ပူပြင်းတဲ့နေရက်တွေဟာ ဘယ်လိုရာသီမှာပဲဖြစ်ဖြစ် ရာသီဥတုပူပြီဆိုရင်ကို ငြီးငွေ့စရာကောင်းလှပါတယ်။ ဒါပေမယ့် ကျေနပ်ဖို့ ကောင်းတဲ့အချက်ကတော့ ရာသီဥတု သာယာတာပါပဲ။ ဒီလိုမျိုး ရာသီဥတုလည်း သာယာပြီး အားလပ်ရက်တွေလည်း ရှိတယ်ဆိုရင်တော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်နေပြီလား။ ဒါဆိုရင် ဘာပစ္စည်းတွေ သယ်သွားဖို့ လိုအပ်သလဲဆိုတာတော့ သိထားသင့်ပါတယ်။
အခင်း
ဘယ်နေရာမျိုးကိုပဲ ပျော်ပွဲစားထွက်ထွက် အဖွဲ့အားလုံးအနားယူနိုင်ဖို့အတွက် ဖျာကဲ့သို့အခင်းကြီးကြီးတစ်ခု မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ့်အုပ်စုက လူအနည်းစုပဲပါတယ်ဆိုရင်တောင်မှလည်း တစ်နေရာရာရောက်တဲ့အခါ အေးဆေးထိုင်ပြီး အနားယူဖို့ သယ်လာတဲ့ပစ္စည်းလေးတွေ ချဖို့အတွက် သပ်သပ်ရပ်ရပ်ဖြစ်ဖို့က အခင်းကြီးကြီးလေးတစ်ခုယူသွားမယ်ဆိုရင် မြက်ခင်းပြင်ပေါ်ထိုင်ချစရာ မလိုတော့ဘူးပေါ့။

စားစရာ
အပန်းဖြေကြပြီး ဆာလောင်လာတဲ့အခါ အသင့်စားနိုင်တဲ့ စားသောက်ဖွယ်ရာတွေကို ချက်ပြုတ်ပြင်ဆင်လာဖို့ လိုအပ်ပါတယ်။ တချို့ကျတော့ ဘာမှသယ်မသွားဘဲ ဟိုရောက်မှ ရောင်းတဲ့ဟာ ဝယ်စားလိုက်မယ်ဆိုပြီး ပေါ့ပေါ့ပါးပါးသွားကြမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပျော်ပွဲစားထွက်တယ်ဆိုမှတော့ အိမ်က အစားအသောက်တွေဖွယ်ဖွယ်ရာရာ ထည့်သွားပြီးတော့ အတူတူထိုင်ပြီးစားကြတာကလည်း ခံစားချက်တစ်မျိုးပဲမို့ အစားအသောက်တွေလည်း မမေ့မလျော့ ပြင်ဆင်သွားသင့်ပါတယ်။

သောက်စရာ
ဒါကလည်း အရေးကြီးတဲ့ပစ္စည်းတစ်မျိုးပါပဲ။ ရေကတော့ လူတိုင်းဆာတတ်ကြလို့ ရေဘူးကိုလည်း မဖြစ်မနေ ထည့်သွားဖို့လိုအပ်သလို နောက်ပြီး ရာသီဥတုပူလာတဲ့အခါ ရင်ထဲအေးသွားစေဖို့ သောက်သုံးနိုင်မယ့် အအေးမျိုးစုံ၊ ဘီယာ၊ ဝိုင်စတဲ့ အဖျော်ယမကာတွေ အပြည့်ထည့်ထားတဲ့ ရေခဲဘူးတစ်ဘူးကိုလည်း သေချာသယ်သွားဖို့ မမေ့သင့်ပါဘူး။ မတော်တဆ ကိုယ်သွားမယ့်နေရာက ဝယ်ရခက်ခဲတာမျိုးတွေဆိုရင် အခက်ကြုံနိုင်လို့ ကိုယ့်ဖက်က အကုန်ပြင်ဆင်သွားတာမမှားပါဘူး။

ဂီတာတွေ
သူငယ်ချင်း၊ အပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါးခရီးထွက်တဲ့အခါ ဂီတာတွေကိုလည်း မမေ့ခဲ့နဲ့နော်။ ပျော်ပွဲစားမှာစုပေါင်းပြီး သီချင်းတွေ တီးခတ်သီဆိုကြရတာဟာလည်း လွတ်လပ်ပေါ့ပါးတဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်ပါတယ်။
Lifestyle_Myanmar
ref-bedthreads