်အမျိုးအစားကို တွဲဝတ်နိုင်ပါတယ်။ သင့်ကို ပိုပြီးတော့တောင် ကြည့်ကောင်းစေပါလိမ့်မယ်။
ဒါပေမယ့်အရမ်းကြီးလွန်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ဖို့ အကြံမပြုပါဘူး။ အဲ့ဒါတွေက သင့်မှာ ရှိရင်းစွဲထက် ပိုကြီးမားသယောင်ဖြစ်စေပါလိမ့်မယ်။ ကြီးလွန်း၊ သေးလွန်းတာတွေမဟုတ်ဘဲ မှန်ကန်တဲ့ ဆိုဒ်ကိုရှာဖွေပါ။
၂။ Dark Colors တွေကို ရွေးချယ်ပါ
ဗိုက်ပူတာကို မသိသာစေဖို့ အနက်ရောင်ကို ရွေးချယ်ခြင်းက ရွေးချယ်မှုကောင်းတစ်ခုပါ။ နေဗီပြာ၊ ကြက်သွေးရောင်၊ ချယ်ရီဘယ်ရီရောင်၊ အစိမ်းရင့်ရောင် ကဲ့သို့ တခြားအရောင်ရင့်များကို ရွေးချယ်နိုင်ပါတယ်။
၃။ မှန်ကန်တဲ့ အင်္ကျီဒီဇိုင်းကို ရွေးချယ်ပါ
အကောင်းဆုံးလှို့ဝှက်ချက်တစ်ခုက သင့်ဝမ်းဗိုက်ကို ဖုံးကွယ်ဖို့ သင့်တင်ပါးနေရာမှာ ကျယ်ကျယ်ညှပ်ထားတာကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ ဥပမာ- ခါးနေရာမှာ သိမ်ပြီး ခါးအောက်ပိုင်းကိုကားသွားတဲ့ပုံစံမျိုးပါ။ ဒါမှ ခါးကိုပေါ်လွင်စေပြီး ဝမ်းဗိုက်ပူတာကို မသိသာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ကို ဖြည့်စွက်ဖို့ အကောင်းဆုံးအိုင်ဒီယာတစ်ခုက သင့်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ ကိုက်ညီမယ့် အတွင်းခံအဝတ်အစားကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ သက်တောင့်သက်သာနဲ့ ခံစားမှုကောင်းချင်ရင် ခါးပတ်တစ်ခုကိုတောင် ဝတ်ဆင်နိုင်ပါတယ်။
ဒီအကြံပြုချက် ၂ခုလုံးက သင့်ရဲ့ပုံပန်းသဏ္ဍာန်ကို ကြည့်ကောင်းစေဖို့ ကူညီပေးပါလိမ့်မယ်။
၄။ ခါးအောက်နိမ့်တဲ့ ဂျင်းတွေကို မဝတ်ဆင်ပါနဲ့
သင့်ဝမ်းဗိုက်ကို ဖုံးကွယ်ဖို့ အကောင်းဆုံးရွေးချယ်စရာကတော့ ခါးမြင့်ဂျင်း သို့မဟုတ် အလယ်အလတ်မြင့်တဲ့ ဂျင်းလေးတွေပါပဲ။ သူတို့က သင့်ကို သက်တောင့်သက်သာပိုခံစားရစေပြီး သင့်ဝမ်းဗို်က်ကို ဖုံးကွယ်ပေးပါတယ်။
ခါးအောက်နိမ့်တဲ့ ချက်ပေါ်ဂျင်းတွေက သင်ဖုံးကွယ်ချင်တဲ့ ဗိုက်ကအဆီတွေကို ပိုပြီးတော့တောင် ပေါ်လွင်စေပါလိမ့်မယ်။
အမျိုးသားတွေရဲ့ဝမ်းဗိုက်ကို ဖုံးကွယ်ဖို့ ဖက်ရှင် Tips
သူတို့ဝတ်ဆင်သမျှ အဝတ်အစားတွေကို ကြည့်ကောင်းချင်ကြတာ အမျိုးသမီးတွေသာ မဟုတ်ပါဘူး။ အမျိုးသားတွေလညး်ပဲ အတူတူပါပဲ။ ဒါ့ကြောင့် အမျိုးသားတွေအတွက် ဖက်ရှင် Tips လေးအနညး်ငယ်ကိုမျှဝေပေးပါမယ်။
အမျိုးသမီးတွေကို ပေးတဲ့ ဖက်ရှင် Tipsတွေကို အမျိုးသားတွေလည်း လိုက်နာနိုင်ပါတယ်။ အရောင်ရင့်ဝတ်တာတို့၊ အရမ်းပွလွန်းတဲ့ အဝတ်တွေ မဝတ်ရတာတို့၊ ခပ်ကျပ်ကျပ်အဝတ်အစားတွေ ဝတ်ဆင်ခြင်း ရှောင်ကြဉ်တာမျိုးတို့ဖြစ်ပါတယ်။
၅။ ကုတ်အင်္ကျီကြီးကြီး ရွေးချယ်ပါ
သင့်ရဲ့ဝမ်းဗိုက်ပူတာကို ဖုံးကွယ်ဖို့ဆိုရင် လောင်းကုတ်အင်္ကျီတွေက အသင့်တော်ဆုံးပါ။ သင့်ကို ကြော့ရှင်းစေတဲ့အပြင် ဗိုက်ပူတာလည်း မသိသာစေတော့ပါဘူး။ ဒါကို နွေရာသီမှာတော့ ဝတ်ဆင်လို့မဖြစ်နိုင်ပါဘူး။
၆။ အဝတ်အစား ဒီဇိုင်း
အမျိုးသားတွေအတွက် ဂျာကင်အင်္ကျီတွေ၊ ဘလေဇာကုတ်တွေက အထူးသဖြင့် ကြယ်သီးမတပ်ဘဲ ဝတ်ဆင်လျှင် အရမ်းကို အထောက်အကူဖြစ်ပါတယ်။ ဗိုက်ခေါက်အရမ်းမထွက်လွန်းရင် ခါးမြင့်ဘောင်းဘီရှည်လေးတွေ ဝတ်ဆင်တာက ပိုကောင်းပါတယ်။ ဒါက သင့်ခြေထောက်တွေကို ရှည်လျားတယ်လို့ ထင်ရစေပြီး သင့်ခန္ဓာကိုယ်ကို ပိုသွယ်သယောင်ဖြစ်စေပါတယ်။
အလျားလိုက်အစင်းဒီဇိုင်းတွေ၊ အသားကပ်အဝတ်အစားတွေ၊ အဆင်ဒီဇိုင်းတွေကို ရှောင်ပါ။
၇။ ကိုယ်နေဟန်ထား
ဒီနောက်ဆုုံး tips လေးကတော့ အမျိုးသားကော၊ အမျိုးသမီးတွေအတွက်ကော ဖြစ်ပါတယ်။
သင်မတ်တပ်ရပ်တဲ့အခါ ၊ထိုင်တဲ့အခါ ခါးကို မတ်မတ်ထားပါ။ သင်ဟာ ရှက်ကြောက်နေမယ်ဆိုရင် သင့်ရဲ့စိုးရိမ်ပူပန်မှုကို ပြသရာရောက်ပါတယ်။ သင်ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့အရာတွေကို ဖော်ပြရာရောက်ပါလိမ့်မယ်။ confidence ရှိရှိနေပါ။
#Lifestyle_Myanmar
#LM_Nandar
Source- steptohealth