Home Fashion ပျိုမေတို့ ခရီးထွက်ဖို့အတွက် အကောင်းဆုံးဆံပင်စတိုင် (၁၀) မျိုး

ပျိုမေတို့ ခရီးထွက်ဖို့အတွက် အကောင်းဆုံးဆံပင်စတိုင် (၁၀) မျိုး

0
1

ခရီးရှည်ထွက်ပြီးတဲ့အခါတိုင်း ဆံပင်ခြောက်သွေ့လို့၊ ပိုပြီးကြမ်းလာလို့ဆိုပြီး ပျိုမေတော်တော်များများ ညည်းတတ်ကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ဆံပင်ကို အဆီပြန်နေတဲ့လက်နဲ့သပ်တာ၊ လေအရမ်းတိုက်ခံရတာနဲ့၊ ဖုန်မှုန့်တွေကပ်ညိတာကြောင့် ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် ဦးထုပ်ဆောင်းရင် ဖြစ်နိုင်ပေမယ့် ကိုပျိုမေတို့ ခရီးထွက်ဖို့အတွက် အကောင်းဆုံးဆံပင်စတိုင် (၁၀) မျိုး ယ့်ရဲ့စတိုင်ကို ဖုံးကွယ်ထားသလိုဖြစ်နေမှာပါ။ ဒါ့ကြောင့် ဦးထုပ်ဆောင်းစရာမလိုပဲ ကိုယ့်ရဲ့ဆံပင်ကို ခရီးထွက်ပြီးတဲ့အခါ ထိခိုက်မှုအနည်းဆုံးနဲ့ စတိုင်ကျကျခရီးသွားတစ်ယောက်အသွင် ပေါ်လွင်စေဖို့ အကောင်းဆုံးခရီးသွားဆံပင်စတိုင် ၁၀မျိုးကို မျှဝေပေးချင်ပါတယ်။
၁။ ပြင်သစ်စတိုင် ကျစ်ဆံမြီး
ပြင်သစ်ကျစ်ဆံမြီးကို အကြံပေးရတာဟာ အချက်နှစ်ခုရှိပါတယ်။ တစ်ချက်က ဘယ်လောက်ပဲလေတိုက်ပါစေ သင့်ရဲ့ဆံသားတွေပုံပျက်မှုကို ကာကွယ်နိုင်ပြီး အရမ်းကြီးတင်းကျပ်မနေတဲ့အတွက် သက်တောင့်သက်သာနဲ့ စိတ်လက်ပေါ့ပါးစေသလို ပြန်ဖြေချတဲ့အခါမှာလည်း လက်တဖက်တည်းနဲ့တောင် အလွယ်တကူဖြေချလို့ ရပါတယ်။

၂။ Top Knots
ယခုဆံပင်စတိုင်က ဥရောပခရီးသွားမိန်းမပျိုတွေရဲ့ အနှစ်သက်ဆုံးစတိုင်ဖြစ်ပြီး ကားစီးတဲ့အခါ လေတိုက်မှုကြောင့် ဆံပင်ရှုပ်ထွေးမှာကိုလည်း ပူစရာမလိုပါဘူး။ ဒါ့အပြင် ထူးထူးခြားခြားပြင်စရာမလိုပဲ စတိုင်ကျကျလှနေတဲ့အတွက် မျက်မှန်တပ်ပြီး ဂျင်းဘောင်ဘီနဲ့ဆိုရင် သင်ဟာအပေါ်လွင်ဆုံး ဖြစ်နေမှာပါ။

၃။ Fishtail Braid
ခေတ်လည်းဆန်၊ ရိုးရှင်းပြီး စိတ်ချရတဲ့ ဆံပင်စတိုင်နောက်တမျိုးကတော့ fishtail စတိုင်ပါ။ ကမ်းခြေက လှိုင်းတွေနဲ့အပြိုင် လှပနေတဲ့ပုံစံဖြစ်ပြီး ဆံပင်ပုံပျက်မှုလည်း နည်းပါးတဲ့အတွက် ရွေးချယ်သင့်တဲ့စတိုင်တစ်ခုဖြစ်ပါတယ်။

၄။ Low Pigtails
ရိုးရှင်းတဲ့ဆံပင်စတိုင် ဖြစ်ပေမယ့် ခရီးသွားဖို့အတွက် သင့်တော်ပြီးလွတ်လပ်မှုရဲ့ သကတလည်း ဖြစ်ပါတယ်။

၅။ Milkmaid Braids
စတိုင်ကျလှပပြီး ပျိုမေတိုင်းနှစ်သက်တဲ့ ဆံပင်ပုံစံဖြစ်သလို လုံခြုံမှုရဲ့ သင်ကေတလည်းဖြစ်ပါတယ်။ နည်းနည်းလေးအနုစိတ်လုပ်ရပေမယ့် ခရီးသွားဖို့အတွက်တော့ သင့်တော်တဲ့စတိုင်မျိုးပါ။

၆။ Double Buns
ရိုးရိုးဆံထုံးနှစ်ဖက်ခွဲပြီး ထိုးရင်လည်းရပေမယ့် ခုလိုမျိုးကျစ်ဆံမြီးကျစ်ပြီးထုံးထားခြင်းဖြင့် သင့်ရဲ့အပြုံးနဲ့ အရမ်းလိုက်ဖက်သလို လွတ်လပ်စွာနဲ့ ခရီးဆန့်လို့ရပါပြီ။

၇။ The Famous Sock Bun
ရိုးရှင်းပြီး ကျော့ရှင်းတဲ့ဆံထုံးပုံစံဖြစ်ပေမယ့် အထင်သေးလို့မရပါဘူး။ ရာသီဥတုဒဏ်ကို ကောင်းစွာအံတုနိုင်သလို ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိစေတဲ့ စတိုင်ဖြစ်ပါတယ်။

၈။ Low, Side Ponytails
ခရီးထွက်တဲ့အခါ ရှုပ်ရှုပ်ထွေးထွေးတွေ မပြင်ချင်တဲ့သူတွေအတွက် ကျက်သရေရှိနေတဲ့ ဆံပင်စတိုင်ဖြစ်ပါတယ်။ ဘခုစတိုင်နဲ့ဆိုရင် ဆံသားကိုdryer နဲ့မှုတ်ရမှာ သို့မဟုတ်ခေါင်းလျှော်ရမှာ ပိုပြီးသက်သာစေပါလိမ့်မယ်။

၉။ An Updo Hairstyle
ခရီးစဥ်တလျှောက်လုံး ကပိုကရိုလေးနဲ့လှနေပြီး ဆံသားထိခိုက်မှုကို ထိန်းသိမ်းဖို့ဆိုရင်တော့ ယခုစတိုင်လေးက သင့်အတွက် သင့်တော်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နေပူထဲထွက်တဲ့အခါတွေနဲ့ ပင်လယ်ရေနဲ့ထိတွေ့ရတဲ့ အခါတွေမှာ moisturizer နဲ့ ခေါင်းလိမ်းဆီတမျိုးမျိုးကို သုံးစွဲပေးဖို့ မမေ့ပါနဲ့။
LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

ခရီးရွည္ထြက္ၿပီးတဲ့အခါတိုင္း ဆံပင္ေျခာက္ေသြ႕လို႔၊ ပိုၿပီးၾကမ္းလာလို႔ဆိုၿပီး ပ်ိဳေမေတာ္ေတာ္မ်ားမ်ား ညည္းတတ္ၾကပါတယ္။ ဒါဟာ ကိုယ့္ရဲ႕ဆံပင္ကို အဆီျပန္ေနတဲ့လက္နဲ႔သပ္တာ၊ ေလအရမ္းတိုက္ခံရတာနဲ႔၊ ဖုန္မႈန္႔ေတြကပ္ညိတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုမျဖစ္ေအာင္ ဦးထုပ္ေဆာင္းရင္ ျဖစ္ႏိုင္ေပမယ့္ ကိုပ်ိဳေမတို႔ ခရီးထြက္ဖို႔အတြက္ အေကာင္းဆုံးဆံပင္စတိုင္ (၁၀) မ်ိဳး
ယ့္ရဲ႕စတိုင္ကို ဖုံးကြယ္ထားသလိုျဖစ္ေနမွာပါ။ ဒါ့ေၾကာင့္ ဦးထုပ္ေဆာင္းစရာမလိုပဲ ကိုယ့္ရဲ႕ဆံပင္ကို ခရီးထြက္ၿပီးတဲ့အခါ ထိခိုက္မႈအနည္းဆုံးနဲ႔ စတိုင္က်က်ခရီးသြားတစ္ေယာက္အသြင္ ေပၚလြင္ေစဖို႔ အေကာင္းဆုံးခရီးသြားဆံပင္စတိုင္ ၁၀မ်ိဳးကို မွ်ေဝေပးခ်င္ပါတယ္။
၁။ ျပင္သစ္စတိုင္ က်စ္ဆံၿမီး
ျပင္သစ္က်စ္ဆံၿမီးကို အႀကံေပးရတာဟာ အခ်က္ႏွစ္ခုရွိပါတယ္။ တစ္ခ်က္က ဘယ္ေလာက္ပဲေလတိုက္ပါေစ သင့္ရဲ႕ဆံသားေတြပုံပ်က္မႈကို ကာကြယ္ႏိုင္ၿပီး အရမ္းႀကီးတင္းက်ပ္မေနတဲ့အတြက္ သက္ေတာင့္သက္သာနဲ႔ စိတ္လက္ေပါ့ပါးေစသလို ျပန္ေျဖခ်တဲ့အခါမွာလည္း လက္တဖက္တည္းနဲ႔ေတာင္ အလြယ္တကူေျဖခ်လို႔ ရပါတယ္။

၂။ Top Knots
ယခုဆံပင္စတိုင္က ဥေရာပခရီးသြားမိန္းမပ်ိဳေတြရဲ႕ အႏွစ္သက္ဆုံးစတိုင္ျဖစ္ၿပီး ကားစီးတဲ့အခါ ေလတိုက္မႈေၾကာင့္ ဆံပင္ရႈပ္ေထြးမွာကိုလည္း ပူစရာမလိုပါဘူး။ ဒါ့အျပင္ ထူးထူးျခားျခားျပင္စရာမလိုပဲ စတိုင္က်က်လွေနတဲ့အတြက္ မ်က္မွန္တပ္ၿပီး ဂ်င္းေဘာင္ဘီနဲ႔ဆိုရင္ သင္ဟာအေပၚလြင္ဆုံး ျဖစ္ေနမွာပါ။

၃။ Fishtail Braid
ေခတ္လည္းဆန္၊ ႐ိုးရွင္းၿပီး စိတ္ခ်ရတဲ့ ဆံပင္စတိုင္ေနာက္တမ်ိဳးကေတာ့ fishtail စတိုင္ပါ။ ကမ္းေျခက လႈိင္းေတြနဲ႔အၿပိဳင္ လွပေနတဲ့ပုံစံျဖစ္ၿပီး ဆံပင္ပုံပ်က္မႈလည္း နည္းပါးတဲ့အတြက္ ေ႐ြးခ်ယ္သင့္တဲ့စတိုင္တစ္ခုျဖစ္ပါတယ္။

၄။ Low Pigtails
႐ိုးရွင္းတဲ့ဆံပင္စတိုင္ ျဖစ္ေပမယ့္ ခရီးသြားဖို႔အတြက္ သင့္ေတာ္ၿပီးလြတ္လပ္မႈရဲ႕ သကတလည္း ျဖစ္ပါတယ္။

၅။ Milkmaid Braids
စတိုင္က်လွပၿပီး ပ်ိဳေမတိုင္းႏွစ္သက္တဲ့ ဆံပင္ပုံစံျဖစ္သလို လုံၿခဳံမႈရဲ႕ သင္ေကတလည္းျဖစ္ပါတယ္။ နည္းနည္းေလးအႏုစိတ္လုပ္ရေပမယ့္ ခရီးသြားဖို႔အတြက္ေတာ့ သင့္ေတာ္တဲ့စတိုင္မ်ိဳးပါ။

၆။ Double Buns
႐ိုး႐ိုးဆံထုံးႏွစ္ဖက္ခြဲၿပီး ထိုးရင္လည္းရေပမယ့္ ,ခုလိုမ်ိဳးက်စ္ဆံၿမီးက်စ္ၿပီးထုံးထားျခင္းျဖင့္ သင့္ရဲ႕အၿပဳံးနဲ႔ အရမ္းလိုက္ဖက္သလို လြတ္လပ္စြာနဲ႔ ခရီးဆန္႔လို႔ရပါၿပီ။

၇။ The Famous Sock Bun
႐ိုးရွင္းၿပီး ေက်ာ့ရွင္းတဲ့ဆံထုံးပုံစံျဖစ္ေပမယ့္ အထင္ေသးလို႔မရပါဘူး။ ရာသီဥတုဒဏ္ကို ေကာင္းစြာအံတုႏိုင္သလို ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ရွိေစတဲ့ စတိုင္ျဖစ္ပါတယ္။

၈။ Low, Side Ponytails
ခရီးထြက္တဲ့အခါ ရႈပ္ရႈပ္ေထြးေထြးေတြ မျပင္ခ်င္တဲ့သူေတြအတြက္ က်က္သေရရွိေနတဲ့ ဆံပင္စတိုင္ျဖစ္ပါတယ္။ ဘခုစတိုင္နဲ႔ဆိုရင္ ဆံသားကိုdryer နဲ႔မႈတ္ရမွာ သို႔မဟုတ္ေခါင္းေလွ်ာ္ရမွာ ပိုၿပီးသက္သာေစပါလိမ့္မယ္။

၉။ An Updo Hairstyle
ခရီးစဥ္တေလွ်ာက္လုံး ကပိုက႐ိုေလးနဲ႔လွေနၿပီး ဆံသားထိခိုက္မႈကို ထိန္းသိမ္းဖို႔ဆိုရင္ေတာ့ ယခုစတိုင္ေလးက သင့္အတြက္ သင့္ေတာ္မွာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ေနပူထဲထြက္တဲ့အခါေတြနဲ႔ ပင္လယ္ေရနဲ႔ထိေတြ႕ရတဲ့ အခါေတြမွာ moisturizer နဲ႔ ေခါင္းလိမ္းဆီတမ်ိဳးမ်ိဳးကို သုံးစြဲေပးဖို႔ မေမ့ပါနဲ႔။
LM_Naung_Naung
Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here