Home News ဖုန္းအားသြင္းႀကိဳးတန္းလန္းနဲ႔ နားၾကပ္တပ္ၿပီး အိပ္ေပ်ာ္သြားတဲ့ ၁၆ႏွစ္အရြယ္ေက်ာင္းသားတစ္ဦးေသဆုံး

ဖုန္းအားသြင္းႀကိဳးတန္းလန္းနဲ႔ နားၾကပ္တပ္ၿပီး အိပ္ေပ်ာ္သြားတဲ့ ၁၆ႏွစ္အရြယ္ေက်ာင္းသားတစ္ဦးေသဆုံး

0
16780
Aidil Azzahar Zaharin
Aidil Azzahar Zaharin

လူတစ္ေယာက္ မေသဆုံးသင့္ဘဲ ေသဆုံးသြားရတာ အရမ္းကို ႏွေျမာဖို႔ေကာင္းပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၄ရက္ေန႔က ဖုန္းအားသြင္းရင္ တန္းလန္းနဲ႔ နားၾကပ္တပ္သီခ်င္းနားေထာင္ၿပီး အိပ္ေပ်ာ္သြားတဲ့ ၁၆ႏွစ္အရြယ္ေက်ာင္းသားတစ္ဦး ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။ Sinar Harian သတင္းထုတ္ျပန္ခ်က္အရ ဒီဇင္ဘာလ ၄ရက္ တနလၤာေန႔ ေန႔လည္ ၁၂နာရီ ၄၅မိနစ္အခ်ိန္မွာ မိခင္ျဖစ္သူက သားျဖစ္သူ Aidil Azzahar Zaharin ရဲ႕အေလာင္းကိုေတြ႕ရွိခ့ဲတာျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ထိုေကာင္ေလးဟာ ဖုန္းကို အားသြင္း ေနတဲ့အျပင္ နားၾကပ္တပ္ၿပီး အိပ္ေပ်ာ္သြားရင္ ဓာတ္လုိက္ေသဆုံးမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဖုန္းအားသြင္းထားတဲ့အခါ ဖုန္းအားသြင္းႀကိဳး ကေနတစ္ဆင့္ နားၾကပ္ဆီကို လွ်ပ္စစ္ကူးသြားၿပီး ေသဆုံးခဲ့တာျဖစ္ပါတယ္။ ခ႐ိုင္ရဲတပ္ဖြဲ႕ေတြရဲ႕ စစ္ေဆးခ်က္အရ သူ႔အေမဟာအလုပ္သို႔ သြားမဲ့အခ်ိန္ ၇နာရီ ၄၅ မိနစ္ေလာက္မွာ Aidil ဟာ ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းေနတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ မိခင္ျဖစ္သူ စိတ္ထဲမွာေတာ့ သူ႔သားေလး အိပ္ေပ်ာ္ေနတယ္လို႔ပဲ ထင္မိခဲ့ပါတယ္။

မိခင္ျဖစ္သူ ေန႔လည္စာျပန္စားခ်ိန္မွာ သားျဖစ္သူကို အိပ္ယာထဖို႔ ႏႈိးခဲ့ပါတယ္။ Aidil ကို ႏိႈးဖို႔ ႀကိဳးစားေပမဲ့ သူ႔ခႏၶာကိုယ္တစ္ခုလုံးဟာ ေအးစက္ေနပါၿပီ။ အဲ့ဒီေနာက္ အနီးနားမွာရွိတဲ့ ေဆးခန္းကို ဆက္သြယ္ေမးျမန္းၿပီး ပို႔ေဆာင္ခဲ့ေပမဲ့ Aidil ဟာ လြန္ခဲ့တဲ့ နာရီအေတာ္ၾကာကတည္းက အသက္မရွိေတာ့တာလို႔ဆိုပါတယ္။ Aidil ရဲ႕ ခႏၶာကိုယ္ကို စစ္ေဆးၾကည့္တဲ့အခါမွာ အမည္းကြက္နဲ႔ ေသြး အနည္းငယ္ထြက္ၿပီး ဘယ္ဘက္နားမွာ မီးေလာင္တဲ့ အမွတ္အသား ေတြ႕ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဖုန္းအားသြင္းႀကိဳး တန္းလန္းနဲ႔ နားၾကပ္တပ္ၿပီး အိပ္စက္စဥ္ ဓာတ္လိုက္ေသဆုံးတယ္လို႔ စစ္ေဆးခ်က္အရ အတည္ျပဳလုိက္ပါတယ္။

ဒါ့ေၾကာင့္ Aidil လိုမ်ိဳး အလားတူအျဖစ္ဆိုးေတြ မျဖစ္ေပၚလာေအာင္ မိဘမ်ားအေနနဲ႔ ကိုယ့္သားသမီးကို အထူးဂ႐ုစိုက္ေပးဖို႔အတြက္ Aidil ရဲ႕ ဓာတ္ပုံမွတ္တမ္းေတြနဲ႔ အတူ ဆိုရွယ္မီဒီယာေပၚမွာ မွ်ေဝေပးလိုက္တာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေလထီးဖြင့္ဖို႔ ေနာက္က်ခဲ့တဲ့အတြက္ ေသဆုံးသြားတဲ့ အသက္ ၅၀ အရြယ္ ဂ်ာမန္ႏိုင္ငံသား


Unicode

ဖုန်းအားသွင်းကြိုးတန်းလန်းနဲ့ နားကြပ်တပ်ပြီး အိပ်ပျော်သွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားတစ်ဦးသေဆုံး
လူတစ်ယောက် မသေဆုံးသင့်ဘဲ သေဆုံးသွားရတာ အရမ်းကို နှမြောဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက်နေ့က ဖုန်းအားသွင်းရင် တန်းလန်းနဲ့ နားကြပ်တပ်သီချင်းနားထောင်ပြီး အိပ်ပျော်သွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ Sinar Harian သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၄ရက် တနင်္လာနေ့ နေ့လည် ၁၂နာရီ ၄၅မိနစ်အချိန်မှာ မိခင်ဖြစ်သူက သားဖြစ်သူ Aidil Azzahar Zaharin ရဲ့အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ထိုကောင်လေးဟာ ဖုန်းကို အားသွင်း နေတဲ့အပြင် နားကြပ်တပ်ပြီး အိပ်ပျော်သွားရင် ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖုန်းအားသွင်းထားတဲ့အခါ ဖုန်းအားသွင်းကြိုး ကနေတစ်ဆင့် နားကြပ်ဆီကို လျှပ်စစ်ကူးသွားပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ခရိုင်ရဲတပ်ဖွဲ့တွေရဲ့ စစ်ဆေးချက်အရ သူ့အမေဟာအလုပ်သို့ သွားမဲ့အချိန် ရနာရီ ၄၅ မိနစ်လောက်မှာ Aidil ဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူ စိတ်ထဲမှာတော့ သူ့သားလေး အိပ်ပျော်နေတယ်လို့ပဲ ထင်မိခဲ့ပါတယ်။

မိခင်ဖြစ်သူ နေ့လည်စာပြန်စားချိန်မှာ သားဖြစ်သူကို အိပ်ယာထဖို့ နှိုးခဲ့ပါတယ်။ Aidil ကို နှိုးဖို့ ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အေးစက်နေပါပြီ။ အဲ့ဒီနောက် အနီးနားမှာရှိတဲ့ ဆေးခန်းကို ဆက်သွယ်မေးမြန်းပြီး ပို့ဆောင်ခဲ့ပေမဲ့ Aidil ဟာ လွန်ခဲ့တဲ့ နာရီအတော်ကြာကတည်းက အသက်မရှိတော့တာလို့ဆိုပါတယ်။ Aidil ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တဲ့အခါမှာ အမည်းကွက်နဲ့ သွေး အနည်းငယ်ထွက်ပြီး ဘယ်ဘက်နားမှာတော့ မီးလောင်တဲ့ အမှတ်အသားတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဖုန်းအားသွင်းကြိုး တန်းလန်းနဲ့ နားကြပ်တပ်ပြီး အိပ်စက်စဉ် ဓာတ်လိုက်သေဆုံးတယ်လို့ စစ်ဆေးချက်အရ အတည်ပြုလိုက်ပါတယ်။

ဒါ့ကြောင့် Aidil လိုမျိုး အလားတူအဖြစ်ဆိုးတွေ မဖြစ်ပေါ်လာအောင် မိဘများအနေနဲ့ ကိုယ့်သားသမီးကို အထူးဂရုစိုက်ပေးဖို့အတွက် Aidil ရဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပေးလိုက်တာဖြစ်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here