အခုနောက်ပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း အရမ်းကိုများပြားပြီး ရွေးချယ်စရာတွေလည်းရှိလာပါတယ်။ ဖက်ရှင်ပိုင်းကို စိတ်ဝင်စားပေမယ့် မော်ဒယ်လည်းမလုပ်ချင်ဘူးဆိုတဲ့ အမျိုးသမီးတို့အတွက် ရွေးချယ်စရာ အလုပ်အကိုင်တွေလည်း ရှိပါသေးတယ်နော်။
Fashion Designer
Fashion ကို တကယ်စိတ်ဝင်စားပြီး အလုပ်တစ်ခုအနေနဲ့ လုပ်ကိုင်ချင်တယ်ဆိုရင်တော့ Designer ဆိုရင်လည်း အခြေတကျဖြစ်မှာပါ။ သူများဝတ်ဖို့အတွက် နောက်ဆုံးပေါ်ဖြစ်ပြီး အလှဆုံးဖြစ်စေမယ့် ဒီဇိုင်းမျိုးလေးတွေကို စဉ်းစားပေးပြီး ဖန်တီးချုပ်လုပ်ပေးရတာဆိုတော့ ဖက်ရှင်ဝါသနာရှင်တို့အတွက် အခွင့်အလမ်းကောင်းတွေပါ။

Fashion Editor
ဒီအလုပ်မျိုးကတော့ စာရေးရတာကိုဝါသနာပါတဲ့သူတွေအတွက် စဉ်းစားပေးသင့်တဲ့အလုပ်တစ်ခုပါ။ မဂ္ဂဇင်းတွေမှာပဲဖြစ်ဖြစ်၊ ဝက်ဘ်ဆိုဒ်တွေမှာပဲဖြစ်ဖြစ် Fashion နဲ့ပတ်သက်တဲ့အကြောင်းတွေကို ဖော်ပြရင်းနဲ့ Fashion Editor တစ်ယောက်အနေနဲ့လည်း ရပ်တည်လို့ရပါတယ်။

Fashion Blogger
Fashion ပိုင်းကိုအရမ်းစိတ်ဝင်စားပြီး အသစ်သစ်တွေကို တွေးတောကြံဆနိုင်မယ်၊ ဘယ်လိုအရာတွေခေတ်စားနေတယ်၊ ဘယ်လိုမျိုးတွေကို ဝတ်ဆင်သင့်တယ်ဆိုတာတွေကို လူအများသိအောင် အကြံပေးနိုင်မယ်ဆိုရင်တော့ Fashion Blogger တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ပါတယ်။

တကယ်ကိုဖက်ရှင်နဲ့ ပတ်သက်လာရင် ဝါသနာအရမ်းပါပြီး ကိုယ့်ဘဝအတွက် ရပ်တည်နိုင်မယ့် လုပ်ငန်းမျိုးကိုလုပ်ကိုင်ချင်တယ်ဆိုရင်တော့ ဒီ Fashion Career တွေက သင်နဲ့အလိုက်ဖက်ဆုံးဖြစ်လာမှာပါ။
Lifestyle_Myanmar
ref-threadcurve