Home Celebrity ဖိလစ်ပိုင်နိုင်ငံက မင်းသမီးရှုံးလောက်အောင်လှတဲ့ ၂၃နှစ်အရွယ် ၀ပ်ရှော့ ဆရာမလေး

ဖိလစ်ပိုင်နိုင်ငံက မင်းသမီးရှုံးလောက်အောင်လှတဲ့ ၂၃နှစ်အရွယ် ၀ပ်ရှော့ ဆရာမလေး

0
132
မင်းသမီးရှုံးလောက်အောင်
မင်းသမီးရှုံးလောက်အောင်

ခန္ဓာကိုယ် ကောက်ကြောင်း တွေ၊ ရုပ်ရည်အသွင်အပြင်တွေက မင်းသမီးရှုံးလောက်အောင် လှပပြေပြစ်မှုရှိပေမဲ့ သူမရဲ့ အလုပ်က ကြမ်းတမ်းလှပါတယ်။ သူမရဲ့အလုပ်ဟာ တော်ရုံမိန်းကလေးတွေ ဘယ်သူမှ မလုပ်ကျတဲ့ အလုပ်မျိုးဖြစ်ပြီး ယောက်ျားလေးတွေနဲ့ ရင်ဘောင်းတန်း လုပ်ရတဲ့ စက်ပြင်တဲ့ အလုပ်ပဲဖြစ်ပါတယ်။

သူမဟာ မိဘရဲ့အလုပ်ဖြစ်တဲ့ ကား၀ပ်ရှော့အလုပ်ကို အမွေဆက်ခံပြီး pampanga မှာမြို့မှာတော့ အရမ်းလှပတဲ့ စက်ပြင်ဆရာမလေးဆိုပြီး နာမည်ကြီးနေပါတယ်။ သူမရဲ့ နာမည်က Tantin Legaspi Meneses လိုခေါ်ပြီးသူမဟာ ငယ်စဥ်ကတည်းက တူတွေ၊ ဂွတွေ၊ ၀က်အူလှည့်တွေနဲ့ ရင်နှီးခဲ့သူဖြစ်ပါတယ်။ သူမဟာ စက်ပြင်ပညာကို လက်တွေ့တက်မြောက်ရုံသာမက TESDA Gonzalo Puyat School မှာလည်း စက်မှုပညာကို စာတွေ့ တက်ထားမြောက်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

ငယ်စဥ်ကတည်းက လုပ်ခဲ့တဲ့ အလုပ်တစ်ခုဖြစ်တဲ့အပြင် စာတွေ့ရော လက်တွေ့ပါ သင်ကြားထားတာကြောင့် သူမအတွက်တော့ ဘယ်ကားမျိုးပဲ ဖြစ်ဖြစ် ကောင်းကောင်း ပြုပြင်နိုင်ပါတယ်။ လူမှု့ကွန်ယက်ပေါ်မှာတင်ထားတဲ့ သူမရဲ့ ကြိုးစားပမ်းစား စက်ပြင်နေတဲ့ ပုံရိပ်တွေကနေတစ်ဆင့်လူချစ်လူခင်ပေါ်များလာပြီး လူသိများလာခဲ့ပါတယ်။ အားတဲ့အချိန်တွေမှာ အလှဓာတ်ပုံရိုက်ရတာ ၀ါသနာပါသူမို့ အခုဆိုသူမအတွက် အသက်မွေး၀မ်းကြောင်းအလုပ် နောက်တစ်ခုပါ ထပ်လုပ်နေရပါတယ်။ ဒီအလုပ်ကတော့ အလွတ်တန်း မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်ရတဲ့ အလုပ်ဖြစ်ပြီး Cosplayer အဖြစ်လဲ ဆုတွေအများကြီးရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဟောလီဝုဒ်ရုပ်ရှင်ထဲက နာမည်ကြီးဇာတ်ကောင်တွေရဲ့ နောက်ကွယ်က သရုပ်ဆောင်တွေ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here