0
485
အဆီကျ
အဆီကျ
၁။ သခွားသီးဖျော်ရည်
ပါဝင်ပစ္စည်းများ
သခွားသီး ၁လုံး
နံနံပင် ၁စည်း
သံပုရာသီး ၁လုံး
ဂျင်း အနည်းငယ်
ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
သံပုရာသီး ၁လုံး
သခွားသီး ၂လုံး
လိမ္မော်သီး ၁လုံး
ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
သံပုရာသီး ၁လုံး
သစ်တော်သီ ၁လုံး
ရေခဲအနည်းငယ်
ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
ရေ ၁ဖန်ခွက်
ပူစီနံရွက်
ရေခဲ
သကြားအနည်းငယ်
ပြုလုပ်နည်း
၅။ သံပုယိုသီးဖျော်ရည်
သံပုယိုသီး ၅လုံး
စပါကလင် ၁လီတာ
ပူစီနံ
ရေခဲ
ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
သံပုရာသီး ၄လုံး
ပူစီနံ
စပါကလင် ၁လီတာ
ရေ ဖန်ခွက် ၁ဝက်
ရေခဲ
သကြားအနည်းငယ်
ပြုလုပ်နည်း
၇။ ပန်းသီးဖျော်ရည်
ပါဝင်ပစ္စည်းများ
ပူစီနံ
သံပုရာသီး ၁လုံး
ရေခဲ
ပြုလုပ်နည်း
#Lifestyle_Myanmar
#Thar_Nage
Unicode
ဗိုက်အဆီတွေကို လောင်ကျွမ်းစေပြီး အမြန်ဆုံးဗိုက်ချပ်စေမဲ့ ညအိပ်ရာဝင်ဖျော်ရည်အချို့
၁။ သခွားသီးဖျော်ရည်
ပါဝင်ပစ္စည်းများ
သခွားသီး ၁လုံး
နံနံပင် ၁စည်း
သံပုရာသီး ၁လုံး
ဂျင်း အနည်းငယ်
ရှားစောင်းလက်ပတ်ဖျော်ရည် လက်ဖက်စားဇွန်း ၁ဇွန်း
ရေဖန်ခွက်နဲ့ ၁ဝက်ခန့်
ပြုလုပ်နည်း
အဆိုပါ ပါဝင်ပစ္စည်းများကို Blender ထဲ ထည့်ဖျော်ပြီး ညအိပ်ယာဝင်ခါနီးအချိန်မှာ သောက်သုံးပေးပါ။ တစ်လအတွင်း ထူးခြားမှုတွေကို ရရှိစေမှာသေချာပါတယ်။
၂။ လက်ဆတ်တဲ့သခွားသီးနဲ့ သံပုရာဖျော်ရည်
ပါဝင်ပစ္စည်းများ
သံပုရာသီး ၁လုံး
သခွားသီး ၂လုံး
လိမ္မော်သီး ၁လုံး
ပျားရည် (အရသာပေါ်မူတည်ပြီး ထည့်ပေးပါ။)
ပူစီနံ (အရသာပေါ်မူတည်ပြီး ထည့်ပေးပါ။)
စပါကလင်အချိုရည် ၁လီတာ
ပြုလုပ်နည်း
သခွာသီးကို အဝိုင်းလေးတွေလှီးထားပြီး စပါကလင် ၁လီတာထည့်ထားတဲ့ဖန်ခွက်ထဲကိုထည့်ထားပေးပါ။ ပြီးလျှင် အဆိုပါဖန်ခွက်ထဲသို့ လိမ္မော်သီနဲ့ သံပုရာသီးကို အရည်ညှစ်ထည့်ပါ။ ပြီးလျှင် ပျားရည်ကို အရသာအနေတော်လောက်ထည့်ပြီး မွှေပေးပါ။ နောက်ဆုံးမှာ လက်ဆက်တဲ့ပူစီနံရွက်ကို အဆိုပါ ဖျော်ရည်ထည့်သို့ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
၃။ သစ်တော်သီးနဲ့ ကလျာဏီရွက်ဖျော်ရည်
ပါဝင်ပစ္စည်းများ
လတ်ဆတ်သော ကလျာဏီအရွက် ၁၀ရွက်
သံပုရာသီး ၁လုံး
သစ်တော်သီးဖျော်ရည် ၂၅၀ မီလီလီတာ (သဘာဝဖျော်ရည် သို့မဟုတ် အသင့်ထုပ်ပိုးပြီး)
စပါကလင်အချိုရည် ၂၅၀ မီလီလီတာ
သစ်တော်သီ ၁လုံး
ရေခဲအနည်းငယ်
ပြုလုပ်နည်း
ပထမဦးစွာ ခွက်တစ်ခွက်ထဲကို သစ်တော်သီးနဲ့ သံပုရာသီးကို လှီးပြီးထည့်ပါ။ ပြီးလျှင် ကလျာဏီအရွက်ကို ချေပြီးထည့်ပါ။ ပြီးလျှင် ရေခဲကို အနည်းငယ်ထုချေပြီးအဆိုပါခွက်ထဲကိုထည့်မွှေပါ။ ပြီးသွားတဲ့အခါ သစ်တော်သီးဖျော်ရည် ၂၅၀ မီလီလီတာနဲ့စပါကလင် ၂၅၀ မီလီလီတာကို ထိုခွက်ထဲသို့ ထပ်ထည့်ပြီး သမအောင်မွှေပေးပါ။ အားလုံးပြီးသွားလျှင် သင်အိပ်ရာဝင်တဲ့အခါ အသင့်သောက်သုံးနိုင်ပါပြီ။
(ကလျာဏီအရွက်ကို လူတော်တော်များများမသိပေမဲ့ ပရဆေးဆိုင်တွေမှာတော့ ရရှိနိုင်ပါတယ်။)
၄။ ကျွဲကောသီးနဲ့ သစ်ချပိုး ဖျော်ရည်
ပါဝင်ပစ္စည်းများ
ကျွဲကောသီး ဖျော်ရည် ၅၀၀ မီလီလီတာ (သဘာဝဖျော်ရည် သို့မဟုတ် အသင့်ထုပ်ပိုးပြီး)
စပါကလင် အချိုရည် ၅၀၀ မီလီလီတာ
ရေ ၁ဖန်ခွက်
သစ်ချပိုးခေါက် ၂ခေါက်
စမုန်စပါးပွင့် ၁ပွင့်
ပူစီနံရွက်
ရေခဲ
သကြားအနည်းငယ်
ပြုလုပ်နည်း
ရေ ၁ဖန်ခွက်၊ သကြားနဲ့ သစ်ချပိုးခေါက်ကို ဒယ်အိုးထဲမှာ ထည့်ပြီး တည်ပါ။ သကြားအရည်ပျော်သည်အထိ ၅မိနစ်/ ၁၀မိနစ်လောက်ထိ တည်ထားပြီး သကြားအရည်ပျော်တဲ့အခါ အအေးခံပါ။ အေးသွားတဲ့အခါ ဖန်ခွက်တစ်ခုထဲလှယ်ထည့်ပါ။ ပြီးလျှင်အဆိုပါဖန်ခွက်ထဲသို့စပါကလင်ဖျော်ရည် ထည့်ပြီး ရောသမမွှေပေးပါ။ ပြီးလျှင် ရေခဲ၊ ပူစီနံ နဲ့ စမုန်စပါးပွင့်တို့ကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
၅။ သံပုယိုသီးဖျော်ရည်
သံပုယိုသီး ၅လုံး
စပါကလင် ၁လီတာ
ပူစီနံ
ရေခဲ
ပြုလုပ်နည်း
သံပုယိုသီး ၄လုံးကို အရည်ညှစ်ပြီး ကျန်တစ်လုံးကို အဝိုင်းလေးတွေ လှီးထားပေးပါ။ ပြီးလျှင် အဆိုပါ သပုယိုသီးညှစ်ထားတဲ့ အရည်ရော၊ လှီးထားတဲ့ သံပုယိုသီးအကွင်းလေးတွေရော ဖန်ခွက်တစ်ခုထဲ ထည့်ပါ။ စပါကလင်ကို အဆိုပါ ဖန်ခွက်ထဲသို့ ပေါင်းထည့်ပြီး မွှေပေးပါ။ နောက်ဆုံးမှာ ရေခဲနဲ့ ပူစီနံကို ထည့်မွှေပြီး သောက်သုံးနိုင်ပါတယ်။
၆။ အိန္ဒိယနိုင်ငံရဲ့ ဖျော်ရည်စပ်နည်း
ပါဝင်ပစ္စည်းများ
သံပုရာသီး ၄လုံး
ဂျင်း (အရသာပေါ်မူတည်ပြီး ထည့်ရန်)
ပူစီနံ
စပါကလင် ၁လီတာ
ရေ ဖန်ခွက် ၁ဝက်
ရေခဲ
သကြားအနည်းငယ်
ပြုလုပ်နည်း
ရေအနည်းငယ်၊ သကြား နဲ့ သံပုရာသီး ၄လုံးကို အရည်ညှစ်ပြီး ဒယ်အိုးတစ်လုံးထဲမှာ ထည့်ပြီး တည်ပေးပါ။ ရေအနည်းငယ်ဆူလာတဲ့အခါ ဂျင်းကို ခြစ်ထည့်ပါ။ ပြီးလျှင် သမအောင်မွှေပြီး အအေးခံပါ။ ရရှိလာတဲ့အရည်ကို ခွက်တစ်ခွက်ထဲထည့်ပြီးထိုခွက်ထဲသို့ စပါကလင်၊ ပူစီနံ၊ ရေခဲတို့ ထပ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
၇။ ပန်းသီးဖျော်ရည်
ပါဝင်ပစ္စည်းများ
ပန်းသီးဖျော်ရည် ၁လီတာ (လတ်ဆတ်သော သို့မဟုတ် အသင့်ထုပ်ပိုးပြီး)
ပူစီနံ
သံပုရာဖျော်ရည် ၁၀၀ မီလီလီတာ
သံပုရာသီး ၁လုံး
ရေခဲ
ပြုလုပ်နည်း
သံပုရာသီးကို အဝိုင်းလေးတွေ လှီးထားပေးပါ။ ပန်းသီးဖျော်ရည်နဲ့ သံပုရာဖျော်ရည်ကို ပေါင်းစပ်ပြီး အဆိုပါထဲသို့ လှီးထားတဲ့ သံပုရာသီးအကွင်း၊ ပူစီနံ နဲ့ ရေခဲတို့ကို ထည့်ပြီး မွှေပေးပါ။ ပြီးလျှင်အသင့်သောက်သုံးနိုင်ပါပြီ။
LEAVE A REPLY
Please enter your comment!
Please enter your name here