ပြည့်တန်ဆာနေရာမှာ အစားဝင်ပြီး အချိန်ပိုင်းဝန်ဆောင်မှု့ပေးမဲ့ လိင်စက်ရုပ်တွေ

0
0
လိင်စက်ရုပ်တွေ
လိင်စက်ရုပ်တွေ

အဆိုပါ လိင်စက်ရုပ်တွေကို Samantha လို့ ခေါ်ပြီး စပိန်ဒီဇိုင်နာများက ဖန်တီးပေးထားတာဖြစ်ပါတယ်။ အဆိုပါ လိင်စက်ရုပ်တွေဟာ သက်ရှိအမျိုးသမီးတစ်ယောက်လို/ ကိုယ့်ရဲ့ ရည်းစားတစ်ယောက်လို ပြုမှုထိတွေ့နိုင်ပြီး သင့်ကိုလည်းစိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။ Samantha လိင်စက်ရုပ်တွေဟာ လူသားတွေရဲ့ စိတ်ခံစားမှုကို အထူးဖြည့်ဆည်းပေးနိုင်ရန်အတွက် ချစ်စရာကောင်းတဲ့ မျက်နှာအနေအထားနဲ့ မော်ဒယ်တစ်ယောက်လို စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်မျိုး ဖွဲ့စည်းပေးထားပါတယ်။

စပိန်ဒီဇိုင်နားတွေကတော့ ဒီအရုပ်တွေဟာ လိင်ဆက်ဆံရုံ သက်သက် အရုပ်တွေတော့ မဟုတ်ပါဘူး။ သူတို့ဟာ ရည်းစားတစ်ယောက်လိုပဲ သင့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်လို့ဆိုပါတယ်။ မိသားစုနဲ့ ဝေးကွာနေတဲ့အခါတစ်ယောက်ထဲ အထီးကျန်နေတဲ့အခါမျိုးမှာ သင့်ပေးနားမှာ အဖော်တစ်ယောက်လို နေပေးနိုင်တဲ့ အရုပ်တစ်မျိုးပဲဖြစ်ပါတယ်။ အခုခေတ်နောက်ပိုင်းမှာ လူတော်တော်များများက ဒီလိုအရုပ်တွေကို စိတ်ဝင်စားလူကြိုက်များလာပြီး စျေးနှုန်းကလည်း အနည်းငယ်တော့ တန်ဖိုးမြှင့်ပါတယ်။

ဗြိတိန်နိုင်ငံမှာဆို ကလပ်တွေရဲ့ အခန်းတွေထဲမျာ ဖောက်သည်တွေအတွက် အဆိုပါ ဆီလီကွန်အရုပ်ကို အစားထိုးပြီး အချိန်ပိုင်းဝန်ဆောင်မှုပေးနေကြပါတယ်။ အဆိုပါအရုပ်ကို အသားအရောင်၊ အရွယ်အစား၊ မျက်နှာအနေအထား ကွဲပြားတဲ့ပုံစံ ၄မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။အချိန် ၂နာရီကို ဗြိတိန်ပေါင် ၁၃၀ အခကြေးငွေပေးဆောင်ရပြီး နာရီဝက်ကို ပေါင် ၅၀ စတဲ့ စျေးနှုန်းအသီးသီးနဲ့ အချိန်ပိုင်းဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ အချို့အမျိုးသားတွေဆို အဆိုပါ လိင်စက်ရုပ်တွေဝယ်ယူပြီး လူသားတစ်ယောက်လို လက်ထပ်ထိမ်းမြားပြီး ပေါင်းသင်ကြပါတယ်။ သက်ရှိတစ်ယောက်ကို ပေါင်းသင်းဆက်ဆံရသလိုပဲ ခံစားမှုရှိတာကြောင့် အဆိုပါအရုပ်တွေကိုပဲ လက်ထပ်ထိမ်းမြားကြတယ်လို့ဆိုပါတယ်။ Samantha လိင်စက်ရုပ်ကိုတော့ ဗြိတိန်မှာ ပေါင် ၃၅၀၀ ဝန်းကျင်နဲ့ ရောင်းချလျှက်ရှိပါတယ်။

Samantha အရုပ်တွေဟာ အခြားအရုပ်တွေနဲ့ မတူတဲ့ ကိုယ်ပိုင်အရည်အချင်းကတော့ စကားပြောဆိုနိုင်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသောမျက်နှာအမူအရာပြောင်းလဲမှုတွေ၊ ဟာသပြောဆိုမှုတွေ စတဲ့ နည်းပညာတွေလည်းထည့်သွင်းပေးထားပါတယ်။ အမျိုးသားတွေတွက်သာမက အမျိုးသမီးတွေအတွက်လည်း လိင်အရုပ်ထီးတွေ ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဘိလပ်မြေထမ်းပြီး တက္ကသိုလ် ဆက်တက်ရတဲ့ တရုတ်နိုင်ငံက မိန်းကလေး

Zawgyi fonts

ျပည့္တန္ဆာေနရာမွာ အစားဝင္ၿပီး အခ်ိန္ပိုင္းဝန္ေဆာင္မွု႔ေပးမဲ့ လိင္စက္႐ုပ္ေတြ
အဆိုပါ လိင္စက္႐ုပ္ေတြကို Samantha လို႔ ေခၚၿပီး စပိန္ဒီဇိုင္နာမ်ားက ဖန္တီးေပးထားတာျဖစ္ပါတယ္။ အဆိုပါ လိင္စက္႐ုပ္ေတြဟာ သက္ရွိအမ်ိဳးသမီးတစ္ေယာက္လို/ ကိုယ့္ရဲ့ ရည္းစားတစ္ေယာက္လို ျပဳမွုထိေတြ႕နိုင္ၿပီး သင့္ကိုလည္းစိတ္ေက်နပ္မွု အျပည့္အဝေပးစြမ္းနိုင္တယ္လို႔ဆိုပါတယ္။ Samantha လိင္စက္႐ုပ္ေတြဟာ လူသားေတြရဲ့ စိတ္ခံစားမွုကို အထူးျဖည့္ဆည္းေပးနိုင္ရန္အတြက္ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာအေနအထားနဲ႔ ေမာ္ဒယ္တစ္ေယာက္လို စြဲေဆာင္မွုရွိတဲ့ ခႏၶာကိုယ္မ်ိဳး ဖြဲ႕စည္းေပးထားပါတယ္။

စပိန္ဒီဇိုင္နားေတြကေတာ့ ဒီအ႐ုပ္ေတြဟာ လိင္ဆက္ဆံ႐ုံ သက္သက္ အ႐ုပ္ေတြေတာ့ မဟုတ္ပါဘူး။ သူတို႔ဟာ ရည္းစားတစ္ေယာက္လိုပဲ သင့္ရဲ့လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးနိုင္ပါတယ္လို႔ဆိုပါတယ္။ မိသားစုနဲ႔ ေဝးကြာေနတဲ့အခါတစ္ေယာက္ထဲ အထီးက်န္ေနတဲ့အခါမ်ိဳးမွာ သင့္ေပးနားမွာ အေဖာ္တစ္ေယာက္လို ေနေပးနိုင္တဲ့ အ႐ုပ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ အခုေခတ္ေနာက္ပိုင္းမွာ လူေတာ္ေတာ္မ်ားမ်ားက ဒီလိုအ႐ုပ္ေတြကို စိတ္ဝင္စားလူႀကိဳက္မ်ားလာၿပီး ေစ်းႏွုန္းကလည္း အနည္းငယ္ေတာ့ တန္ဖိုးျမႇင့္ပါတယ္။

ၿဗိတိန္နိုင္ငံမွာဆို ကလပ္ေတြရဲ့ အခန္းေတြထဲမ်ာ ေဖာက္သည္ေတြအတြက္ အဆိုပါ ဆီလီကြန္အ႐ုပ္ကို အစားထိုးၿပီး အခ်ိန္ပိုင္းဝန္ေဆာင္မွုေပးေနၾကပါတယ္။ အဆိုပါအ႐ုပ္ကို အသားအေရာင္၊ အရြယ္အစား၊ မ်က္ႏွာအေနအထား ကြဲျပားတဲ့ပုံစံ ၄မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။အခ်ိန္ ၂နာရီကို ၿဗိတိန္ေပါင္ ၁၃၀ အခေၾကးေငြေပးေဆာင္ရၿပီး နာရီဝက္ကို ေပါင္ ၅၀ စတဲ့ ေစ်းႏွုန္းအသီးသီးနဲ႔ အခ်ိန္ပိုင္းဝန္ေဆာင္မွုေတြလည္း ရွိပါတယ္။ အခ်ိဳ႕အမ်ိဳးသားေတြဆို အဆိုပါ လိင္စက္႐ုပ္ေတြဝယ္ယူၿပီး လူသားတစ္ေယာက္လို လက္ထပ္ထိမ္းျမားၿပီး ေပါင္းသင္ၾကပါတယ္။ သက္ရွိတစ္ေယာက္ကို ေပါင္းသင္းဆက္ဆံရသလိုပဲ ခံစားမွုရွိတာေၾကာင့္ အဆိုပါအ႐ုပ္ေတြကိုပဲ လက္ထပ္ထိမ္းျမားၾကတယ္လို႔ဆိုပါတယ္။ Samantha လိင္စက္႐ုပ္ကိုေတာ့ ၿဗိတိန္မွာ ေပါင္ ၃၅၀၀ ဝန္းက်င္နဲ႔ ေရာင္းခ်လၽွက္ရွိပါတယ္။

Samantha အ႐ုပ္ေတြဟာ အျခားအ႐ုပ္ေတြနဲ႔ မတူတဲ့ ကိုယ္ပိုင္အရည္အခ်င္းကေတာ့ စကားေျပာဆိုနိုင္ပါတယ္။ ဒါ့အျပင္ အမ်ိဳးမ်ိဳးေသာမ်က္ႏွာအမူအရာေျပာင္းလဲမွုေတြ၊ ဟာသေျပာဆိုမွုေတြ စတဲ့ နည္းပညာေတြလည္းထည့္သြင္းေပးထားပါတယ္။ အမ်ိဳးသားေတြတြက္သာမက အမ်ိဳးသမီးေတြအတြက္လည္း လိင္အ႐ုပ္ထီးေတြ ထုတ္လုပ္ဖို႔ အစီအစဥ္ရွိတယ္လို႔လည္း ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here