ပျော်ရွှင်နေတဲ့ ချစ်သူတွေက ခံစားချက်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ မပြောတတ်ကြပါဘူး

0
255
- Advertisement -

ထူးဆန်းတဲ့ ကမ္ဘာကြီးပါဘဲ။ အစစ်အမှန် ဘဝမျိုးထက် အပေါ်ယံဟန်ဆောင်မှုတွေကိုဘဲ မက်မောစွာ ဖက်တွယ်တတ်ကြတယ်။ အထူးသဖြင့်ဒီနေ့လို နည်းပညာတိုးတက်တဲ့ခေတ်ကြီးမှာ အပေါ်ယံတွေပြည့်နက်နေတဲ့ ဆိုရှယ်မီဒီယာက စာတွေ၊ ဓါတ်ပုံတွေကိုကြည့်ပြီး မက်မောအားကျ လွဲမှားတဲ့ ကောက်ချက်ချမှုတွေကို မစဉ်းစားမဆင်ခြင်ဘဲ ချတတ်ကြတယ်။ သတင်းမှားတွေ၊ နာမည်ကျော်ကြားလိုမှုတွေနဲ့ ပြုလုပ်ထားတာတွေကို တကယ့်အစစ်အမှန်ဆိုပြီး လက်ခံယုံကြည်တတ်ကြပါတယ်။ အဲဒါတွေကို သိရှိနားလည်ပြီး ပျော်ရွှင်နေတဲ့ ချစ်သူစုံတွဲတွေကတော့သူတို့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ဖွင့်ဟပြောဆိုခြင်းမရှိပါဘူး။ ဘာကြောင့်မို့လို့ လို့ထင်ပါသလဲ?

-Advertisement-

သူတို့ဟာ လက်ရှိအခြေအနေမှာဘဲ နေတတ်ကြပါတယ်

သူတို့ပျော်ရွှင်နေပါတယ်ဆိုပြီး သက်သေပြတာတွေကို အွန်လိုင်းပို့စ်တွေမှာတင်ပြီး အချိန်မဖြုန်းတတ်ကြပါဘူး။ သူတို့ဘာသာ သူတို့ရဲ့ပျော်ရွှင်မှုတွေနဲ့ ကျေနပ်ခံစားနေကြပြီး အပိုအလုပ်တွေလို့ထင်တဲ့ ဆိုရှယ်မီဒီယာက အချက်အလက်တွေကိုလည်း ဂရုတစိုက်မလုပ်တတ်ကြပါဘူး။ အဲဒါကြောင့်မို့ အာရုံပျံ့လွင့်စရာလည်းရှိမနေတော့ပါဘူး။

သူတို့ရဲ့အဆင်မပြေမှုတွေကို အွန်လိုင်းမှာ ချပြလို့လည်း သူတို့အတွက်ဘာမှပြန်မရနိုင်တာကို နားလည်ကြပါတယ်

တော်တော်များများလုပ်တတ်ကြပါတယ်။ ကိုယ်ရေးကိုယ်တာပြသနာတွေကို အများသိအောင် အွန်လိုင်းမှာ ရေးတတ်၊ ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်ရပ်ဟာ ပြသနာကိုဖြေရှင်းနိုင်ဖို့ ထိရောက်မှုမရှိဆုံးနည်းလမ်းဖြစ်သလို ပိုပြီးတော့တောင်ဆိုးဝါးသွားစေနိုင်ပါတယ်။

စစ်မှန်တဲ့ ပျော်ရွှင်မှုတွေဟာ ကိုယ်ချစ်မြတ်နိုးရတဲ့ သူတွေဆီကဘဲရနိုင်ပါတယ်

ဖေ့ဘွတ်စ်စာမျက်နှာတွေမှာ ဘယ်လောက်ဘဲ ပျော်နေပါတယ်လို့ ပြောနေဆိုနေပါစေ တကယ့်ပျော်နေတာမျိုးမဟုတ်ရင် အသုံးမဝင်ပါဘူး။ ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် ကိုယ့်ရဲ့ ချစ်ခင်သူတွေနဲ့သာ တကယ့်ပျော်ရွှင်ခြင်းကို ဖန်တီးလို့ ရမှာပါ။ အဲ့ဒါကို နားလည်တဲ့သူတွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ရဲ့ ခံစားချက်တွေကို လူတွေသိအောင် ပြောတာဆိုတာမျိုးတွေ ခဏခဏ မလုပ်တတ်ကြပါဘူး။ အဲ့တာတွေအတွက်လည်း အချိန်ကုန်မခံတတ်ကြပါဘူး။

#Lifestyle_myanmar

#Dmo_aung

#Ref- Brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here