ပျိုမေတို့ ရွေးချယ်တဲ့ နှုတ်ခမ်းနီအရောင်က ပျိုမေတို့အကြောင်းကို အများကြီးဖော်ပြနေ

0
803

မိန်းကလေးတိုင်းမှာ နှုတ်ခမ်းနီနဲ့ ပတ်သတ်လာရင် အနှစ်သက်ဆုံး အရောင်လေးတွေရှိကြပါတယ်နော်။ နှုတ်ခမ်းနီအရောင်တွေ အများကြီး ဝယ်ထားပေမယ့် နှုတ်ခမ်းနီဆိုးခါနီးရင် ကိုယ်အနှစ်ဆက်ဆုံး တစ်ရောင်တည်းကိုပဲ ရွေးချယ်မိမှာပါ။ သုတေသန စမ်းသပ်ချက်တွေအရ သင် ဆိုးထားတဲ့ နှုတ်ခမ်းနီအရောင်မှတဆင့်် သင့်အကြောင်းကို ခန့်မှန်းလို့ရတယ်လို့ ဆိုပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ပျိုမေတို့ မိတ်ကပ်အိတ်ထဲက နှုတ်ခမ်းနီအရောင်ဟာ ပျိုမေတို့ ဘယ်လိုလူမျိုးဖြစ်ကြောင်း အများကြီးဖော်ပြနေပါတယ်။

-Advertisement-

အနီရောင်ဟာ များသောအားဖြင့် စိတ်အားထန်သန်မှုကို ကိုယ်စားပြုပြီး လိမ္မော်ရောင်က ရွှင်လန်းတတ်ကြွမှုကို ကိုယ်စားပြုသကဲ့သို့ မတူညီတဲ့ အရောင်အသွေးတွေမှာ မတူညီတဲ့ အဓိပ္ပာယ်တွေ ရှိကြပါတယ်။ ဒါ့ကြောင့် ပျိုမေတို့ အဆိုးများတဲ့ နှုတ်ခမ်းနီအရောင်လေးက ပျိုမေတို့အကြာင်းကို ဘယ်လိုဖော်ပြနေသလဲဆိုတာ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။

၁။ လိမ္မော်ရောင်

သင်မှာ ဟာသအမြင်ရှိပြီး သင့်အားလပ်ချိန်ကို သူငယ်ချင်းတွေ၊ မိတ်ဆွေအသစ်တွေနှင့် တွေ့ဆုံပြီး အချိန်ကုန်ဆုံးတတ်ပါတယ်။ ပင်ကိုသဘာဝကိုက ပျော်ပျော်နေတတ်သော ကိုယ်ရည်ကိုယ်သွေးရှိတာကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို အမြဲတမ်းရရှိပါတယ်။ လူတွေက အကောင်းမြင်တတ်မှုနှင့် သင့်ရဲ့ပြက်လုံးတွေကြောင့် သင့်ကိုချစ်ကြပါတယ်။

၂။ အနီရောင်

စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သင်ဟာ ရဲရင့်ပြီး အကြောက်တရားကင်းပါတယ်။ သင့်အတွက် အရေးပါဆုံးအရာတစ်ခုက သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့၊ သင့်အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးစားတတ်သူဖြစ်ပါတယ်။

၃။ ပန်းရောင်

သင်ဟာ သင့်သူငယ်ချင်းအုပ်စုထဲမှာ စောင့်ရှောက်မှု ပေးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်မှာ ပြဿနာတစ်ခုရှိတဲ့အခါတိုင်း သူတို့ကို နားလည်မှုနှင့် နှစ်သိမ့်မှုပေးတတ်သူ ဖြစ်ပါတယ်။ သင်ဟာ တခါတရံ စိတ်ခံစားမှုနှင့် ကြုံလာတဲ့အခိုက်မှာ မျှဝေခံစားတတ်ပြီး အရမ်းကြင်နာတတ်သူလည်း ဖြစ်ပါတယ်။ သင်ဟာ စိတ်နေသဘောထား နူးညံ့တဲ့ မိန်းကလေးဖြစ်တာကြောင့် လူတွေက သင့်ရဲ့ အကဲဆတ်မှုကို နားလည်ပေးကြပါတယ်။

၄။ အရောင်ဖျော့ဖျော့လေးတွေ

ဘဝမှာ ရိုးရှင်းတဲ့အရာတွေကို နှစ်သက်သူတစ်ဦးပါ။ သင့်ရဲ့ တန်ဖိုးအထားဆုံးက ရိုးသားမှုဖြစ်ပြီး သူစိမ်းတွေနဲ့တောင် အပေါ်ယံ ဟန်ဆောင်မှုတွေ မလုပ်ပါဘူး။ ပင်ကိုစိတ်ရင်းနှင့် ဆက်ဆံတတ်ပါတယ်။ သင်ရဲ့ အေးတိအေးစက်နိုင်မှုနှင့် ကျိုးကြောင်းဆင်ခြင်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် သင့်သူငယ်ချင်းများက သင့်ကို ချစ်ကြပါတယ်။

၅။ အညိုရောင်

သင့်အတွက် မိသားစုက အမြဲတမ်း ပထမဦးစားပေးပါ။ မိသားစုနှင့်အတူ အချိန်ကုန်ရတာကို ပျော်ရွင်သူဖြစ်ပါတယ်။ သင်ဟာ ထုံးထမ်းစဉ်လာကို လေးစားသူတစ်ယောက်ဖြစ်ပြီး ပြန်လည်တွေးတော့ကြည့်ဖို့ အမှတ်တရကောင်းတွေ ဖန်တီးရတာကို ပျော်မွေ့သူဖြစ်ပါတယ်။ ဖက်ရှင်၊ ဂီတနှင့် ရုပ်ရှင် အဟောင်းတွေကို ဘာ့ကြောင့် ဝါသနာပါသလဲဆိုတော့ သင်ဟာ အတိတ်ကို လွမ်းဆွတ်ရတာ ချစ်မြတ်နိုးသူဖြစ်လို့ပါပဲ။

၆။ ခရမ်းရောင်

သင်ဟာ ဖြစ်ချင်တာကို မရရအောင် လုပ်တတ်သူ တစ်ဦးပါ။ သင့်ရဲ့ ဆုံးဖြတ်ချက်က ခိုင်မာတာကြောင့် တချို့က သင့်ကို ခေါင်းမာတယ်လို့ ပြောပါလိမ့်မယ်။ သင့်ရဲ့ ပင်ကိုသဘာဝကိုက ခေါင်းဆောင်သူအဖြစ် မွေးဖွားလာတာကြောင့် လူတွေက သင့်စကားကို နားထောင်ပြီး လိုက်နာစေလိမ့်မယ့် အားသာမှု တစ်ခုရှိပါတယ်။ သင်ဟာ ယှဉ်ပြိုင်မှုကို ပျော်မွေ့သူဖြစ်ပြီး အောင်မြင်မှုတစ်ခုထက် တခြားဘာမှ ရယူမယ့်သူ မဟုတ်ပါဘူး။

၇။ အနက်ရောင်

သင့်ဟာ ကိုယ့်အကြောင်းကို ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်တတ်သူပါ။ ကိုယ့်ဘဝကို ကိုယ့်အတွက်သာ ရှင်သန်ပြီး တတ်နိုင်သမျှ အမှီခိုကင်းကင်း နေရဖို့ကို ကြိုးစားပါတယ်။ စည်းမျဉ်းတွေကို မနှစ်သက်သူဖြစ်သလို လူတွေနဲ့ ရောရောနှောနှော နေရတာကို သဘောမကျပါဘူး။ သင့်မှာ အတွေးအခေါ်ကောင်းတွေရှိပြီး သင့်ပတ်ဝန်းကျင်ကမ္ဘာကြီးနှင့် ပတ်သက်ပြီး မေးခွန်းထုတ်လေ့ရှိပါတယ်။

၈။ အရောင်ရိုင်းရိုင်းများ

သင်ဟာ တခြားသူတွေရဲ့ မျက်စိထဲမှာ ထူးခြားပြီး ဖန်တီးမှု အလွန်အားကောင်းတဲ့ အနုပညာရှင် တစ်ယောက်ပါ။ သင့်ဟာ ကိုယ့်စိတ်ကြိုက်လုပ်တတ်သူဖြစ်တာကြောင့် တခါတရံ လူတွေအမြင်မှာ နားလည်ဖို့ ခက်ခဲသူဖြစ်ပါတယ်။ သင်ဟာ ရွင်လန်းတတ်ကြွသူဖြစ်ပြီး တမူထူးခြားတဲ့ ပင်ကိုစရိုက်ရှိပါတယ်။ သင်ဟာ အတွေးအခေါ်ကို နည်းနည်း ရှေ့တန်းတင်တတ်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ပျိုမေတို့ကော ဘယ်နှုတ်ခမ်းနီအရာင်လေးတွေကို အကြိုက်ဆုံးလဲ? ယခုဖော်ပြထားတဲ့ အကြောင်းအရာလေးတွေနဲ့ ထပ်တူကျသလားဆိုတာ မျှဝေပေးပါဦးနော်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ပ်ိဳေမတို႔ ေ႐ြးခ်ယ္တဲ့ ႏႈတ္ခမ္းနီအေရာင္က ပ်ိဳေမတို႔အေၾကာင္းကို အမ်ားႀကီးေဖာ္ျပေန
မိန္းကေလးတိုင္းမွာ ႏႈတ္ခမ္းနီနဲ႔ ပတ္သတ္လာရင္ အႏွစ္သက္ဆုံး အေရာင္ေလးေတြရွိၾကပါတယ္ေနာ္။ ႏႈတ္ခမ္းနီအေရာင္ေတြ အမ်ားႀကီး ဝယ္ထားေပမယ့္ ႏႈတ္ခမ္းနီဆိုးခါနီးရင္ ကိုယ္အႏွစ္ဆက္ဆုံး တစ္ေရာင္တည္းကိုပဲ ေ႐ြးခ်ယ္မိမွာပါ။ သုေတသန စမ္းသပ္ခ်က္ေတြအရ သင္ ဆိုးထားတဲ့ ႏႈတ္ခမ္းနီအေရာင္မွတဆင့္္ သင့္အေၾကာင္းကို ခန္႔မွန္းလို႔ရတယ္လို႔ ဆိုပါတယ္။ မျဖစ္ႏိုင္ဘူးလို႔ ထင္ရေပမယ့္ ပ်ိဳေမတို႔ မိတ္ကပ္အိတ္ထဲက ႏႈတ္ခမ္းနီအေရာင္ဟာ ပ်ိဳေမတို႔ ဘယ္လိုလူမ်ိဳးျဖစ္ေၾကာင္း အမ်ားႀကီးေဖာ္ျပေနပါတယ္။ အနီေရာင္ဟာ မ်ားေသာအားျဖင့္ စိတ္အားထန္သန္မႈကို ကိုယ္စားျပဳၿပီး လိေမၼာ္ေရာင္က ႐ႊင္လန္းတတ္ႂကြမႈကို ကိုယ္စားျပဳသကဲ့သို႔ မတူညီတဲ့ အေရာင္အေသြးေတြမွာ မတူညီတဲ့ အဓိပၸာယ္ေတြ ရွိၾကပါတယ္။ ဒါ့ေၾကာင့္ ပ်ိဳေမတို႔ အဆိုးမ်ားတဲ့ ႏႈတ္ခမ္းနီအေရာင္ေလးက ပ်ိဳေမတို႔အၾကာင္းကို ဘယ္လိုေဖာ္ျပေနသလဲဆိုတာ သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ လိေမၼာ္ေရာင္
သင္မွာ ဟာသအျမင္ရွိၿပီး သင့္အားလပ္ခ်ိန္ကို သူငယ္ခ်င္းေတြ၊ မိတ္ေဆြအသစ္ေတြႏွင့္ ေတြ႕ဆုံၿပီး အခ်ိန္ကုန္ဆုံးတတ္ပါတယ္။ ပင္ကိုသဘာဝကိုက ေပ်ာ္ေပ်ာ္ေနတတ္ေသာ ကိုယ္ရည္ကိုယ္ေသြးရွိတာေၾကာင့္ လူေတြရဲ႕ အာ႐ုံစိုက္မႈကို အၿမဲတမ္းရရွိပါတယ္။ လူေတြက အေကာင္းျမင္တတ္မႈႏွင့္ သင့္ရဲ႕ျပက္လုံးေတြေၾကာင့္ သင့္ကိုခ်စ္ၾကပါတယ္။

၂။ အနီေရာင္
စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ သင္ဟာ ရဲရင့္ၿပီး အေၾကာက္တရားကင္းပါတယ္။ သင့္အတြက္ အေရးပါဆုံးအရာတစ္ခုက သင့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ဖို႔၊ သင့္အိမ္မက္ေတြကိုအေကာင္အထည္ေဖာ္ဖို႔ မဆုတ္မနစ္ ႀကိဳးစားတတ္သူျဖစ္ပါတယ္။

၃။ ပန္းေရာင္
သင္ဟာ သင့္သူငယ္ခ်င္းအုပ္စုထဲမွာ ေစာင့္ေရွာက္မႈ ေပးတတ္သူ တစ္ေယာက္ျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္မွာ ျပႆနာတစ္ခုရွိတဲ့အခါတိုင္း သူတို႔ကို နားလည္မႈႏွင့္ ႏွစ္သိမ့္မႈေပးတတ္သူ ျဖစ္ပါတယ္။ သင္ဟာ တခါတရံ စိတ္ခံစားမႈႏွင့္ ႀကဳံလာတဲ့အခိုက္မွာ မွ်ေဝခံစားတတ္ၿပီး အရမ္းၾကင္နာတတ္သူလည္း ျဖစ္ပါတယ္။ သင္ဟာ စိတ္ေနသေဘာထား ႏူးညံ့တဲ့ မိန္းကေလးျဖစ္တာေၾကာင့္ လူေတြက သင့္ရဲ႕ အကဲဆတ္မႈကို နားလည္ေပးၾကပါတယ္။

၄။ အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ
ဘဝမွာ ႐ိုးရွင္းတဲ့အရာေတြကို ႏွစ္သက္သူတစ္ဦးပါ။ သင့္ရဲ႕ တန္ဖိုးအထားဆုံးက ႐ိုးသားမႈျဖစ္ၿပီး သူစိမ္းေတြနဲ႔ေတာင္ အေပၚယံ ဟန္ေဆာင္မႈေတြ မလုပ္ပါဘူး။ ပင္ကိုစိတ္ရင္းႏွင့္ ဆက္ဆံတတ္ပါတယ္။ သင္ရဲ႕ ေအးတိေအးစက္ႏိုင္မႈႏွင့္ က်ိဳးေၾကာင္းဆင္ျခင္တတ္တဲ့ ကိုယ္ရည္ကိုယ္ေသြးေတြေၾကာင့္ သင့္သူငယ္ခ်င္းမ်ားက သင့္ကို ခ်စ္ၾကပါတယ္။

၅။ အညိဳေရာင္
သင့္အတြက္ မိသားစုက အၿမဲတမ္း ပထမဦးစားေပးပါ။ မိသားစုႏွင့္အတူ အခ်ိန္ကုန္ရတာကို ေပ်ာ္႐ြင္သူျဖစ္ပါတယ္။ သင္ဟာ ထုံးထမ္းစဥ္လာကို ေလးစားသူတစ္ေယာက္ျဖစ္ၿပီး ျပန္လည္ေတြးေတာ့ၾကည့္ဖို႔ အမွတ္တရေကာင္းေတြ ဖန္တီးရတာကို ေပ်ာ္ေမြ႕သူျဖစ္ပါတယ္။ ဖက္ရွင္၊ ဂီတႏွင့္ ႐ုပ္ရွင္ အေဟာင္းေတြကို ဘာ့ေၾကာင့္ ဝါသနာပါသလဲဆိုေတာ့ သင္ဟာ အတိတ္ကို လြမ္းဆြတ္ရတာ ခ်စ္ျမတ္ႏိုးသူျဖစ္လို႔ပါပဲ။

၆။ ခရမ္းေရာင္
သင္ဟာ ျဖစ္ခ်င္တာကို မရရေအာင္ လုပ္တတ္သူ တစ္ဦးပါ။ သင့္ရဲ႕ ဆုံးျဖတ္ခ်က္က ခိုင္မာတာေၾကာင့္ တခ်ိဳ႕က သင့္ကို ေခါင္းမာတယ္လို႔ ေျပာပါလိမ့္မယ္။ သင့္ရဲ႕ ပင္ကိုသဘာဝကိုက ေခါင္းေဆာင္သူအျဖစ္ ေမြးဖြားလာတာေၾကာင့္ လူေတြက သင့္စကားကို နားေထာင္ၿပီး လိုက္နာေစလိမ့္မယ့္ အားသာမႈ တစ္ခုရွိပါတယ္။ သင္ဟာ ယွဥ္ၿပိဳင္မႈကို ေပ်ာ္ေမြ႕သူျဖစ္ၿပီး ေအာင္ျမင္မႈတစ္ခုထက္ တျခားဘာမွ ရယူမယ့္သူ မဟုတ္ပါဘူး။

၇။ အနက္ေရာင္
သင့္ဟာ ကိုယ့္အေၾကာင္းကို ဘယ္သူေတြ ဘာေျပာေျပာ ဂ႐ုမစိုက္တတ္သူပါ။ ကိုယ့္ဘဝကို ကိုယ့္အတြက္သာ ရွင္သန္ၿပီး တတ္ႏိုင္သမွ် အမွီခိုကင္းကင္း ေနရဖို႔ကို ႀကိဳးစားပါတယ္။ စည္းမ်ဥ္းေတြကို မႏွစ္သက္သူျဖစ္သလို လူေတြနဲ႔ ေရာေရာေႏွာေႏွာ ေနရတာကို သေဘာမက်ပါဘူး။ သင့္မွာ အေတြးအေခၚေကာင္းေတြရွိၿပီး သင့္ပတ္ဝန္းက်င္ကမာၻႀကီးႏွင့္ ပတ္သက္ၿပီး ေမးခြန္းထုတ္ေလ့ရွိပါတယ္။

၈။ အေရာင္႐ိုင္း႐ိုင္းမ်ား
သင္ဟာ တျခားသူေတြရဲ႕ မ်က္စိထဲမွာ ထူးျခားၿပီး ဖန္တီးမႈ အလြန္အားေကာင္းတဲ့ အႏုပညာရွင္ တစ္ေယာက္ပါ။ သင့္ဟာ ကိုယ့္စိတ္ႀကိဳက္လုပ္တတ္သူျဖစ္တာေၾကာင့္ တခါတရံ လူေတြအျမင္မွာ နားလည္ဖို႔ ခက္ခဲသူျဖစ္ပါတယ္။ သင္ဟာ ႐ြင္လန္းတတ္ႂကြသူျဖစ္ၿပီး တမူထူးျခားတဲ့ ပင္ကိုစ႐ိုက္ရွိပါတယ္။ သင္ဟာ အေတြးအေခၚကို နည္းနည္း ေရွ႕တန္းတင္တတ္သူ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။
ပ်ိဳေမတို႔ေကာ ဘယ္ႏႈတ္ခမ္းနီအရာင္ေလးေတြကို အႀကိဳက္ဆုံးလဲ? ယခုေဖာ္ျပထားတဲ့ အေၾကာင္းအရာေလးေတြနဲ႔ ထပ္တူက်သလားဆိုတာ မွ်ေဝေပးပါဦးေနာ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here