ဖခင်တွေအနေနဲ့ ၉လမလွယ်ခဲ့ရပေမယ့်လည်း မွေးကင်းစကလေးနဲ့ သံယောဇဉ်ခိုင်မြဲစေနိုင်မယ့် နည်းလမ်း (၁၀)ခု

0
99

ဖခင်တွေဟာ များသောအားဖြင့် မိခင်တွေလောက် မွေးကင်းစကလေးနှင့်အတူ ရင်းနှီးမှုသိပ်မရှိကြပါဘူ။ မိခင်တွေအနေနဲ့ ၉လလွယ်ထားရတာကြောင့် ဘေဘီလေးနဲ့ ဆက်သွယ်မှုက ပိုပြီး လွယ်ကူစေပါတယ်။ ဒါပေမယ့် ဖခင်တွေလည်း သူတို့လေးတွေ မမွေးဖွားရသေးခင်မှာ ရင်းနှီးမှု ရယူလို့ ရပါတယ်။ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးရဲ့ အနာဂတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တာကြောင့် ဖခင်လောင်းတွေအားလုံးကို မွေးကင်းစ ရင်သွေးလေးနှင့် တတ်နိုင်သမျှ အနီးကပ်ရှိစေလိုပါတယ်။ ဒါ့ကြောင့် ဖေဖေတို့အတွက် ရင်သွေးလေးနှင့်အတူ သံယောဇဉ်ကြိုး ချည်နှောင်နိုင်မယ့် နည်းလမ်းလေးတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

၁။ သူတို့ရဲ့ ပထမဆုံးနာရီတွေကို လျှော့မတွက်ပါနဲ့

ဖခင်နှင့် မွေးကင်းစကလေးတွေ အတူတူကုန်ဆုံးတဲ့ ပထမဆုံးနာရီတွေဟာ ပထမလအတွင်း ဖွံ့ဖြိုးလာတဲ့ နှောင်ကြိုးပေါ်မှာ များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ မွေးဖွားပြီးနောက်ပိုင်း ကလေးနှင့်အတူ အချိန်များစွာ ကုန်လွန်စေတဲ့ အဖေတွေဟာ နောက် ၃လအတွင်းမှာ ကလေးနှင့်အတူ အချိန်ပိုမို ကုန်ဆုံးလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သိကြပါတယ်။ သားအဖ ဆက်ဆံရေးကို ခိုင်မြဲအောင် စတင်ဖို့ဆိုရင် မစောလွန်းပါဘူးနော်။ ကလေးရဲ့ မျက်လုံးတွေကို အနီးကပ်ကြည့်ရှုတာ၊ မျက်လုံးချင်းဆုံစေတာ၊ ချီပိုးတာနှင့် သီချင်းဆိုပေးတာ ပြုလုပ်နိုင်ပါတယ်။

၂။ အသားအရေချင်း ထိတွေ့မှုပေးပါ

သုတေသနပြုချက်အရ ကလေးငယ်ရဲ့ ဦးနှောက်ဟာ အချစ်ဟော်မုန်းလို့ သိကြတဲ့ ဆိုက်တိုဇင်ဟော်မုန်းတွေ ထုတ်လွှတ်စေနိုင်ပါတယ်။ ၎င်းက ကလေးအား အကာအကွယ်ပေးထားပြီး အေးဆေးတည်ငြိမ်စေပါတယ်။ ဒါ့ကြောင့် ဖေဖေတို့အနေနဲ့ ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး ရင်သွေးလေးကို ရင်ဘတ်ပေါ်မှာ ထွေးပွေ့ထားခြင်းဖြင့် ဖခင်နှင့် မွေးကင်းစကလေးအကြား ပိုပြီးရင်းနှီးလာပါလိမ့်မယ်။ ကလေးနှင့် ဖေဖေနှစ်ယောက်စလုံးက အပေါ်ပိုင်းအင်္ကျီဝတ်မထားဖို့လိုပါတယ်။ အနည်းငယ်အေးမယ်ဆိုရင် စောင်နဲ့ အုပ်ထားပေးလိုက်ပါ။

၃။ ကလေးကို ပြုစုစောင့်ရှောက်တဲ့ လှုပ်ရှားမှုများမှာ တတ်ကြွစွာ ပါဝင်ပါ

သုတေသနပြုချက်များအရ ကလေးရဲ့ ဝေယျာဝစ္စတွေကို အနီးကပ်တာဝန်ယူပေးတဲ့ မိဘတွေဟာ မလုပ်ပေးတဲ့ မိဘတွေထက် ပိုမိုရင်းနှီးတဲ့ နှောင်ကြိုးများရှိကြောင်း ပြသခဲ့ပါတယ်။ ဖခင်တွေအနေနဲ့ ဘေဘီလေး ရေချိုးတဲ့အချိန်၊ နို့ချိုတိုက်ကျွေးတဲ့အချိန်၊ အနှီးလဲတဲ့အချိန်၊ သိပ်တဲ့အချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ခြင်းက ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။ ဖေဖေနဲ့ မေမေက တာဝန်တွေကို မျှဝေမယ်ဆိုရင် ကလေးနှင့် ဖခင်ကြားက သံယောဇဉ် ပိုပြီးခိုင်မာ လာစေပါတယ်။

၄။ ကလေးနှင့် ကစားပေးပါ

အများအားဖြင့် မေမေတွေ နို့တိုက်နေတဲ့အချိန်၊ ကလေးငြိမ်ပြီး ပျော်နေတဲ့အချိန်မှာ ဖခင်တွေဟာ ကလေးနှင့်အတူ ကစားပေးလေ့ရှိပါတယ်။ ကလေးနှင့် ကစားပေးခြင်းဟာ ရင်းနှီးမှုကို ပိုရစေပါလိမ့်မယ်။ ကလေးကို ရယ်မောအောင် ပြုလုပ်ခြင်းဖြင့် သူ့တို့မှာ ရှိပြီးသား သဘာဝ ဆက်သွယ်မှုကို ပိုအားကောင်းစေပါလိမ့်မယ်။

၅။ နေ့စဉ်ပုံမှန်လုပ်နေကျ အရာတွေမှာ ပါဝင်ပေးပါ

ကလေးကို ရေချိုးပေးရတဲ့ ကိစ္စတွေက သာမန်ရိုးရှင်းတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်နိုင်သော်လည်း နေ့စဉ် လုပ်ခြင်းဟာ ဖခင်နှင့် သားဖြစ်သူအကြား ဆက်နွယ်မှုကို ဖြစ်ပေါ်စေပါတယ်။ ကလေးတွေဟာ ရေချိုးတဲ့အချိန်မှာ ဖခင်ဖြစ်သူရောက်လာဖို့ မျှော်လင့်ပြီး ဖခင်ရဲ့ ညင်ညင်သာသာနှိပ်ပေးတာကို ခံချင်တာ၊ ရယ်စရာကောင်းတဲ့ မျက်နှာနှင့် သီချင်းဆိုပေးတာကို လိုချင်ကြပါတယ်။

၆။ မျက်လုံးချင်းဆုံပြီး ပြုံးပြပါ

Newborn baby boy sleeping on white blanket

ကလေးငယ်တွေဟာ မွေးကင်းစမှာ အမြင်အာရုံ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါပေမယ့် ကလေးဟာ ခန့်မှန်းခြေအားဖြင့် ၈လက်မမှ ၁၀လက်မ အကွာအဝေးကို မြင်နိုင်တာကြောင့် သူတို့ကိုချီထားစဉ်မှာ ဖခင်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါတယ်။ ကလေးတွေဟာ စူးစမ်းလေ့လာလိုစိတ်၊ သိလိုစိတ်တွေ ရှိကြပါတယ်။ ဒါ့ကြောင့် သူတို့နှင့် မျက်လုံးချင်း ဆုံပေးပြီး ပြုံးပြနိုင်ပါတယ်။ ဘေဘီလေး ၂လလောက်ရောက်တဲ့အခါ ဖေဖေတို့ပြုံးပြရင် ပြန်ပြုံးပြတာကို တွေ့မြင်နိုင်ပါတယ်။

၇။ စာဖတ်ပြပေးပါ

ကလေးတွေဟာ အမိဝမ်းထဲကနေ သူတို့မိဘတွေရဲ့ ဘာသာစကားကို စသင်ယူကြပြီး အသံတွေကို စိတ်ဝင်စားကြပါတယ်။ ဖခင်အနေနဲ့ စိတ်သက်တောင့်သက်သာဖြစ်တဲ့အချိန်၊ ညအချိန်မှာ ကလေးငယ်ကို ပုံပြင်တိုလေးတွေ၊ အကြိုက်ဆုံးမဂ္ဂဇင်းတွေ ဖတ်ပြတာ ပြုလုပ်နိုင်ပါတယ်။ ကလေးငယ်ဟာ ဖခင်ရဲ့ အသံကို ကြားပြီး connect လုပ်လာပါလိမ့်မယ်၊ ဒီအချိန်လေးတွေက ဖခင်နှင့် ကလေးအကြားက နှောင်ကြိုးကို ပိုမိုခိုင်မြဲစေပါတယ်။

၈။ ကလေးကို ချီပိုးပေးပါ

ဘေဘီလေးကို မကြာခဏ ချီပိုးပေးခြင်းက ဘေဘီလေးနဲ့ ဖေဖေတို့အကြားက သံယောဇဉ်ကြိုးကို ခိုင်မြဲစေပါတယ်။ ကလေးငယ်နှင့် နီးကပ်စွာ နေထိုင်ခြင်းက ကလေးတွေ နို့ဆာလား၊ ပူနေလား၊ ကလေးပျင်းနေလား၊ အနှီးလဲဖို့ လိုသလားဆိုတာကို ဖခင်တွေ မြန်မြန် နားလည်စေပါလိမ့်မယ်။

၉။ အလုပ် အသွား၊ အပြန်မှာ ကလေးကိုနှုတ်ဆက်ပါ

အကယ်၍ ဖေဖေတို့က အိမ်အပြင်ဘက်မှာ အလုပ်လုပ်နေရသူဆိုရင် အိမ်ကို ပြန်လာတဲ့အခါ ဘေဘီလေးနဲ့ ဆက်သွယ်မှုကို ခိုင်မာစေဖို့ အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ပထမဆုံး ဘေဘီလေးကို ချီထားပြီး မိနစ်အနည်းငယ်ကြာအောင် မျက်လုံးချင်းဆုံပေးပါ။ အလုပ်မှာ ပင်ပန်းလာသမျှ မေ့သွားပါလိမ့်မယ်။

၁၀။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက စကားပြောပေးပါ

Couple lying in bed together

ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၁၅ပတ်မှစပြီး ကလေးငယ်တွေဟာ မိခင်ရဲ့ အသံနှင့် နှလုံးခုန်သံကို ကြားနိုင်ကြပါတယ်။ သူတို့ဟာ လအတန်ကြာ နားထောင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ လူ့လောကထဲကို ရောက်လာတဲ့အချိန်မှာ ချက်ချင်းအသိအမှတ်ပြုပါလိမ့်မယ်။

ကိုယ်ဝန် ၂၃ပတ်ခန့်မှာ ဘေဘီလေးတွေဟာ ပြင်ပကမ္ဘာမှ အသံများကို နားထောင်နိုင်ပါတယ်။ ဒါ့ကြောင့် ဖေဖေတို့အနေနဲ့ ဗိုက်နားကပ်ပြီး စကားပြောပေးတဲ့အခါတိုင်း သူတို့ မွေးဖွားပြီးတဲ့အချိန်မှာ ဖေဖေတို့ကို အသိအမှတ်ပြုပါလိမ့်မယ်။ မိဘတွေရဲ့ အသံက ကလေးငယ်နှင့် ရင်းနှီးမှု ဖြစ်လာနိုင်တာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ အချိန်တွေမှာ သက်သာစေနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

ဖခင္ေတြအေနနဲ႔ ၉လမလြယ္ခဲ့ရေပမယ့္လည္း ေမြးကင္းစကေလးနဲ႔ သံေယာဇဥ္ခိုင္ၿမဲေစႏိုင္မယ့္ နည္းလမ္း (၁၀)ခု
ဖခင္ေတြဟာ မ်ားေသာအားျဖင့္ မိခင္ေတြေလာက္ ေမြးကင္းစကေလးႏွင့္အတူ ရင္းႏွီးမႈသိပ္မရွိၾကပါဘူ။ မိခင္ေတြအေနနဲ႔ ၉လလြယ္ထားရတာေၾကာင့္ ေဘဘီေလးနဲ႔ ဆက္သြယ္မႈက ပိုၿပီး လြယ္ကူေစပါတယ္။ ဒါေပမယ့္ ဖခင္ေတြလည္း သူတို႔ေလးေတြ မေမြးဖြားရေသးခင္မွာ ရင္းႏွီးမႈ ရယူလို႔ ရပါတယ္။ ဖခင္ရဲ႕ ခ်စ္ျခင္းေမတၱာက ေဘဘီေလးရဲ႕ အနာဂတ္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစႏိုင္တာေၾကာင့္ ဖခင္ေလာင္းေတြအားလုံးကို ေမြးကင္းစ ရင္ေသြးေလးႏွင့္ တတ္ႏိုင္သမွ် အနီးကပ္ရွိေစလိုပါတယ္။ ဒါ့ေၾကာင့္ ေဖေဖတို႔အတြက္ ရင္ေသြးေလးႏွင့္အတူ သံေယာဇဥ္ႀကိဳး ခ်ည္ေႏွာင္ႏိုင္မယ့္ နည္းလမ္းေလးေတြကို လမ္းၫႊန္ေပးလိုက္ပါတယ္။

၁။ သူတို႔ရဲ႕ ပထမဆုံးနာရီေတြကို ေလွ်ာ့မတြက္ပါနဲ႔

ဖခင္ႏွင့္ ေမြးကင္းစကေလးေတြ အတူတူကုန္ဆုံးတဲ့ ပထမဆုံးနာရီေတြဟာ ပထမလအတြင္း ဖြံ႕ၿဖိဳးလာတဲ့ ေႏွာင္ႀကိဳးေပၚမွာ မ်ားစြာ အက်ိဳးသက္ေရာက္ႏိုင္ပါတယ္။ ေမြးဖြားၿပီးေနာက္ပိုင္း ကေလးႏွင့္အတူ အခ်ိန္မ်ားစြာ ကုန္လြန္ေစတဲ့ အေဖေတြဟာ ေနာက္ ၃လအတြင္းမွာ ကေလးႏွင့္အတူ အခ်ိန္ပိုမို ကုန္ဆုံးလာႏိုင္ေၾကာင္း သိပၸံပညာရွင္မ်ားက သိၾကပါတယ္။ သားအဖ ဆက္ဆံေရးကို ခိုင္ၿမဲေအာင္ စတင္ဖို႔ဆိုရင္ မေစာလြန္းပါဘူးေနာ္။ ကေလးရဲ႕ မ်က္လုံးေတြကို အနီးကပ္ၾကည့္ရႈတာ၊ မ်က္လုံးခ်င္းဆုံေစတာ၊ ခ်ီပိုးတာႏွင့္ သီခ်င္းဆိုေပးတာ ျပဳလုပ္ႏိုင္ပါတယ္။

၂။ အသားအေရခ်င္း ထိေတြ႕မႈေပးပါ

သုေတသနျပဳခ်က္အရ ကေလးငယ္ရဲ႕ ဦးေႏွာက္ဟာ အခ်စ္ေဟာ္မုန္းလို႔ သိၾကတဲ့ ဆိုက္တိုဇင္ေဟာ္မုန္းေတြ ထုတ္လႊတ္ေစႏိုင္ပါတယ္။ ၎က ကေလးအား အကာအကြယ္ေပးထားၿပီး ေအးေဆးတည္ၿငိမ္ေစပါတယ္။ ဒါ့ေၾကာင့္ ေဖေဖတို႔အေနနဲ႔ ထိုင္ခုံေပၚမွာ သက္ေတာင့္သက္သာထိုင္ၿပီး ရင္ေသြးေလးကို ရင္ဘတ္ေပၚမွာ ေထြးေပြ႕ထားျခင္းျဖင့္ ဖခင္ႏွင့္ ေမြးကင္းစကေလးအၾကား ပိုၿပီးရင္းႏွီးလာပါလိမ့္မယ္။ ကေလးႏွင့္ ေဖေဖႏွစ္ေယာက္စလုံးက အေပၚပိုင္းအက်ႌဝတ္မထားဖို႔လိုပါတယ္။ အနည္းငယ္ေအးမယ္ဆိုရင္ ေစာင္နဲ႔ အုပ္ထားေပးလိုက္ပါ။

၃။ ကေလးကို ျပဳစုေစာင့္ေရွာက္တဲ့ လႈပ္ရွားမႈမ်ားမွာ တတ္ႂကြစြာ ပါဝင္ပါ

သုေတသနျပဳခ်က္မ်ားအရ ကေလးရဲ႕ ေဝယ်ာဝစၥေတြကို အနီးကပ္တာဝန္ယူေပးတဲ့ မိဘေတြဟာ မလုပ္ေပးတဲ့ မိဘေတြထက္ ပိုမိုရင္းႏွီးတဲ့ ေႏွာင္ႀကိဳးမ်ားရွိေၾကာင္း ျပသခဲ့ပါတယ္။ ဖခင္ေတြအေနနဲ႔ ေဘဘီေလး ေရခ်ိဳးတဲ့အခ်ိန္၊ ႏို႔ခ်ိဳတိုက္ေကြၽးတဲ့အခ်ိန္၊ အႏွီးလဲတဲ့အခ်ိန္၊ သိပ္တဲ့အခ်ိန္ေတြမွာ ကူညီေပးႏိုင္ပါတယ္။ ကေလးတစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ျခင္းက ခက္ခဲတဲ့အလုပ္ျဖစ္ပါတယ္။ ေဖေဖနဲ႔ ေမေမက တာဝန္ေတြကို မွ်ေဝမယ္ဆိုရင္ ကေလးႏွင့္ ဖခင္ၾကားက သံေယာဇဥ္ ပိုၿပီးခိုင္မာ လာေစပါတယ္။

၄။ ကေလးႏွင့္ ကစားေပးပါ

အမ်ားအားျဖင့္ ေမေမေတြ ႏို႔တိုက္ေနတဲ့အခ်ိန္၊ ကေလးၿငိမ္ၿပီး ေပ်ာ္ေနတဲ့အခ်ိန္မွာ ဖခင္ေတြဟာ ကေလးႏွင့္အတူ ကစားေပးေလ့ရွိပါတယ္။ ကေလးႏွင့္ ကစားေပးျခင္းဟာ ရင္းႏွီးမႈကို ပိုရေစပါလိမ့္မယ္။ ကေလးကို ရယ္ေမာေအာင္ ျပဳလုပ္ျခင္းျဖင့္ သူ႔တို႔မွာ ရွိၿပီးသား သဘာဝ ဆက္သြယ္မႈကို ပိုအားေကာင္းေစပါလိမ့္မယ္။

၅။ ေန႔စဥ္ပုံမွန္လုပ္ေနက် အရာေတြမွာ ပါဝင္ေပးပါ

ကေလးကို ေရခ်ိဳးေပးရတဲ့ ကိစၥေတြက သာမန္႐ိုးရွင္းတဲ့ လုပ္ေဆာင္မႈတစ္ခု ျဖစ္ႏိုင္ေသာ္လည္း ေန႔စဥ္ လုပ္ျခင္းဟာ ဖခင္ႏွင့္ သားျဖစ္သူအၾကား ဆက္ႏြယ္မႈကို ျဖစ္ေပၚေစပါတယ္။ ကေလးေတြဟာ ေရခ်ိဳးတဲ့အခ်ိန္မွာ ဖခင္ျဖစ္သူေရာက္လာဖို႔ ေမွ်ာ္လင့္ၿပီး ဖခင္ရဲ႕ ညင္ညင္သာသာႏွိပ္ေပးတာကို ခံခ်င္တာ၊ ရယ္စရာေကာင္းတဲ့ မ်က္ႏွာႏွင့္ သီခ်င္းဆိုေပးတာကို လိုခ်င္ၾကပါတယ္။

၆။ မ်က္လုံးခ်င္းဆုံၿပီး ၿပဳံးျပပါ

ကေလးငယ္ေတြဟာ ေမြးကင္းစမွာ အျမင္အာ႐ုံ အျပည့္အဝ မဖြံ႕ၿဖိဳးေသးပါဘူး။ ဒါေပမယ့္ ကေလးဟာ ခန္႔မွန္းေျခအားျဖင့္ ၈လက္မမွ ၁၀လက္မ အကြာအေဝးကို ျမင္ႏိုင္တာေၾကာင့္ သူတို႔ကိုခ်ီထားစဥ္မွာ ဖခင္ရဲ႕ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ခြဲျခားႏိုင္ပါတယ္။ ကေလးေတြဟာ စူးစမ္းေလ့လာလိုစိတ္၊ သိလိုစိတ္ေတြ ရွိၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ႏွင့္ မ်က္လုံးခ်င္း ဆုံေပးၿပီး ၿပဳံးျပႏိုင္ပါတယ္။ ေဘဘီေလး ၂လေလာက္ေရာက္တဲ့အခါ ေဖေဖတို႔ၿပဳံးျပရင္ ျပန္ၿပဳံးျပတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

၇။ စာဖတ္ျပေပးပါ

ကေလးေတြဟာ အမိဝမ္းထဲကေန သူတို႔မိဘေတြရဲ႕ ဘာသာစကားကို စသင္ယူၾကၿပီး အသံေတြကို စိတ္ဝင္စားၾကပါတယ္။ ဖခင္အေနနဲ႔ စိတ္သက္ေတာင့္သက္သာျဖစ္တဲ့အခ်ိန္၊ ညအခ်ိန္မွာ ကေလးငယ္ကို ပုံျပင္တိုေလးေတြ၊ အႀကိဳက္ဆုံးမဂၢဇင္းေတြ ဖတ္ျပတာ ျပဳလုပ္ႏိုင္ပါတယ္။ ကေလးငယ္ဟာ ဖခင္ရဲ႕ အသံကို ၾကားၿပီး connect လုပ္လာပါလိမ့္မယ္၊ ဒီအခ်ိန္ေလးေတြက ဖခင္ႏွင့္ ကေလးအၾကားက ေႏွာင္ႀကိဳးကို ပိုမိုခိုင္ၿမဲေစပါတယ္။

၈။ ကေလးကို ခ်ီပိုးေပးပါ

ေဘဘီေလးကို မၾကာခဏ ခ်ီပိုးေပးျခင္းက ေဘဘီေလးနဲ႔ ေဖေဖတို႔အၾကားက သံေယာဇဥ္ႀကိဳးကို ခိုင္ၿမဲေစပါတယ္။ ကေလးငယ္ႏွင့္ နီးကပ္စြာ ေနထိုင္ျခင္းက ကေလးေတြ ႏို႔ဆာလား၊ ပူေနလား၊ ကေလးပ်င္းေနလား၊ အႏွီးလဲဖို႔ လိုသလားဆိုတာကို ဖခင္ေတြ ျမန္ျမန္ နားလည္ေစပါလိမ့္မယ္။

၉။ အလုပ္ အသြား၊ အျပန္မွာ ကေလးကိုႏႈတ္ဆက္ပါ

အကယ္၍ ေဖေဖတို႔က အိမ္အျပင္ဘက္မွာ အလုပ္လုပ္ေနရသူဆိုရင္ အိမ္ကို ျပန္လာတဲ့အခါ ေဘဘီေလးနဲ႔ ဆက္သြယ္မႈကို ခိုင္မာေစဖို႔ အခြင့္ေကာင္းတစ္ခု ျဖစ္လာႏိုင္ပါတယ္။ အလုပ္ၿပီးလို႔ အိမ္ျပန္ေရာက္တဲ့အခါ ပထမဆုံး ေဘဘီေလးကို ခ်ီထားၿပီး မိနစ္အနည္းငယ္ၾကာေအာင္ မ်က္လုံးခ်င္းဆုံေပးပါ။ အလုပ္မွာ ပင္ပန္းလာသမွ် ေမ့သြားပါလိမ့္မယ္။

၁၀။ ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက စကားေျပာေပးပါ

ကိုယ္ဝန္ေဆာင္ခ်ိန္ ရက္သတၱပတ္ ၁၅ပတ္မွစၿပီး ကေလးငယ္ေတြဟာ မိခင္ရဲ႕ အသံႏွင့္ ႏွလုံးခုန္သံကို ၾကားႏိုင္ၾကပါတယ္။ သူတို႔ဟာ လအတန္ၾကာ နားေထာင္ၾကပါလိမ့္မယ္။ ဒါ့ေၾကာင့္ သူတို႔ လူ႔ေလာကထဲကို ေရာက္လာတဲ့အခ်ိန္မွာ ခ်က္ခ်င္းအသိအမွတ္ျပဳပါလိမ့္မယ္။

ကိုယ္ဝန္ ၂၃ပတ္ခန္႔မွာ ေဘဘီေလးေတြဟာ ျပင္ပကမာၻမွ အသံမ်ားကို နားေထာင္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဖေဖတို႔အေနနဲ႔ ဗိုက္နားကပ္ၿပီး စကားေျပာေပးတဲ့အခါတိုင္း သူတို႔ ေမြးဖြားၿပီးတဲ့အခ်ိန္မွာ ေဖေဖတို႔ကို အသိအမွတ္ျပဳပါလိမ့္မယ္။ မိဘေတြရဲ႕ အသံက ကေလးငယ္ႏွင့္ ရင္းႏွီးမႈ ျဖစ္လာႏိုင္တာေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေစတဲ့ အခ်ိန္ေတြမွာ သက္သာေစႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here