ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်လိုသူတိုင်း သိထားသင့်တဲ့ အမှားနဲ့အမှန်များ

0
814

အဝတ်အစားကတော့ နေ့စဥ်နေ့တိုင်း မဝတ်မဖြစ် ဝတ်နေရတဲ့ အရာတစ်ခုပါ။ ဒီလိုနေ့စဥ်လုပ်နေရတဲ့အတွက်ကြောင့်လည်း တစ်ခါတစ်လေကျရင် မှန်တယ် မှားတယ်ဆိုပြီးတော့တောင် မသိတော့ဘဲ ဒီအတိုင်း တွေ့ရာကောက်ဝတ်လိုက်တာမျိုးကနေ အချိန်ကြာလာတော့ အကျင့်ပါသွားတတ်ပါတယ်။ ကိုယ်က အိမ်မှာပဲ အချိန်ပြည့်နေတာမဟုတ်တဲ့အတွက် အပြင်သွားတဲ့အခါမှာလည်း အိမ်မှာနေသလို အမှားတွေမလုပ်မိစေဖို့အတွက် သိထားရမယ့်အချက်လေးတွေ ရှိပါတယ်။

ဖက်ရှင်ကျဖို့အတွက် အဝတ်အစားအသစ်တွေ၊ လက်ဝတ်လက်စားအသစ်တွေကို အမြဲတမ်းဝယ်ဝတ်၊ ဝယ်သုံးနေစရာမလိုပါဘူး။ ကိုယ့်မှာရှိပြီးသားတွေနဲ့ပဲကို သေချာဝတ်တတ်မယ်ဆိုရင် စတိုင်ကျဖို့ဆိုတာ အင်မတန်လွယ်ကူသွားပါပြီ။ ဒါကြောင့် ဝတ်စားဆင်ယင်မှုပိုင်းနဲ့ပတ်သက်လို့ လူအများအမြင်မှာ ကဲ့ရဲ့ခံစရာမဖြစ်စေဖို့အတွက် အခုပြောပြပေးမယ့်အချက်လေးတွေကို သေချာဖတ်ထားလိုက်ပါ။

၁။ အနက်ရောင်နှင့် အညိုရောင် သို့မဟုတ် အနက်ရောင်နှင့် နက်ပြာရောင်ကို တွဲဝတ်ခြင်း

ရှောင်ရန် – အညိုရင့်ရောင်နှင့် အနက်ရောင်ကို တွဲမဝတ်မိပါစေနဲ့။ ထိုအရောင်နှစ်ခုက တစ်ခုနဲ့တစ်ခု မလိုက်ဖက်တဲ့အတွက်ကြောင့် ကြည့်မကောင်းဖြစ်သွားစေနိုင်ပါတယ်။
ဆောင်ရန် – အသားရောင်ဖျော့ဖျော့ဖိနပ်ကို အနက်ရောင်နှင့် အဖြူရောင်အစင်းကျား သို့မဟုတ် အနက်ရောင် ဂါဝန် သိုမ့ဟုတ် အပေါ်အကျီနဲ့ တွဲဝတ်ပေးပါ။

၂။ အတွင်းခံအရာများ

ရှောင်ရန် – ပါးလွှာတဲ့ အသားကပ်ဘောင်းဘီအောက်မှာ ပန်းရောင်ရင့်ရင့် အတွင်းခံကို လုံးဝမဝတ်ပါနဲ့။
ဆောင်ရန် – အသားကပ်ဘောင်းဘီတွေကနေတဆင့် မမြင်ရလောက်မယ့် အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

၃။ ဘရာကြိုးများ ပေါ်နေခြင်း

ရှောင်ရန် – ကြိုးပါတဲ့ အတွင်းခံဘရာတွေကို လည်ပင်းဟိုက်တဲ့ သို့မဟုတ် ကျယ်တဲ့ အပေါ်အကျီတွေနဲ့ တွဲမဝတ်ပါနဲ့။
ဆောင်ရန် – ကိုယ်ကကြိုးပါတဲ့ဘရာကိုမှ ဝတ်ချင်တယ်ဆိုရင် လည်ပင်းလုံခြုံတဲ့ အကျီတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ပြောင်းပြန်အနေနဲ့ လည်ပင်းသားပေါ်စေတဲ့ အကျီလေးတွေဝတ်ချင်ရင် ဘရာကြိုးမပါတဲ့ အတွင်းခံတွေကို ရွေးချယ်ပါ။

၄။ ဒေါက်အရမ်းမြင့်တဲ့ ဖိနပ်များစီးခြင်း

ရှောင်ရန် – ကိုယ့်အတွက် အရမ်းမြင့်ပြီးတော့ သက်သောင့်သက်သာမရှိမယ့် ဖိနပ်တွေကို ဝယ်မစီးပါနဲ့။ မတော်တဆ ခြေထောက်ခေါက်သွားပါက ခြေချင်းဝတ်လည်သွားနိုင်ပါတယ်။
ဆောင်ရန် – နေ့စဥ်နေ့တိုင်း သွားလာရလည်းအဆင်ပြေပြီး ပွဲလမ်းသဘင်တွေနဲ့လည်း လိုက်ဖက်မယ့် အနေအထားရှိတဲ့ ဒေါက်အမြင့်ဖိနပ်ကိုသာ ဝယ်စီးလိုက်ပါ။ သက်သောင့်သက်သာရှိတဲ့အတွက် လမ်းလျှောက်ရတာအဆင်ပြေကာ ယုံကြည်မှုရှိတဲ့ပုံလည်း ပေါ်စေနိုင်ပါတယ်။

၅။ အရမ်းသေးငယ်တဲ့ အဝတ်အစားများ

ရှောင်ရန် – လွန်ခဲ့တဲ့နှစ်တွေကတည်းက ကိုယ်နဲ့မတော်ချင်တော့တဲ့ ဂျင်းဘောင်းဘီတွေကို ဆက်မဝတ်ပါနဲ့တော့။ ကိုယ်နဲ့အံဝင်ကွင်ကျဖြစ်တဲ့ အဝတ်အစားတွေကို ပြောင်းဝတ်လို့ ဘာမှမဖြစ်ပါဘူး။ အကျီတွေလည်း အတူတူပါပဲ။ ကိုယ်နဲ့မတော်တော့တဲ့ အကျီတွေကို ဆက်ဝတ်နေမယ်ဆိုပါက အင်မတန်ကြပ်ထုပ်ပြီးတော့ ဘယ်လိုမှ ကြည့်လို့မလှဖြစ်စေနိုင်ပါတယ်။
ဆောင်ရန် – ကိုယ်နဲ့ကွက်တိကျပြီးတော့ ကိုယ်နဲ့လိုက်တဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ ကိုယ်နဲ့မတော်တော့တဲ့ အဝတ်အစားတွေကို လိုတဲ့သူတွေကို ပြန်မျှလိုက်တာ သို့မဟုတ် ဝိတ်ချတာမျိုး ပြုလုပ်ပါ။

၆။ ခါးတိုအကျီများနှင့် Low-rise ဂျင်းဘောင်းဘီများ

ရှောင်ရန် – ခါးကတိုလွန်းလို့ ဟိုးအောက်ထိရောက်နေတဲ့ အကျီအဝတ်အစားတွေက ခန္ဓာကိုယ်ကို ကြည့်လို့လှစေပေမယ့်လည်း ထိုပုံစံနဲ့ အပြင်ထွက်လို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
ဆောင်ရန် – ခါးတိုအကျီလေးတွေကို ဝတ်ချင်တယ်ဆိုရင်တော့ Low-rise ဂျင်းဘောင်းဘီတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်ပေးလိုက်ပါ။ အကျီခါးတိုပေမယ့် ဘောင်းဘီခါးက ရှည်နေတဲ့အတွက် သိသာတော့မှာမဟုတ်ပါဘူး။

၇။ အပေါ်အောက်အရောင်ဆင်တူဝတ်ခြင်း

ရှောင်ရန် – အနီရောင်ဘောင်းဘီတွေကို အပေါ်အနီရောင်အကျီနဲ့ တွဲမဝတ်ပါနဲ့။ ဒီလိုတွဲဝတ်တာတွေက လျှောက်လမ်းပေါ်က မော်ဒယ်လ်တွေအတွက်သာ အဆင်ပြေနိုင်ပါတယ်။
ဆောင်ရန် – အောက်က အရောင်ရင့်ရင့် ဂျင်းဘောင်းဘီတွေဝတ်မယ်ဆိုရင် အပေါ်က အရောင်နုတဲ့အကျီတွေကို ဝတ်ပေးပါ။ အနက်ဝမ်းဆက်တော့ ဝတ်လို့ရပေမယ့်လည်း သေချာလိုက်ဖက်မှုရှိတဲ့ အနက်ကိုရွေးမိအောင်တော့ ကြိုးစားရပါလိမ့်မယ်။

Lifestyle_Myanmar

Thinzar

Source: hercampus

Zawgyi

ဖက္ရွင္က်က် ဝတ္စားဆင္ယင္လိုသူတိုင္း သိထားသင့္တဲ့ အမွားနဲ႔အမွန္မ်ား

အဝတ္အစားကေတာ့ ေန႔စဥ္ေန႔တိုင္း မဝတ္မျဖစ္ ဝတ္ေနရတဲ့ အရာတစ္ခုပါ။ ဒီလိုေန႔စဥ္လုပ္ေနရတဲ့အတြက္ေၾကာင့္လည္း တစ္ခါတစ္ေလက်ရင္ မွန္တယ္ မွားတယ္ဆိုၿပီးေတာ့ေတာင္ မသိေတာ့ဘဲ ဒီအတိုင္း ေတြ႕ရာေကာက္ဝတ္လိုက္တာမ်ိဳးကေန အခ်ိန္ၾကာလာေတာ့ အက်င့္ပါသြားတတ္ပါတယ္။ ကိုယ္က အိမ္မွာပဲ အခ်ိန္ျပည့္ေနတာမဟုတ္တဲ့အတြက္ အျပင္သြားတဲ့အခါမွာလည္း အိမ္မွာေနသလို အမွားေတြမလုပ္မိေစဖို႔အတြက္ သိထားရမယ့္အခ်က္ေလးေတြ ရွိပါတယ္။

ဖက္ရွင္က်ဖို႔အတြက္ အဝတ္အစားအသစ္ေတြ၊ လက္ဝတ္လက္စားအသစ္ေတြကို အၿမဲတမ္းဝယ္ဝတ္၊ ဝယ္သုံးေနစရာမလိုပါဘူး။ ကိုယ့္မွာရွိၿပီးသားေတြနဲ႔ပဲကို ေသခ်ာဝတ္တတ္မယ္ဆိုရင္ စတိုင္က်ဖို႔ဆိုတာ အင္မတန္လြယ္ကူသြားပါၿပီ။ ဒါေၾကာင့္ ဝတ္စားဆင္ယင္မႈပိုင္းနဲ႔ပတ္သက္လို႔ လူအမ်ားအျမင္မွာ ကဲ့ရဲ႕ခံစရာမျဖစ္ေစဖို႔အတြက္ အခုေျပာျပေပးမယ့္အခ်က္ေလးေတြကို ေသခ်ာဖတ္ထားလိုက္ပါ။

၁။ အနက္ေရာင္ႏွင့္ အညိဳေရာင္ သို႔မဟုတ္ အနက္ေရာင္ႏွင့္ နက္ျပာေရာင္ကို တြဲဝတ္ျခင္း

ေရွာင္ရန္ – အညိဳရင့္ေရာင္ႏွင့္ အနက္ေရာင္ကို တြဲမဝတ္မိပါေစနဲ႔။ ထိုအေရာင္ႏွစ္ခုက တစ္ခုနဲ႔တစ္ခု မလိုက္ဖက္တဲ့အတြက္ေၾကာင့္ ၾကည့္မေကာင္းျဖစ္သြားေစႏိုင္ပါတယ္။
ေဆာင္ရန္ – အသားေရာင္ေဖ်ာ့ေဖ်ာ့ဖိနပ္ကို အနက္ေရာင္ႏွင့္ အျဖဴေရာင္အစင္းက်ား သို႔မဟုတ္ အနက္ေရာင္ ဂါဝန္ သိုမ့ဟုတ္ အေပၚအက်ီနဲ႔ တြဲဝတ္ေပးပါ။

၂။ အတြင္းခံအရာမ်ား

ေရွာင္ရန္ – ပါးလႊာတဲ့ အသားကပ္ေဘာင္းဘီေအာက္မွာ ပန္းေရာင္ရင့္ရင့္ အတြင္းခံကို လုံးဝမဝတ္ပါနဲ႔။
ေဆာင္ရန္ – အသားကပ္ေဘာင္းဘီေတြကေနတဆင့္ မျမင္ရေလာက္မယ့္ အတြင္းခံေတြကို ေ႐ြးခ်ယ္ဝတ္ဆင္လိုက္ပါ။

၃။ ဘရာႀကိဳးမ်ား ေပၚေနျခင္း

ေရွာင္ရန္ – ႀကိဳးပါတဲ့ အတြင္းခံဘရာေတြကို လည္ပင္းဟိုက္တဲ့ သို႔မဟုတ္ က်ယ္တဲ့ အေပၚအက်ီေတြနဲ႔ တြဲမဝတ္ပါနဲ႔။
ေဆာင္ရန္ – ကိုယ္ကႀကိဳးပါတဲ့ဘရာကိုမွ ဝတ္ခ်င္တယ္ဆိုရင္ လည္ပင္းလုံၿခဳံတဲ့ အက်ီေတြကို ေ႐ြးခ်ယ္ဝတ္ဆင္ပါ။ ေျပာင္းျပန္အေနနဲ႔ လည္ပင္းသားေပၚေစတဲ့ အက်ီေလးေတြဝတ္ခ်င္ရင္ ဘရာႀကိဳးမပါတဲ့ အတြင္းခံေတြကို ေ႐ြးခ်ယ္ပါ။

၄။ ေဒါက္အရမ္းျမင့္တဲ့ ဖိနပ္မ်ားစီးျခင္း

ေရွာင္ရန္ – ကိုယ့္အတြက္ အရမ္းျမင့္ၿပီးေတာ့ သက္ေသာင့္သက္သာမရွိမယ့္ ဖိနပ္ေတြကို ဝယ္မစီးပါနဲ႔။ မေတာ္တဆ ေျခေထာက္ေခါက္သြားပါက ေျခခ်င္းဝတ္လည္သြားႏိုင္ပါတယ္။
ေဆာင္ရန္ – ေန႔စဥ္ေန႔တိုင္း သြားလာရလည္းအဆင္ေျပၿပီး ပြဲလမ္းသဘင္ေတြနဲ႔လည္း လိုက္ဖက္မယ့္ အေနအထားရွိတဲ့ ေဒါက္အျမင့္ဖိနပ္ကိုသာ ဝယ္စီးလိုက္ပါ။ သက္ေသာင့္သက္သာရွိတဲ့အတြက္ လမ္းေလွ်ာက္ရတာအဆင္ေျပကာ ယုံၾကည္မႈရွိတဲ့ပုံလည္း ေပၚေစႏိုင္ပါတယ္။

၅။ အရမ္းေသးငယ္တဲ့ အဝတ္အစားမ်ား

ေရွာင္ရန္ – လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ကိုယ္နဲ႔မေတာ္ခ်င္ေတာ့တဲ့ ဂ်င္းေဘာင္းဘီေတြကို ဆက္မဝတ္ပါနဲ႔ေတာ့။ ကိုယ္နဲ႔အံဝင္ကြင္က်ျဖစ္တဲ့ အဝတ္အစားေတြကို ေျပာင္းဝတ္လို႔ ဘာမွမျဖစ္ပါဘူး။ အက်ီေတြလည္း အတူတူပါပဲ။ ကိုယ္နဲ႔မေတာ္ေတာ့တဲ့ အက်ီေတြကို ဆက္ဝတ္ေနမယ္ဆိုပါက အင္မတန္ၾကပ္ထုပ္ၿပီးေတာ့ ဘယ္လိုမွ ၾကည့္လို႔မလွျဖစ္ေစႏိုင္ပါတယ္။
ေဆာင္ရန္ – ကိုယ္နဲ႔ကြက္တိက်ၿပီးေတာ့ ကိုယ္နဲ႔လိုက္တဲ့ အဝတ္အစားေတြကိုသာ ေ႐ြးခ်ယ္ဝတ္ဆင္ပါ။ ကိုယ္နဲ႔မေတာ္ေတာ့တဲ့ အဝတ္အစားေတြကို လိုတဲ့သူေတြကို ျပန္မွ်လိုက္တာ သို႔မဟုတ္ ဝိတ္ခ်တာမ်ိဳး ျပဳလုပ္ပါ။

၆။ ခါးတိုအက်ီမ်ားႏွင့္ Low-rise ဂ်င္းေဘာင္းဘီမ်ား

ေရွာင္ရန္ – ခါးကတိုလြန္းလို႔ ဟိုးေအာက္ထိေရာက္ေနတဲ့ အက်ီအဝတ္အစားေတြက ခႏၶာကိုယ္ကို ၾကည့္လို႔လွေစေပမယ့္လည္း ထိုပုံစံနဲ႔ အျပင္ထြက္လို႔ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။
ေဆာင္ရန္ – ခါးတိုအက်ီေလးေတြကို ဝတ္ခ်င္တယ္ဆိုရင္ေတာ့ Low-rise ဂ်င္းေဘာင္းဘီေတြနဲ႔ တြဲဖက္ၿပီး ဝတ္ဆင္ေပးလိုက္ပါ။ အက်ီခါးတိုေပမယ့္ ေဘာင္းဘီခါးက ရွည္ေနတဲ့အတြက္ သိသာေတာ့မွာမဟုတ္ပါဘူး။

၇။ အေပၚေအာက္အေရာင္ဆင္တူဝတ္ျခင္း

ေရွာင္ရန္ – အနီေရာင္ေဘာင္းဘီေတြကို အေပၚအနီေရာင္အက်ီနဲ႔ တြဲမဝတ္ပါနဲ႔။ ဒီလိုတြဲဝတ္တာေတြက ေလွ်ာက္လမ္းေပၚက ေမာ္ဒယ္လ္ေတြအတြက္သာ အဆင္ေျပႏိုင္ပါတယ္။
ေဆာင္ရန္ – ေအာက္က အေရာင္ရင့္ရင့္ ဂ်င္းေဘာင္းဘီေတြဝတ္မယ္ဆိုရင္ အေပၚက အေရာင္ႏုတဲ့အက်ီေတြကို ဝတ္ေပးပါ။ အနက္ဝမ္းဆက္ေတာ့ ဝတ္လို႔ရေပမယ့္လည္း ေသခ်ာလိုက္ဖက္မႈရွိတဲ့ အနက္ကိုေ႐ြးမိေအာင္ေတာ့ ႀကိဳးစားရပါလိမ့္မယ္။

Lifestyle_Myanmar

Thinzar

Source: hercampus

LEAVE A REPLY

Please enter your comment!
Please enter your name here