လူတစ်ချို့က ဆံပင်ဆိုတာ အမြဲတမ်းပန်ဆင်ထားရမယ့် သရဖူအဖြစ်ခံယူကြပါတယ်။ ဗစ်တိုးရီးယားအမျိုးသမီးတွေဟာလည်း ဒီစိတ်ကူးကို သဘောတူခဲ့ကြပါတယ်။ ဆံပင်ဆိုတာ ဒုတိယမျက်နှာဖြစ်သလို၊ အမျိုးသမီးတွေရဲ့ အထင်ကရသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ ဗစ်တိုးရီးယားအမျိုးသမီးတွေအတွက် လူမှုရေးဆိုင်ရာ အရေးပါရုံသာမက ကျားမရေးရာမှာလည်း အရေးကြီးခဲ့ပါတယ်။ ဗစ်တိုရီးယားခေတ်မှာ အစစ်အမှန် Rapunzel တွေရှိခဲ့ကြပါတယ်။ သူတို့ဘာကြောင့် ဆံပင်အရှည်တွေကို ချစ်မြတ်နိုးခဲ့တာလဲ၊ ဘာကြောင့် ဆံပင်အရှည်တွေကို မဖြတ်ခဲ့တာလဲ။
၁။ ဗစ်တိုးရီးယားအမျိုးသမီးတွေဟာ ဆံပင်ရှည်တွေပိုင်ဆိုင်ထားတာကို ချစ်မြတ်နိုးကြတယ်

၂။ အနောက်တိုင်းကမ္ဘာမှာ ဆံပင်ရှည်ပိုင်ဆိုင်ခြင်းကို လူမှုရေးအဆင့်အတန်းတစ်ခုအဖြစ် မှတ်ယူထားလို့ပါ

၃။ ထိုခေတ်ကလူတွေဟာ အနာရောဂါတွေ မယုံနိုင်လောက်အောင် ထူပြောခဲ့ကြတယ်

၄။ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုတာကို ဇိမ်ခံနိုင်တဲ့ မျိုးရိုးတွေသာ လုပ်ကြတယ်

၅။ ဒါ့ကြောင့် ရှည်လျားပြီး သပ်သပ်ရပ်ရပ်ဖြင့် ဆံပင်ကို ထိန်းသိမ်းခြင်းဟာ အလယ်လတ်တန်းစားနှင့် အထက်တန်းစားတွေအတွက်အခွင့်ထူးတစ်ခု

၆။ လူတွေဟာ ဒီဆံပင်ရှည်ကို ထိန်းသိမ်းဖို့ အထူးဆံပင်ထုတ်ကုန်တွေကို တီထွင်ပြီး ၎င်းကို တောက်ပချောမွေ့စေတယ်

၇။ ပိုမိုမြန်ဆန်စွာ ရှည်လျားစေဖို့ ကူညီပေးမယ့် ဆံပင်ထိန်းသိမ်းမှုတွေကို ”Edwards ”Harlene” for the hair” ကြော်ငြာမှာ တွေ့နိုင်ပါတယ်

၈။ ဆံပင်ရှည်ကို လိုအပ်တဲ့စောင့်ရှောက်မှုပေးခြင်းကလည်း တကယ်လိုအပ်တဲ့အရာဖြစ်တယ်

၉။ နောက်ဆုံးမှာ ဗစ်တိုးရီးယားမိန်းကလေးတွေဟာ အခြားသူတွေ ဘယ်လိုပြောပြော သူတို့ရဲ့ လှပတဲ့ ဆံပင်ကို ဓာတ်ပုံရိုက်ဖို့ ယုံကြည်စိတ်ချခဲ့ကြတယ်
Lifestyle_Myanmar
Nyein_Thu
Ref-brightside-me