ပြန်လည်ရိုက်ကူးမယ့် ‘DOTS’ ဇာတ်ကားမှာ ဒေါက်တာ Kang အဖြစ်သရုပ်ဆောင်ချင်တဲ့ ဖိလစ်ပိုင်မင်းသမီး ၄ဦး

0
654

၂၀၁၉၊ ဧပြီလ ၂၂ရက်နေ့က နာမည်ကြီးကိုရီးယား ဒရမ်မာကားဖြစ်တဲ့ Descendants Of The Sun ကို ဖိလစ်ပိုင်ဗားရှင်းဖြင့် ပြန်လည်ရိုက်ကူးဖို့ ဖိလစ်ပိုင်မင်းသား Dingdong Dantes ဟာ ကပ္ပတိန် Yoo Si Jin ခေါ် “Big Boss” နေရာကနေ သရုပ်ဆောင်မှာဖြစ်ကြောင်း GMA-7က ထုတ်ပြန် ကြော်ငြာခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ မူလ သရုပ်ဆောင်တွေက ကိုရီးယားမင်းသား ဆောင်းဂျွန်ကီနှင့် မင်းသမီး ဆောင်းဟေဂိုတို့ဖြစ်ပါတယ်။ Descendants Of The Sun ဇာတ်ကားကို ပါကစ္စတန်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့ကလည်း ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဒီတစ်ခါမှာတော့ ဖိလစ်ပိုင် ဗားရှင်းဖြင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကပ္ပတိန် Yoo Si Jin နေရာမှာ ဖိလစ်ပိုင်မင်းသား Dingdong Dantes ကိုရွေးချယ်ထားပေမယ့် ဆရာဝန် Kang Mo Yeon နေရာက မင်းသမီးကို မရွေးချယ်ရသေးပါဘူး။ ဆောင်းဟေဂိုရဲ့နေရာမှာ သရုပ်ဆောင်ချင်တဲ့ ဖိလစ်ပိုင်မင်းသမီးတွေရှိပေမယ့် ဘယ့်သူ့ကိုရွေးချယ်သွားမလဲဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

၁။ Marian Rivera

ဖိလစ်ပိုင် မင်းသမီးချော Marian Rivera ဟာ ပရော်ဖက်ရှင်နယ်မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းကတော့ ဆောင်းဂျွန်ကီနေရာမှာ သရုပ်ဆောင်မယ့် ဖိလစ်ပိုင်မင်းသား Dingdong Dantes ဖြစ်ပါတယ်။ လက်ရှိ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အသက် ၃၄နှစ်အရွယ် Marian ဟာ မကြာသေးမီနှစ်တွေက အချိန်ပြည့်သရုပ်ဆောင်အလုပ်ကနေ ခဏနားထားတယ်လို့ သိရပါတယ်။ သူမဟာ Super Ma’am (2017)ဇာတ်ကားမှာ Minerva Henerala အဖြစ် နောက်ဆုံးရိုက်ကူးခဲ့ပါတယ်။ ဒီအချိန်ဟာ သူမအတွက် တကျော့ပြန်သရုပ်ဆောင်ဖို့ အချိန်ဖြစ်နိုင်သလားဆိုတာ လူရွေးပြီးရင်တော့ သိရမှာ ဖြစ်ပါတယ်။

၂။ Heart Evangelista

ဒီနှစ်မှာ အသက် ၃၄နှစ်ပြည့်တော့မယ့် Heart ဟာ နိုင်ငံတကာအက်ရှင်ဇာတ်ကားတစ်ခုမှာ မကြာမီ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယခင်က သူမဟာ GMA-7 ရိုမန့်တစ်စီးရီးဖြစ်တဲ့ My Korean Jagiya (2017)နှင့် နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲဖြစ်တဲ့ Full House (2009)ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

၃။ Jennylyn Mercado

ဖိလစ်ပိုင်မင်းသမီးချော Jennylyn Mercado ဟာ လက်ရှိမှာ မင်းသား Gabby Concepcion နှင့်အတူ တွဲပြီး Love You Two ရှိုးကို ရိုက်ကူးနေပါတယ်။ အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Jennylyn ဟာ ၂၀၁၇မှာ ထုတ်လွှင့်ခဲ့တဲ့ My Love From The Star ဆိုတဲ့ ကိုရီးယားဒရမ်မာကို ပြန်ပြီးremake လုပ်ထားတဲ့ ဇာတ်ကားမှာလည်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

၄။ Carla Abellana

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Carla ဟာ ဖိလစ်ပိုင်တီဗီဒရမ်မာဖြစ်တဲ့ Pamilya Roces (2018)မှာ Crystal Roces အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသမီးဟာ ၂၀၀၉ခုနှစ်မှာ အမေရိကန်တီဗီ စီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ Rosalinda ဇာတ်လမ်းတွဲမှာ ပထမဆုံး ခေါင်းဆောင်မင်းသမီး သရုပ်ဆောင်ခဲ့တာကြောင့် ပြန်လည်ရိုက်ကူးဖို့ဆိုတာ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here