ပျိုမေတို့ ရှောင်ကြဉ်ဖို့ လိုတဲ့ ဆံပင်စတိုင် အမှား (၈)ခု

0
11314

ဆံပင်စတိုင်ဟာ မိန်းကလေးတွေအတွက် ဒုတိယ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။ ဆံပင်ကို ကောင်းစွာ ဖြီးလိမ်းပြင်ဆင်ထားမယ်ဆိုရင်င် မျက်နှာလှလှလေးရဲ့ အားသာချက်တွေကို အလေးပေးနိုင်ပါတယ်။ ဒါ့အပြင် အပြစ်အနာအဆာတွေ ရှိနေရင်တောင် ကွယ်သွားစေပါတယ်။ ဆံပင်ကာလာ၊ ညှပ်တဲ့ပုံစံက မလိုက်ဖက်ဘူးဆိုရင် အထူးခြားဆုံးသော အသွင်အပြင်ကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ကိုယ့်ဆံပင်စတိုင်ကို ကိုယ့်ဘာသာ သတ်မှတ်သည်ဖြစ်စေ၊ သူတစ်ပါးရဲ့ အကူအညီယူပြီးပဲဖြစ်စေ အောက်ပါအမှား (၈)ခုကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

-Advertisement-

၁။ အရောင်အရမ်းရင့်တာ

အသားဖြူတဲ့ သူဆိုရင် ဆံပင်အရောင်ရင့်ဟာ သင့်ရဲ့ အပြစ်အနာအဆာတွေကို highlight လုပ်ပေးယုံသာ ဖြစ်ပါလိမ့်မယ်။ ဆံပင်အနက်ရောင်လေးမှ ကြိုက်တယ်ဆိုရင် အကောင်းဆုံး ရွေးချယ်စရာတစ်ခုက warm tones color(ဝါ/စိမ်း/အညိုဖျော့ဖျော့) လေးတွေနဲ့ ဟိုက်လိုက်ဖောက်ပေးဖို့ဖြစ်ပါတယ်။ အလင်းပြန်မှုက ဆံပင်ကို အုံထူစေပြီး သင့်မျက်နှာကို နုပျိုလန်းဆန်းစေပါတယ်။

၂။ cold blond tones ကာလာလေးတွေ ဆိုးတာ

အသားအရေက ဝါတဲ့ဘက်၊ ညိုတဲ့ဘက်ရှိသူ အမျိုးသမီးတွေဆိုရင် ပလက်တီနမ်လို၊ blond ash လို အရောင်အေးအေးလေးတွေနဲ့ မလိုက်ဖက်ပါဘူး။ မျက်နှာကို ဖြူဖပ်ဖြူရော် ဖြစ်သွားစေပါတယ်။ warm tones အသားအရေပိုင်ရှင်တွေဟာ honey, caramel or wheat လိုအရောင်လေးတွေ ရွေးချယ်သင့်ပါတယ်။

၃။ cap ပုံစံ ဆံပင်စတိုင်များ

ခပ်တောင့်တောင့်နဲ့ ပုံသွင်းထားတဲ့ ဒီဆံပင်ပုံစံတွေက သဘာဝမကျတာကြောင့် ဘယ်သူကိုမဆို အသက်ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ဒီဆံပင်ပုံတွေက ခေတ်နောက်ကျပြီး ဆီလျှော်မှု မရှိပါဘူး။ ဒါ့ကြောင့် hairspray တွေ၊ ဆံပင်ပုံသွင်းတဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့။

၄။ နဖူးအပြောင်သိမ်းခြင်း

နဖူးကို လုံးဝအပြောင်သိမ်းထားခြင်းက အသားအရေရဲ့ အပြစ်အနာအဆာတွေကို ပိုမိုပေါ်လွင်စေသလို အသက်အရွယ်နှင့်အမျှ သိသိသာသာ လျော့နည်းလာတဲ့ ဆံပင် growth လိုင်းတွေကို မလိုအပ်ပဲ ပေါ်လွင်နေစေပါတယ်။ ဒီသက်ရောက်မှုကို ရှောင်ရှားဖို့ မျက်နှာကို ဘောင်ခတ်ထားတဲ့ ဆံပင်ပုံစံလေးတွေ ရွေးချယ်ပါ။ သင့်ရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ ကူညီနိုင်တဲ့ အရှေ့ဆံမြိတ်လေးတွေနဲ့ ညှပ်ပါ။

၅။ ပါးလွှာတဲ့ ဆံပင်ရှည်

အသက်အရွယ်ရလာတာနှင့်အမျှ ဆံပင်တွေဟာ လှုပ်ရှားမှုနည်းလာပြီး ဆီကြည်ဂလင်းတွေ ထုတ်လုပ်မှု နည်းသွားပါတယ်။ ဒီအရာအားလုံးက ဆံသားပမာဏကို ဆုံးရှုံးစေပြီး ဆံပင်ကို ပိုမိုပါးလွှာစေ၊ ပျက်စီးစေပါတယ်။ ဒီပြဿနာတွေရင်ဆိုင်နေရတယ်ဆိုရင် ဆံပင်အတိုပုံစံကို ရွေးချယ်သင့်ပါတယ်။

၆။ ဘယ်အသက်အရွယ်ပဲရောက်ရောက် ဆံပင်အရောင်တစ်ရောင်တည်း ထားခြင်း

နှစ်တွေကြာလာတာနှင့်အမျှ ဆံပင်နဲ့ အရေပြားဟာ အရောင်ခြယ်တွေ လျော့ကျလာပါတယ်။ ဒါ့ကြောင့် အသက် ၂၀၊ ၃၀မှာ ကြည့်ကောင်းခဲ့တဲ့ ဆံပင်အရောင်က အသက် ၄၀- ၅၀ ရောက်လာတဲ့အခါ အဆင်ပြေတော့မှာ မဟုတ်ပါဘူး (ဥပမာ- ငယ်ငယ်တုန်းကလည်း ဆံပင်ကအနက်ရောင်၊ အသက်ကြီးလာလည်း ဆံပင်ဖြူကို အနက်ရောင်ဆိုးတုန်းဆိုရင်)။ သင့် ဆံပင်ကို ငယ်ရွယ်စဉ်က ထားခဲ့တဲ့ အရောင် ပြန်ဆိုးမယ့်အစား မှန်ကန်တဲ့အရောင်ကို ရွေးချယ်ဖို့ ဆံပင်စတိုင်လစ်အား မေးမြန်းပါ။

၇။ အလယ်ခွဲပုံစံ

နှစ်တွေကြာလာတာနှင့်အမျှ ကော်လာဂျင် ထုတ်လုပ်မှုကလည်း နှေးကွေးလာပါတယ်။ ဒါ့အပြင် မျက်နာပေါ်ရှိ အရေပြားအောက်ဆုံးအလွှာဟာ မညီမညာဖြန့်ဝေပြီး မေးစေ့ဧရိယာအပေါ် အာရုံစိုက်မိစေပါတယ်။ ဒီအတွက် မျက်နှာဟာ ပိုရှည်လာပါတယ်။ အလယ်ခွဲလိုင်းဟာ ဒီအင်္ဂါရပ်ကို အလေးပေးဖော်ပြပါတယ်။ အဲဒီအစား ဘေးခွဲ ခွဲဖို့ ကြိုးစားပါ။ သင့်မျက်နှာအချိုးအစားကို ဟန်ချက်ညီစေပြီး သင့်ဆံပင်ပုံစံက ပိုထူသယောင် ဖြစ်စေပါတယ်။

၈။ Old-style ဆံပင်ပုံစံ

ဒီအမှားက အတော်လေးသိသာထင်ရှားပေမယ့် လူအများစု ကျူးလွန်နေဆဲပါ။ အမြဲတမ်း ဒီဆံပင်ပုံက ဒီဆံပင်ပုံပဲဆိုရင် သင့်ကို အသက်ကြီးပုံ ပေါ်လာစေပါတယ်။ ဒါ့ကြောင့် ဆံပင်စတိုင်အလန်းတွေ မကြာခဏ ပြောင်းလဲပေးပါ။

Lifestyle_Myanmar

LM_Nandar

Source- prettyinspiration

Zawgyi

ပ်ိဳေမတို႔ ေရွာင္ၾကဥ္ဖို႔ လိုတဲ့ ဆံပင္စတိုင္အမွား (၈)ခု
ဆံပင္စတိုင္ဟာ မိန္းကေလးေတြအတြက္ ဒုတိယ အေရးအႀကီးဆုံးအရာ ျဖစ္ပါတယ္။ ဆံပင္ကို ေကာင္းစြာ ၿဖီးလိမ္းျပင္ဆင္ထားမယ္ဆိုရင္င္ မ်က္ႏွာလွလွေလးရဲ႕ အားသာခ်က္ေတြကို အေလးေပးႏိုင္ပါတယ္။ ဒါ့အျပင္ အျပစ္အနာအဆာေတြ ရွိေနရင္ေတာင္ ကြယ္သြားေစပါတယ္။ ဆံပင္ကာလာ၊ ညႇပ္တဲ့ပုံစံက မလိုက္ဖက္ဘူးဆိုရင္ အထူးျခားဆုံးေသာ အသြင္အျပင္ကိုေတာင္ ပ်က္စီးေစႏိုင္ပါတယ္။ ကိုယ့္ဆံပင္စတိုင္ကို ကိုယ့္ဘာသာ သတ္မွတ္သည္ျဖစ္ေစ၊ သူတစ္ပါးရဲ႕ အကူအညီယူၿပီးပဲျဖစ္ေစ ေအာက္ပါအမွား (၈)ခုကို ေရွာင္ရွားဖို႔ လိုအပ္ပါတယ္။

၁။ အေရာင္အရမ္းရင့္တာ

အသားျဖဴတဲ့ သူဆိုရင္ ဆံပင္အေရာင္ရင့္ဟာ သင့္ရဲ႕ အျပစ္အနာအဆာေတြကို highlight လုပ္ေပးယုံသာ ျဖစ္ပါလိမ့္မယ္။ ဆံပင္အနက္ေရာင္ေလးမွ ႀကိဳက္တယ္ဆိုရင္ အေကာင္းဆုံး ေ႐ြးခ်ယ္စရာတစ္ခုက warm tones color(ဝါ/စိမ္း/အညိဳေဖ်ာ့ေဖ်ာ့) ေလးေတြနဲ႔ ဟိုက္လိုက္ေဖာက္ေပးဖို႔ျဖစ္ပါတယ္။ အလင္းျပန္မႈက ဆံပင္ကို အုံထူေစၿပီး သင့္မ်က္ႏွာကို ႏုပ်ိဳလန္းဆန္းေစပါတယ္။

၂။ cold blond tones ကာလာေလးေတြ ဆိုးတာ

အသားအေရက ဝါတဲ့ဘက္၊ ညိဳတဲ့ဘက္ရွိသူ အမ်ိဳးသမီးေတြဆိုရင္ ပလက္တီနမ္လို၊ blond ash လို အေရာင္ေအးေအးေလးေတြနဲ႔ မလိုက္ဖက္ပါဘူး။ မ်က္ႏွာကို ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားေစပါတယ္။ warm tones အသားအေရပိုင္ရွင္ေတြဟာ honey, caramel or wheat လိုအေရာင္ေလးေတြ ေ႐ြးခ်ယ္သင့္ပါတယ္။

၃။ cap ပုံစံ ဆံပင္စတိုင္မ်ား

ခပ္ေတာင့္ေတာင့္နဲ႔ ပုံသြင္းထားတဲ့ ဒီဆံပင္ပုံစံေတြက သဘာဝမက်တာေၾကာင့္ ဘယ္သူကိုမဆို အသက္ပိုႀကီးတယ္လို႔ ထင္ရေစပါတယ္။ ဒါ့အျပင္ ဒီဆံပင္ပုံေတြက ေခတ္ေနာက္က်ၿပီး ဆီေလွ်ာ္မႈ မရွိပါဘူး။ ဒါ့ေၾကာင့္ hairspray ေတြ၊ ဆံပင္ပုံသြင္းတဲ့ ထုတ္ကုန္ေတြကို မသုံးပါနဲ႔။

၄။ နဖူးအေျပာင္သိမ္းျခင္း

နဖူးကို လုံးဝအေျပာင္သိမ္းထားျခင္းက အသားအေရရဲ႕ အျပစ္အနာအဆာေတြကို ပိုမိုေပၚလြင္ေစသလို အသက္အ႐ြယ္ႏွင့္အမွ် သိသိသာသာ ေလ်ာ့နည္းလာတဲ့ ဆံပင္ growth လိုင္းေတြကို မလိုအပ္ပဲ ေပၚလြင္ေနေစပါတယ္။ ဒီသက္ေရာက္မႈကို ေရွာင္ရွားဖို႔ မ်က္ႏွာကို ေဘာင္ခတ္ထားတဲ့ ဆံပင္ပုံစံေလးေတြ ေ႐ြးခ်ယ္ပါ။ သင့္ရဲ႕ အျပစ္အနာအဆာေတြကို ဖုံးကြယ္ဖို႔ ကူညီႏိုင္တဲ့ အေရွ႕ဆံၿမိတ္ေလးေတြနဲ႔ ညႇပ္ပါ။

၅။ ပါးလႊာတဲ့ ဆံပင္ရွည္

အသက္အ႐ြယ္ရလာတာႏွင့္အမွ် ဆံပင္ေတြဟာ လႈပ္ရွားမႈနည္းလာၿပီး ဆီၾကည္ဂလင္းေတြ ထုတ္လုပ္မႈ နည္းသြားပါတယ္။ ဒီအရာအားလုံးက ဆံသားပမာဏကို ဆုံးရႈံးေစၿပီး ဆံပင္ကို ပိုမိုပါးလႊာေစ၊ ပ်က္စီးေစပါတယ္။ ဒီျပႆနာေတြရင္ဆိုင္ေနရတယ္ဆိုရင္ ဆံပင္အတိုပုံစံကို ေ႐ြးခ်ယ္သင့္ပါတယ္။

၆။ ဘယ္အသက္အ႐ြယ္ပဲေရာက္ေရာက္ ဆံပင္အေရာင္တစ္ေရာင္တည္း ထားျခင္း

ႏွစ္ေတြၾကာလာတာႏွင့္အမွ် ဆံပင္နဲ႔ အေရျပားဟာ အေရာင္ျခယ္ေတြ ေလ်ာ့က်လာပါတယ္။ ဒါ့ေၾကာင့္ အသက္ ၂၀၊ ၃၀မွာ ၾကည့္ေကာင္းခဲ့တဲ့ ဆံပင္အေရာင္က အသက္ ၄၀- ၅၀ ေရာက္လာတဲ့အခါ အဆင္ေျပေတာ့မွာ မဟုတ္ပါဘူး (ဥပမာ- ငယ္ငယ္တုန္းကလည္း ဆံပင္ကအနက္ေရာင္၊ အသက္ႀကီးလာလည္း ဆံပင္ျဖဴကို အနက္ေရာင္ဆိုးတုန္းဆိုရင္)။ သင့္ ဆံပင္ကို ငယ္႐ြယ္စဥ္က ထားခဲ့တဲ့ အေရာင္ ျပန္ဆိုးမယ့္အစား မွန္ကန္တဲ့အေရာင္ကို ေ႐ြးခ်ယ္ဖို႔ ဆံပင္စတိုင္လစ္အား ေမးျမန္းပါ။

၇။ အလယ္ခြဲပုံစံ

ႏွစ္ေတြၾကာလာတာႏွင့္အမွ် ေကာ္လာဂ်င္ ထုတ္လုပ္မႈကလည္း ေႏွးေကြးလာပါတယ္။ ဒါ့အျပင္ မ်က္နာေပၚရွိ အေရျပားေအာက္ဆုံးအလႊာဟာ မညီမညာျဖန္႔ေဝၿပီး ေမးေစ့ဧရိယာအေပၚ အာ႐ုံစိုက္မိေစပါတယ္။ ဒီအတြက္ မ်က္ႏွာဟာ ပိုရွည္လာပါတယ္။ အလယ္ခြဲလိုင္းဟာ ဒီအဂၤါရပ္ကို အေလးေပးေဖာ္ျပပါတယ္။ အဲဒီအစား ေဘးခြဲ ခြဲဖို႔ ႀကိဳးစားပါ။ သင့္မ်က္ႏွာအခ်ိဳးအစားကို ဟန္ခ်က္ညီေစၿပီး သင့္ဆံပင္ပုံစံက ပိုထူသေယာင္ ျဖစ္ေစပါတယ္။

၈။ Old-style ဆံပင္ပုံစံ

ဒီအမွားက အေတာ္ေလးသိသာထင္ရွားေပမယ့္ လူအမ်ားစု က်ဴးလြန္ေနဆဲပါ။ အၿမဲတမ္း ဒီဆံပင္ပုံက ဒီဆံပင္ပုံပဲဆိုရင္ သင့္ကို အသက္ႀကီးပုံ ေပၚလာေစပါတယ္။ ဒါ့ေၾကာင့္ ဆံပင္စတိုင္အလန္းေတြ မၾကာခဏ ေျပာင္းလဲေပးပါ။

Lifestyle_Myanmar

LM_Nandar

Source- prettyinspiration

LEAVE A REPLY

Please enter your comment!
Please enter your name here