ဖုန္းအားသြင္းရင္တန္းလန္းနဲ႔ ဂိမ္းကစားတဲ့ ကေလးငယ္ရဲ႕ ေျဖမဆည္ႏိုင္စရာ အျဖစ္ဆိုး

0
1193
Salsabila
Salsabila

ဒီအျဖစ္အပ်က္ေလးဟာ အင္ဒိုနီးရွားႏိုင္ငံမွာျဖစ္သြားခဲ့တဲ့ အသက္ ၆ႏွစ္အရြယ္ Salsabila အမည္ရွိကေလးငယ္ေလးရဲ႕ ရင္နင့္စရာျဖစ္ရပ္ဆိုးတစ္ခုပဲျဖစ္ပါတယ္။ သူမဟာ ညေန ၄နာရီအခ်ိန္ေလာက္မွာ ဖုန္းအားသြင္းႀကိဳးတန္းလန္းနဲ႔ ဂိမ္းစကားေနခဲ့တာျဖစ္ပါတယ္။ ထိုအခ်ိန္ဟာ မိုးရြာသြန္းေနတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ မိုးႀကိဳးလွ်ပ္စီးဝင္ၿပီး ေရွာ့ျဖစ္ခဲ့တာျဖစ္ပါတယ္။ မိခင္ျဖစ္သူ အသက္ ၃၁ႏွစ္အရြယ္ Windiya ကလည္း အလြန္ထိတ္လန္႔ၿပီး ဖုန္းအားသြင္းႀကိဳးေတြ၊ ပလပ္ေပါက္ေတြကိုျဖဳတ္ခ်လိုက္ေပမဲ့ အေျခအေနကေတာ့ေကာင္းတဲ့အေျခအေနမ်ိဳးမဟုတ္ပါဘူး။

-Advertisement-

Salsabila ကေလးဟာ ေရွာ့ခ္ျဖစ္ခဲ့တဲ့အတြက္ သူမရဲ႕ လက္ေမာင္းနဲ႔ ပါးျပင္ႏွစ္ခုစလုံးမွာ ေရာင္ရမ္းေနၿပီး မီးေလာင္ထားတဲ့ အရည္ၾကည္ဖုေတြထေနပါတယ္။ ဒါ့အျပင္ ရင္ဘက္တစ္ခုလုံးမွာလည္း မီးကၽြမ္းသြားသလို မဲနက္သြားခဲ့ပါတယ္။ ဒီအျဖစ္ကိုျမင္ရတဲ့မိခင္ဟာ ကေလးအတြက္ လူနာတင္ယာဥ္ေခၚဖို႔ေတာင္ ေမ့ေလ်ာ့ခဲ့ၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိေအာင္ အ႐ူးမီးဝိုင္းခဲ့ရပါတယ္။ ကၽြမ္းက်င္သူေတြရဲ႕ အဆိုအရ မေသဆုံးသင့္ဘဲ ေသဆုံးရတဲ့ အေၾကာင္းအရင္းအခ်ိဳ႕ဟာ မိုးခ်ဳန္းတဲ့အခ်ိန္၊ မုန္တိုင္းရွိတဲ့အခ်ိန္၊ မိုးရြာသြန္းတဲ့အခ်ိန္ေတြမွာ ဖုန္းအားသြင္းၿပီး အသုံးျပဳတတ္တဲ့ မွားယြင္းတဲ့အေလ့အထေတြေၾကာင့္လို႔ ဆိုပါတယ္။ အဆိုပါ ဖုန္းအားသြင္းတဲ့ အားသြင္းေခါင္းေတြ၊ အားသြင္းေပါက္ေတြဟာ လွ်ပ္စစ္ရွိတဲ့ ဘယ္ေနရာမဆို လူေတြကို အႏၱရာယ္ေပးေစပါတယ္။ မိုးရြာတဲ့အခ်ိန္အားသြင္းတာဟာ မိုးႀကိဳးကို ဆြဲေဆာင္ေပးတဲ့ အင္တင္နာတစ္ခုလိုပါပဲ အရမ္းကို အႏၱရာယ္မ်ားလြန္းပါတယ္။ ထိုအခ်ိန္မွာျဖစ္ေပၚတဲ့ ေပါက္ကြဲမႈအား အရမ္းကိုေၾကာက္စရာေကာင္းၿပီး ပုံမွန္လွ်ပ္စစ္ေရွာ့ခ္ ဝင္တာထက္ အားလည္းျပင္းပါတယ္။

ဒါ့ေၾကာင့္မိဘေတြအေနနဲ႔ ကိုယ့္သားသမီးေတြ မေသဆုံးသင့္ဘဲ ေသဆုံးရတဲ့ အျဖစ္ဆိုးမ်ိဳးမႀကံဳမိေအာင္ ဂ႐ုတစိုက္နဲ႔ ေစာင့္ေရွာက္ဖို႔လိုအပ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ခ်စ္သူေသတာကိုျမင္ၿပီး ၂၄နာရီအတြင္း ကိုယ့္ကိုကိုယ္ အဆုံးစီရင္လိုက္တဲ့ အမ်ိဳးသမီး

Unicode

ဖုန်းအားသွင်းရင်တန်းလန်းနဲ့ ဂိမ်းကစားတဲ့ ကလေးငယ်ရဲ့ ဖြေမဆည်နိုင်စရာ အဖြစ်ဆိုး
ဒီအဖြစ်အပျက်လေးဟာ အင်ဒိုနီးရှားနိုင်ငံမှာဖြစ်သွားခဲ့တဲ့ အသက် ၆နှစ်အရွယ် Salsabila အမည်ရှိကလေးငယ်လေးရဲ့ ရင်နင့်စရာဖြစ်ရပ်ဆိုးတစ်ခုပဲဖြစ်ပါတယ်။ သူမဟာ ညနေ ၄နာရီအချိန်လောက်မှာ ဖုန်းအားသွင်းကြိုးတန်းလန်းနဲ့ ဂိမ်းစကားနေခဲ့တာဖြစ်ပါတယ်။ ထိုအချိန်ဟာ မိုးရွာသွန်းနေတဲ့ အချိန်ဖြစ်တာကြောင့် မိုးကြိုးလျှပ်စီးဝင်ပြီး ရှော့ဖြစ်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူ အသက် ၃၁နှစ်အရွယ် Windiya ကလည်း အလွန်ထိတ်လန့်ပြီး ဖုန်းအားသွင်းကြိုးတွေ၊ ပလပ်ပေါက်တွေကိုဖြုတ်ချလိုက်ပေမဲ့ အခြေအနေကတော့ကောင်းတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။

Salsabila ကလေးဟာ ရှော့ခ်ဖြစ်ခဲ့တဲ့အတွက် သူမရဲ့ လက်မောင်းနဲ့ ပါးပြင်နှစ်ခုစလုံးမှာ ရောင်ရမ်းနေပြီး မီးလောင်ထားတဲ့ အရည်ကြည်ဖုတွေထနေပါတယ်။ ဒါ့အပြင် ရင်ဘက်တစ်ခုလုံးမှာလည်း မီးကျွမ်းသွားသလို မဲနက်သွားခဲ့ပါတယ်။ ဒီအဖြစ်ကိုမြင်ရတဲ့မိခင်ဟာ ကလေးအတွက် လူနာတင်ယာဉ်ခေါ်ဖို့တောင် မေ့လျော့ခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် အရူးမီးဝိုင်းခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အကြောင်းအရင်းအချို့ဟာ မိုးချုန်းတဲ့အချိန်၊ မုန်တိုင်းရှိတဲ့အချိန်၊ မိုးရွာသွန်းတဲ့အချိန်တွေမှာ ဖုန်းအားသွင်းပြီး အသုံးပြုတတ်တဲ့ မှားယွင်းတဲ့အလေ့အထတွေကြောင့်လို့ ဆိုပါတယ်။ အဆိုပါ ဖုန်းအားသွင်းတဲ့ အားသွင်းခေါင်းတွေ၊ အားသွင်းပေါက်တွေဟာ လျှပ်စစ်ရှိတဲ့ ဘယ်နေရာမဆို လူတွေကို အန္တရာယ်ပေးစေပါတယ်။ မိုးရွာတဲ့အချိန်အားသွင်းတာဟာ မိုးကြိုးကို ဆွဲဆောင်ပေးတဲ့ အင်တင်နာတစ်ခုလိုပါပဲ အရမ်းကို အန္တရာယ်များလွန်းပါတယ်။ ထိုအချိန်မှာဖြစ်ပေါ်တဲ့ ပေါက်ကွဲမှုအား အရမ်းကိုကြောက်စရာကောင်းပြီး ပုံမှန်လျှပ်စစ်ရှော့ခ် ဝင်တာထက် အားလည်းပြင်းပါတယ်။

ဒါ့ကြောင့်မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အဖြစ်ဆိုးမျိုးမကြုံမိအောင် ဂရုတစိုက်နဲ့ စောင့်ရှောက်ဖို့လိုအပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here