ခေတ်တွေစနစ်တွေ တိုးတက်ပြောင်းလဲလာတော့ လူတိုင်းနီးပါးက ဖုန်း ကိုယ်စီကိုင်ပြီးတော့ အသုံးပြုလာကြပါတယ်။ Social Media ခေတ်ဆိုတော့လည်း လူတိုင်းနီးပါးကို ဆွဲဆောင်မှုကောင်းကောင်းတွေနဲ့ ဆွဲဆောင်ပြီးရင် ဆွဲဆောင်နေတော့ ဖုန်းတွေကို လက်ထဲကနေ မချချင်တော့အောင်ကို ဖြစ်လာကြတော့တာပေါ့။ ကောင်းတဲ့အချက်မဟုတ်ဘူးဆိုပေမယ့်လည်း ပြင်ဖို့ခက်ခဲလာပါပြီ။ ပြင်ဖို့ခက်ခဲလာတဲ့ကြားထဲကမှ ဒီလိုအချိန်လေးတွေမှာတော့ ဖုန်းကိုဝေးဝေးမှာပဲ ထားထားသင့်တယ်ဆိုတာလေးကို ပြောပြပေးချင်တာပါ။
စားသောက်နေတဲ့အချိန်
နားချိန်မှာပဲဖြစ်ဖြစ်၊ အိမ်ပြန်ရောက်လို့ မိသားစုနဲ့ထမင်းစားနေတဲ့အချိန်တွေမှာ ဖုန်းကိုလက်ကနေမခွာပဲ သုံးနေတာမျိုးတွေက မလုပ်သင့်တော့တဲ့အချက်ပါ။ ကိုယ့်ဘေးမှာ တစ်ခြားသူတွေလည်း ရှိနေတဲ့အတွက်ကြောင့် နည်းနည်းတော့ ဆင်ခြင်ဖို့လိုပါတယ်။ စားနေတာကိုပဲ ဂရုစိုက်တာမျိုး၊ တူတူစားနေတဲ့ မိသားစုဝင်တွေနဲ့စကားပြောတာမျိုးတွေတော့ ရှိသင့်တာပေါ့။

သူများစကားပြောနေတဲ့အချိန်
တစ်ခြားသူတစ်ယောက်နဲ့ စကားပြောနေတဲ့အချိန်တွေမှာ ယဉ်ကျေးမှုရှိသဖြင့်အနေနဲ့ ဖုန်းကိုဆက်ပြီး ပွတ်နေတာမျိုးတွေကို ဆင်ခြင်လိုက်ဖို့လိုပါတယ်။ ကိုယ်စိတ်မဝင်စားနေတဲ့ အကြောင်းအရာမျိုးဖြစ်နေရင်တောင် တစ်ဖက်လူကို လေးစားသမှုနဲ့တော့ သူပြောတာတွေကို နားထောင်ပေးတာမျိုး ဖြစ်သင့်ပါတယ်။

လမ်းလျှောက်နေတဲ့အချိန်
လမ်းလျှောက်ပြီးသွားလာနေတဲ့ အချိန်မျိုးတွေမှာလည်း ဖုန်းတွေကို လမ်းတလျှောက်လုံး လုပ်နေတာကို မြင်ရတာက အရမ်းကို အန္တရာယ်များလွန်းပါတယ်။ ဒီလိုအချိန်မျိုးတွေမှာတော့ ဖုန်းသုံးနေတာတွေကို ရပ်ထားဖို့ လိုပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်
အခုနောက်ပိုင်းမှာကြည့်လိုက်ရင် သူငယ်ချင်းတွေဆုံပြီး စကားတွေပြောနေရမယ့်အစား ဖုန်းတစ်ယောက်တစ်လုံးနဲ့ အလုပ်တွေရှုပ်နေတာက ပေါင်းသင်းဆက်ဆံရေးကိုလည်း လျော့ကျစေတတ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ချိန်တွေ အားနေတဲ့အချိန်မျိုးမှာ သုံးတာကအသင့်တော်ဆုံးပါ။

Lifestyle_Myanmar
ref-apps.allwomenstalk