Home News ဖေ့စ်ဘွတ်မှာ sexy ပုံတွေတင်လို့ သဝန်တိုတဲ့ရည်းစားရဲ့ ရိုက်နှက်ခြင်းကို ခံရတဲ့အမျိုးသမီး

ဖေ့စ်ဘွတ်မှာ sexy ပုံတွေတင်လို့ သဝန်တိုတဲ့ရည်းစားရဲ့ ရိုက်နှက်ခြင်းကို ခံရတဲ့အမျိုးသမီး

0
1702

ယနေ့ခတ်မှာ ကိုယ့်ရဲ့တစ်နေ့တာလုပ်သမျှတွေ၊ ပုံလှလှလေးတွေကို နေ့စဉ်နဲ့အမျှ ဖေ့ဘွတ်မှာ တင်နေတဲ့သူတွေ အများအပြားပါပဲ။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်က မိန်းကလေးတစ်ယောက်ကတော့ သူမရဲ့ကိုယ်ခန္ဓာအလှကိုဖော်ပြတဲ့ Sexy ဆန်ဆန်ပုံတွေတင်ခဲ့လို့ ချစ်သူက သဝန်တိုပြီး လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှုတွေ ဖြစ်ခဲ့ပါတယ်။ သူမတင်ခဲ့တဲ့ အချို့ပုံတွေဟာ အထဲကအတွင်းခံကို မြင်နေရတဲ့ပုံတွေဖြစ်တာကြောင့် ရည်းစားဖြစ်သူက သဝန်တိုခဲ့တာဖြစ်ပါတယ်။

-Advertisement-

သူမရဲ့ အကောင့်မှာ အဆိုပါပုံတွေတင်ခဲ့တုန်းက ပြန်ဖျက်ဖို့အတွက် ချစ်သူကပြောခဲ့ပေမယ့် သူမကတော့ မဖျက်ခဲ့ပါဘူး။
ဒါ့ကြောင့် သူကဒေါသထွက်ပြီး သူမရဲ့မျက်နှာ လက်မောင်း ခြေထောက်တွေမှာ အမဲကွက်တွေထင်တဲ့အထိ ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။ သူမရဲ့ချစ်သူဟာ အစိုးရအရာရှိတစ်ယောက်ဖြစ်ပြီး ယခုလိုလုပ်ရပ်ကို သူမကဖေ့ဘွတ်မှာ မျှဝေခဲ့တဲ့အတွက် လူတွေကသူမရဲ့အမျိုးသားကို ရှုံ့ချခဲ့ကြပါတယ်။

သူမဟာ အလှကုန်ပစ္စည်းနဲ့ အတွင်းခံအဝတ်အစားတွေကို အွန်လိုင်းကတဆင့် ရောင်းချနေတဲ့သူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင် မော်ဒယ်အနေနဲ့ ဝတ်ဆင်ပြီးကြော်ငြာခဲ့တာလည်း ဖြစ်ပါတယ်။ သူမကိုယခုလိုအကြမ်းဖက်ခဲ့တာ အကြိမ်သုံးဆယ်ရှိပြီး ရဲတွေကို အရေးယူပေးဖို့နဲ့ သူမကိုကယ်တင်ဖို့ စတေးတပ်ရေးတင်ခဲ့ပါသေးတယ်။ သူမနဲ့မတွဲခင်ကတည်းက သူမရဲ့အလုပ်ကိုထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ယခုလိုရိုက်နှက်တာဟာ မှားယွင်းတဲ့အပြုအမူဖြစ်ကြောင်း အခြားသူတွေက ဝေဖန်နေကြပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

Zawgyi



LM_Naung_Naung
Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here