ဖက်ရှင်မော်ဒယ်တွေနဲ့ ဂလိုဘယ်စတားတွေကြားထဲမှာ တွေ့လိုက်ရတဲ့ ဆောင်းဟေကျို

0
142

တောင်ကိုရီးယား မင်းသမီး ဆောင်းဟေကျိုဟာ မကြာသေးမီက မင်းသမီး Natalie Portman နှင့် မော်ဒယ် Natalia Vodianova အပါအဝင် ဖက်ရှင်အသိုင်းအဝိုင်းနှင့် ဂလိုဘယ်စတားတွေကြားမှာ တွေ့လိုက်ရပါတယ်။

-Advertisement-

ဇူလိုင်လ ၁၂ရက်နေ့တွင် မိုနာကိုမှာ ပြုလုပ်တဲ့ Chaumet လက်ဝတ်ရတနာ brand မိတ်ဆက်ပွဲမှ ဆောင်းဟေကျိုရဲ့ ဓါတ်ပုံများကို W Korea ကဖြန့်ချီခဲ့ပါတယ်။

မင်းသမီး ဆောင်းဟေကျိုဟာ အာရှ Chaumet brand ရဲ့ ambassadorတစ်ယောက်အဖြစ် ဒီပွဲကို တတ်ရောက်ခဲ့ပါတယ်၊

အတွင်းသတင်းများအရ ဆောင်းဟေကျိုဟာ မင်းသမီး Natalie Portman နှင့်အတူ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိကြောင်း ဖော်ပြခဲ့ပါတယ်။ သူမဟာ Dior brand ပွဲမတိုင်ခင် မြောက်မြားစွာသော ပွဲအခမ်းအနားတွေမှာ မင်းသမီးနှင့်အတူ တွေ့ဆုံခဲ့ပါတယ်။

မင်းသမီးဆောင်းဟေကျိုဟာ ဆောင်းဂျွန်ကီနှင့် ကွာရှင်းပြီးနောက် တရုတ်နိုင်ငံတွင် ပရိတ်သတ်ရှေ့ကို ပထမဆုံးထွက်ခဲ့ပြီးကတည်းက ပြည်ပမှာ သူမရဲ့ schedules တွေကို တတ်ရောက်နေဆဲဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi


Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here