ဖိလစ်ပိုင် ကျောင်းသား/ကျောင်းသူတွေကို ဘွဲ့ရဖို့ သစ်ပင် ၁၀ပင် စိုက်ရမယ်ဆိုတဲ့ ဥပဒေသစ်

0
18

မေလ ၁၅ရက်နေ့က ဖိလစ်ပိုင်လွှတ်တော်မှာ ကျောင်းသားတွေကို ဘွဲ့ယူဖို့ ဆန္ဒရှိရင် သစ်ပင် ၁၀ စိုက်ဖို့ လိုအပ်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။

ဥပဒေသစ်မှာ မူလတန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ကောလိပ်ကျောင်းသားကျောင်းသူတွေဟာ ဘွဲ့ရနိင်ဖို့အတွက် မဖြစ်မနေ သစ်ပင် စိုက်ပျိုးရမှာ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်အမတ် ဂယ်ရီအာလီဂျနိုက တင်သွင်းခဲ့တာဖြစ်ပါတယ်။

သူပြောပုံအရ သူ့ရဲ့ အဓိကရည်မှန်းချက်က သဘာဝပတ်ဝန်းကျင် ကာကွယ်စောက်ရှာက်ရေး လည်းဖြစ်သလို မျိုးဆက်အချင်းချင်း တာဝန်ယူမှုကို မြှင့်တင်ဖို့လည်း ဖြစ်ပါတယ်။

အာလီဂျနိုရဲ့ အဆိုအရ အပင်အားလုံးရဲ့ ၁၀ရာခိုင်နှုန်းပဲ ရှင်သန်ရင်တောင် မျိုးဆက်တစ်ဆက်အတွင်းမှာ သစ်ပင် ၅၂၅ မီလီယံ ရရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒါက လူငယ်မျိုးဆက်တွေ ပါဝင်တဲ့ အပြုသဘော ပမာဏ ခြေလှမ်းသာ မဟုတ်ပါဘူး။

အိန္ဒိယကျောင်းတစ်ကျောင်းမှာ ၎င်းတို့ကျောင်းသားတွေကို မြို့အနှံ့မှာ ပျံ့ကြဲနေတဲ့ စွန့်ပစ်ပလတ်စတစ်တွေကို ပြန်သုံးခြင်းနှင့် ကျောင်းကို စုဆောင်း ယူလာပေးခြင်းဖြင့် ကျောင်းလခကင်းလွတ်ခွင့် ပေးထားပါတယ်။

ဒီပမာဏခြေလှမ်းအမျိုးအစားက အာရှနိုင်ငံတွေမှာ စွန့်ပစ်ပလတ်စတစ်နင့် ပတ်သတ်ပြီး အသိပညာပေးဖို့ အကူအညီဖြစ်ခဲ့ပါတယ်။ ဒါက ပညာမသင်နိုင်တဲ့ ကျောင်းသားတွေကို ပိုပြီးပညာရှာခွင့်ပေးတာလည်း ဖြစ်သလို ပလတ်စတစ်တွေကို recycling လုပ်ခြင်းဖြင့် ကျောင်းသားတွေကို ဝင်ငွေတစ်ချို့ရဖို့ ကူညီတာလည်းဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

ZawGyi

ဖိလစ္ပိုင္ ေက်ာင္းသား/ေက်ာင္းသူေတြကို ဘြဲ႕ရဖို႔ သစ္ပင္ ၁၀ပင္ စိုက္ရမယ္ဆိုတဲ့ ဥပေဒသစ္
ေမလ ၁၅ရက္ေန႔က ဖိလစ္ပိုင္လႊတ္ေတာ္မွာ ေက်ာင္းသားေတြကို ဘြဲ႕ယူဖို႔ ဆႏၵရွိရင္ သစ္ပင္ ၁၀ စိုက္ဖို႔ လိုအပ္တဲ့ ဥပေဒတစ္ခုကို ျပဌာန္းခဲ့ပါတယ္။ ဥပေဒသစ္မွာ မူလတန္းေက်ာင္း၊ အထက္တန္းေက်ာင္းႏွင့္ ေကာလိပ္ေက်ာင္းသားေက်ာင္းသူေတြဟာ ဘြဲ႕ရနိင္ဖို႔အတြက္ မျဖစ္မေန သစ္ပင္ စိုက္ပ်ိဳးရမွာ ျဖစ္ပါတယ္။

အဆိုပါ ဥပေဒၾကမ္းကို ကြန္ဂရက္လႊတ္ေတာ္အမတ္ ဂယ္ရီအာလီဂ်ႏိုက တင္သြင္းခဲ့တာျဖစ္ပါတယ္။ သူေျပာပုံအရ သူ႔ရဲ႕ အဓိကရည္မွန္းခ်က္က သဘာဝပတ္ဝန္းက်င္ ကာကြယ္ေစာက္ရွာက္ေရး လည္းျဖစ္သလို မ်ိဳးဆက္အခ်င္းခ်င္း တာဝန္ယူမႈကို ျမႇင့္တင္ဖို႔လည္း ျဖစ္ပါတယ္။

အာလီဂ်ႏိုရဲ႕ အဆိုအရ အပင္အားလုံးရဲ႕ ၁၀ရာခိုင္ႏႈန္းပဲ ရွင္သန္ရင္ေတာင္ မ်ိဳးဆက္တစ္ဆက္အတြင္းမွာ သစ္ပင္ ၅၂၅ မီလီယံ ရရွိလာမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ ဒါက လူငယ္မ်ိဳးဆက္ေတြ ပါဝင္တဲ့ အျပဳသေဘာ ပမာဏ ေျခလွမ္းသာ မဟုတ္ပါဘူး။

အိႏၵိယေက်ာင္းတစ္ေက်ာင္းမွာ ၎တို႔ေက်ာင္းသားေတြကို ၿမိဳ႕အႏွံ႔မွာ ပ်ံ႕ႀကဲေနတဲ့ စြန္႔ပစ္ပလတ္စတစ္ေတြကို ျပန္သုံးျခင္းႏွင့္ ေက်ာင္းကို စုေဆာင္း ယူလာေပးျခင္းျဖင့္ ေက်ာင္းလခကင္းလြတ္ခြင့္ ေပးထားပါတယ္။ ဒီပမာဏေျခလွမ္းအမ်ိဳးအစားက အာရွႏိုင္ငံေတြမွာ စြန္႔ပစ္ပလတ္စတစ္နင့္ ပတ္သတ္ၿပီး အသိပညာေပးဖို႔ အကူအညီျဖစ္ခဲ့ပါတယ္။ ဒါက ပညာမသင္ႏိုင္တဲ့ ေက်ာင္းသားေတြကို ပိုၿပီးပညာရွာခြင့္ေပးတာလည္း ျဖစ္သလို ပလတ္စတစ္ေတြကို recycling လုပ္ျခင္းျဖင့္ ေက်ာင္းသားေတြကို ဝင္ေငြတစ္ခ်ိဳ႕ရဖို႔ ကူညီတာလည္းျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-boredpanda

LEAVE A REPLY

Please enter your comment!
Please enter your name here