များသောအားဖြင့် ကျွန်မတို့ဟာ အိုမင်းရင့်ရော်မှုကို တားဆီးတဲ့အခါ မျက်နှာကိုသာ စဉ်းစားမိကြပေမယ့် ကျန်ကိုယ်ခန္ဓာရဲ့ သက်တမ်းကလည်း အိုမင်းရင့်ရော်မှုကို ပြသနေပါတယ်။ အထူးသဖြင့် လက်တွေက element တွေနဲ့ ထိတွေ့မှုများတာကြောင့် အိုမင်းခြင်းလက္ခဏာကို ပြသတဲ့ ခန္ဓာကိုယ်ရဲ့ပထမဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့်…
၁။ လက်ပေါ်မှာ နေရောင်ကာကွယ်ဆေးသုံးပါ
နေ့တိုင်း နေရောင်ကာကွယ်ဆေး (Sunscreen) သုံးသင့်တာကို သိကြသော်လည်း မျက်နှာထက်ကျော်ပြီး မစဉ်းစားမိကြပါဘူး။ လည်ပင်းတွေ၊ လက်တွေကလည်း ခရမ်းလွန်ရောင်ခြည်ကြောင့် စောစီးစွာ အိုမင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ မျက်နှာအပြင် လက်တွေက နေနဲ့ ထိတွေ့မှုအများဆုံးဖြစ်ပါတယ်။ ခြောက်သွေ့မှု ၊ အရေးအကြောင်းတွေနဲ့ age spots တွေ အပါအဝင် လက်ပေါ်မှာ အချိန်မတိုင်မီ အိုမင်းခြင်းလက္ခဏာတွေကို ကာကွယ်ဖို့ SPF ပါတဲ့ နေရောင်ကာလိမ်းဆေးကို လိမ်းပေးပါ။

၂။ ပန်းကန်ဆေးတဲ့အခါ လက်အိတ်သုံးပါ
ပန်းကန်ဆေးတဲ့အခါ ၊ အဝတ်လျှော်တဲ့အခါ ၊ အိမ်သန့်ရှင်းတဲ့အခါ လက်တွေကို ကာကွယ်ဖို့ လက်အိတ်ဝတ်ပါ။ ရေပူ၊ ပန်းကန်ဆေးဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်ပါတယ်။ စက္ကန့်အနည်းငယ်၊ မိနစ်အနည်းငယ်လောက် အိမ်မှုကိစ္စလုပ်တာက ဘာမှဖြစ်မသွားဘူးလို့ ထင်ရသော်လည်း အချိန်ကြာလာတာနဲ့အမျှ အရေပြားအတားအဆီးကို ပျက်စီးစေနိုင်ပါတယ်။

၃။ Exfoliate
မျက်နှာကို exfoliating လုပ်ပေးသလိုပဲ လက်အသားအရေကိုလည်း ပုံမှန် exfoliating လုပ်ပေးရပါလိမ့်မယ်။ ဒါက အသားအရေကောင်းလာစေဖို့ moisturiser စုပ်ယူမှုကို အထောက်အကူဖြစ်စေပါတယ်။

၄။ Moisturise
ယနေ့ခေတ်မှာ အယ်ကိုဟောအခြေခံတဲ့ လက်သန့်ဆေးတွေနဲ့ မကြာခဏ ဆေးကြောခြင်းက ပုံမှန်ဖြစ်လာပါတယ်။ လက်သန့်ဆေးတွေက အရေပြားကို ရေဓါတ်ခန်းခြောက်စေပြီး ယားယံစေပါတယ်။ သင့်လက်တွေကို အစိုဓါတ်ထိန်းပေးပြီး တစ်နေ့တာလုံး hand cream လိမ်းပေးခြင်းဖြင့် အရေပြား elasticity ကိုထိန်းထားနိုင်ပါတယ်။

၅။ သင့်ရဲ့လက်သည်းလေးတွေနဲ့ cuticles လေးတွေကိုဂရုစိုက်ပါ
သင့်အသားအရေက သန့်ပြန့်ပြီး ကောင်းစွာ ထိန်းသိမ်းထားရင်တောင် ကြွပ်ဆတ်နေတဲ့ လက်သည်းတွေနဲ့ စုတ်ပြဲနေတဲ့ cuticles တွေက လက်ကိုအိုမင်းရင့်ရော်တဲ့အသွင် ပေါက်စေပါတယ်။ ဂျယ်လ်ဆိုးရတာကြိုက်သူဆိုရင် လက်သည်းတစ်ခါဆိုးပြီးတိုင်းမှာ break လုပ်ဖို့ ကြိုးစားပါ။ ဂျယ်လ်လက်သည်းဆိုးဆေးတွေက လက်သည်းတွေကို ပါးလွှာစေပြီး အက်ကွဲတာ ၊ ကွာထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ပျက်စီးမှုကို သက်သာစေဖို့အတွက် လက်သည်းတစ်ခါဆိုးပြီး အနားယူတိုင်းမှာ သင့်လက်သည်းတွေနဲ့ cuticles (လက်သည်းပန်းကုံး) လေးတွေကို moisturised လုပ်ပါ။

Lifestyle_Myanmar
LM_Nandar
Source-girlstyle