ဖိနပ်အသစ်တွေ မဝယ်ခင်မှာ စဉ်းစားဖို့ လိုအပ်တဲ့ အရာ(၅)ခု

0
236

Marilyn Monroe ပြောတဲ့ ‘မိန်းကလေးတစ်ယောက်ကို မှန်ကန်တဲ့ ဖိနပ်တွေပေးပါ။ သူမ ကမ္ဘာကို အောင်နိုင်လိမ့်မယ်’ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဖိနပ်ကောင်းတစ်ရံကို ရှာဖွေခြင်းက သင့်ကို အံ့သြစရာကောင်းပြီး ယုံကြည်မှုရှိစေနိုင်တယ်ဆိုတာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဖက်ရှင်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိချင်တဲ့ အမျိုးသမီးတစ်ယောက်အတွက် ဖိနပ်ရွေးချယ်မှု မှန်ကန်ဖို့က အရေးကြီးပါတယ်နော်။ ဒါ့ကြောင့် ပျိုမေတို့ရဲ့ ပါစင်နယ်လိုအပ်ချက်များနှင့်အညီ ဖိနပ်စီးမှု ပုံစံကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးဖို့ image အကြံပေး Laura Malpeli de Jordaan ဆီက အကြံဉာဏ်လေးတွေကို မျှဝေပေးချင်ပါတယ်။

-Advertisement-

၁။ ဒေါက်အနိမ့်/အမြင့်

ခြေထောက်တုတ်တဲ့ အမျိုးသမီးတွေအနေနဲ့ စကတ်နှင့် ဒေါက်ပါးတဲ့ ရှူးဖိနပ်တွေကို တွဲဝတ်မယ်ဆိုရင် ခြေထောက်တွေကို ပိုတုတ်စေတယ်လို့ အကြံပေးက ဆိုပါတယ်။ ခြေသလုံးနှင့် ခြေကျင်းဝတ်တုတ်တဲ့သူတွေဟာ မနိမ့်လွန်း၊ မမြင့်လွန်းတဲ့ ဒေါက် ဖိနပ်တစ်ရံကို ရွေးချယ်ပါ။

သေးသွယ်တဲ့ ခြေထောက်များ

သေးသွယ်တဲ့ ခြေထောက်တွေအတွက် အကောင်းဆုံးဖိနပ်ကတော့ ankle boots. လိုခြေကျင်းဝတ်မှာ details ပါတဲ့ ဖိနပ်တွေဖြစ်ပါတယ်။ သားရေပျော့ဖိနပ်တွေက ခြေသလုံးတွေကို ပိုပြည့်လာအောင် ကူညီနိုင်ပါတယ်။ ခြေထောက်ပြည့်ပြည့်လေး ဖြစ်စေဖို့အတွက် ခြေကျင်းဝတ်ကို အသားပေးထားတဲ့ ဖိနပ်ကို ရှောင်သင့်ပါတယ်။

ခြေထောက်အတို/အရှည်

ခြေထောက်တိုတဲ့သူဆိုရင် ပျိုမေတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားကို မမျှတစေတာကြောင့် ခြေကျင်းဝတ်ကို အလေးပေးထားတဲ့ ဖိနပ်တွေ၊ ရှေ့ပိတ်ရှူးဖိနပ်ပါးတွေကို ဝတ်ဆင်ဖို့ မသင့်ပါဘူး။
ခြေထောက်ရှည်တဲ့ အမျိုးသမီးတွေအတွက် ဘယ်ဖိနပ်မျိုးမဆို သင့်လျော်ပါတယ်။

၂။ နေရာပေါ်မူတည်ပြီး သင့်တော်တဲ့ ဖိနပ်ကို ရွေးချယ်ပါ

ကာလဒေသကိုလိုက်ပြီး မှန်ကန်တဲ့ဖိနပ်ကို ရွေးချယ်ခြင်းဟာ impression ကောင်းကို ဖန်တီးနိုင်ပြီး ကွာခြားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေခံသဘောတရားကို ဖိနပ်အမျိုးအစားအားလုံးမှာ အသုံးပြုသင့်ပါတယ်။ informal အရမ်းမဖြစ်ဖို့လည်း အရေးကြီးပါတယ်။
ဒေါက်အမြင့်ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် သင်သုံးမယ့်အချိန်ပေါ်မှာ မူတည်ပြီး သူတို့ကို ဝတ်ဆင်ပါ။ ကျန်းမာရေး ကျွမ်းကျင်သူများက ဒေါက်ဖိနပ်ဟာ ၃စင်တီမီတာမှ ၅စင်တီမီတာကြား ရှိသင့်တယ်လို့ ဆိုပါတယ်။ ဒါ့က ခြေချောင်းလေးတွေပေါ်မှာ ဖိအားနည်းစေပြီး သင့်ခန္ဓာကိုယ်အလေးချိန်ကို ပိုညီမျှစေနိုင်ပါတယ်။ ဒီထက်ပိုမြင့်တာကို စီးဖို့လိုပါက ခြေထောက်ပေါ်မှာ ကိုယ်အလေးချိန်ကို balance ဖြစ်စေပြီး လိုချင်တဲ့အမြင့်ကို ရနိုင်တဲ့ တစ်ပြေးညီ ခုံထူဖိနပ်လေးတွေကို စီးကြည့်ပါ။

၃။ အရောင်

ဖိနပ်ရဲ့ အရောင်ကလည်း အဆုံးအဖြတ်ပေးတဲ့ အချက်တစ်ခုဖြစ်နိုင်ပါတယ်။ ကြိုးထိုး အနက်ရောင်ဖိနပ်မြင့်က အရပ်မြင့်တဲ့ မိန်းကလေးတွေနဲ့ ကြည့်ကောင်းပေမယ့် အရပ်ပုတဲ့ မိန်းကလေးတွေအတွက်တော့ ခြေထောက်ကို ပိုသေးသွားစေတာကြောင့် ကြည့်မကောင်းပါဘူး။

မနုလွန်းမရင့်လွန်းတဲ့ ဖိနပ်အရောင်တွေက အမြင်မှာ ခြေထောက်တွေကို ရှည်သွယ်စေပါတယ်။ ဒါ့ကြောင့် သင်ဟာ အရပ်ပုတဲ့သူဖြစ်ရင် အသားရောင် လေဒီရှူးဒေါက်မြင့်လေးတွေက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်။ ကိုယ့်အသားအရောင်နှင့် နီးစပ်တဲ့ အရောင်ကို ရွေးချယ်ဖို့ အကြံပြုပါတယ်။ သင့်ဖိနပ်အရောင်ဟာ အဝတ်အစားအရောင်နှင့် လိုက်ဖက်နေရမှာကိုလည်း မမေ့သင့်ပါဘူး။

၄။ အမြင်အာရုံသက်ရောက်မှုများ

ထိပ်ချွန်ဖိနပ်တွေက အထူးသဖြင့် အရောင်တူ ဘောင်းဘီရှည်နှင့် တွဲဝတ်လျှင် စတိုင်ကျပြီး ခြေထောက်ကို ရှည်သွယ်သယောင် ဖန်တီးပေးလေ့ရှိပါတယ်။ အရပ်ပိုရှည်တဲ့ပုံ ပေါ်ချင်သူတွေအတွက် ဒီပေါင်းစပ်မှုကို အကြံပြုလိုပါတယ်။ ဒါက ခြေထောက်အရမ်းသေးသွယ်တဲ့ သူတွေအတွက်တော့ မလိုက်ဖက်ပါဘူးနော်။

Square toe ရှူးဖိနပ်တွေက သင့်ခြေထောက်တွေကို အမြင်အာရုံမှာ အနည်းငယ် ချဲ့ပေးနိုင်ပါတယ်။ ခြေကျင်းဝတ်ကျယ်တဲ့သူတွေတော့ ရှောင်ရှားသင့်ပါတယ်။ ထိပ်ပိတ်လုံးဝန်းတဲ့ ရှူးဖိနပ်တွေက သင့်ခြေထောက်တွေကို အမြင်အာရုံမှာ ချဲ့နိုင်ပါတယ်။ ထို့အပြင် ထိပ်ချွန်ရှူးဖိနပ်တွေနှင့် နှိုင်းယှဉ်ရင် ပိုပြီး သက်တောင့်သက်သာရှိစေနိုင်ပါတယ်။

၅။ စတိုင်

စတိုင်ကျဖို့ဟာ စဉ်းစားရမယ့် အရေးအကြီးဆုံးကဏ္ဍ ဖြစ်ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေက ဘယ်အချက်ကိုပဲ ဖော်ပြပါစေ၊ အကောင်းဆုံးဖိနပ်တွေက ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေပြီး ကိုယ့်ရဲ့ စတိုင်ကို ထင်ဟပ်စေမှာပါ။ မိန်းကလေးဆန်တဲ့ အမျိုးသမီးတွေဟာ sneakers တွေ၊ ဖိနပ်အပါးတွေကို ဝတ်ဆင်ခြင်းထက် ဒေါက်မြင့်ဖိနပ်တွေကို ပိုနှစ်သက်ကြပါတယ်။ သို့သော် ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးပုံစံကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေအနေနဲ့ ဒေါက်မပါတဲ့ ဖိနပ်တွေ၊ ဒေါက်နိမ့်တဲ့ ဖိနပ်တွေနှင့် ပိုအဆင်ပြေမှာ သေချာပါတဘ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here