ပျင်းလို့မဟုတ် အစားအသောက်ကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းအရင်းများ

0
85

အစာရှောင်ခြင်း၊ မိမိစားသောက်မယ့် အစားအစာတွေရဲ့ကယ်လိုရီများရေတွက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ရခြင်းများကြောင့် သင် ပင်ပန်းနေပြီလား။ ကိုယ်အလေးချိန်ကျဖို့အတွက် အခုလိုမျိုးကြိုးစားပေမယ့်လည်း အရာမထင်ဖြစ်လို့ စိတ်ညစ်နေပြီလား။ ဒီလိုဆိုရင်တော့ အကြောင်းအရင်းက အသင့်စား အစားအစာတွေကြောင့်မဟုတ်ဘဲ တခြားအကြောင်းအရင်းတွေကြောင့်ဖြစ်သွားပါပြီ။

-Advertisement-

အိပ်ချိန်မလုံလောက်ခြင်းကြောင့်

အိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းက ဆက်နွယ်နေပါတယ်။ လူတစ်ယောက်က တစ်ရက်ကို ၆ နာရီထက်ပိုမအိပ်တဲ့အခါ တစ်နှစ်ကြာပြီးတဲ့နောက် ကိုယ်အလေးချိန် ၁၁ ပေါင်ခန့် တက်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့်

လူအများစုထင်နေကြတာက စိတ်ဖိစီးလာတဲ့အခါ စားချင်စိတ်ကုန်ခမ်းပြီး ကိုယ်အလေးချိန်ကျစေတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုကိုခံစားနေရတဲ့အခါ ခန္ဓာကိုယ်က အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းကို ပိုမိုတိုးမြှင့်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ကစိတ်ဖိစီးမှုခံစားနေရတော့ စိတ်ကအားနည်းနေပြီး ခန္ဓာကိုယ်အားရှိဖို့အတွက် အစားများများစားသင့်တယ်ဆိုပြီး ဦးနှောက်ကိုသတိပေးနေလို့ပါပဲ။

မိမိစိတ်ခံစားချက်ကို ဦးစားပေးခြင်းကြောင့်

တကယ်ဗိုက်ဆာလို့စားချင်တာလား ဒါမှမဟုတ် မိမိရဲ့စိတ်ခံစားချက်တစ်ခုခုကြောင့် စားချင်နေတာလားဆိုတာကို သေချာစဉ်းစားဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ဆို အချို့သူများက ဒေါသထွက်လာရင် အစားများများစားတတ်ကြလို့ပါပဲ။

ဆေးဝါးများကြောင့်

ကိုယ်အလေးချိန်တက်စေတဲ့ ဆေးဝါးများကို ဥပမာအနေနဲ့ပြောရမယ်ဆိုရင် စိတ်ဓာတ်ကျရောဂါကိုသက်သာစေသော ဆေးဝါးများ၊ အရေပြားဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာသောယားယံမှုကို သက်သာစေသောဆေးဝါးများ၊ ကိုယ်ဝန်တားဆေးများ အစရှိတဲ့ ဆေးဝါးတွေကြောင့်ပဲဖြစ်ပါတယ်။ အခြားဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ကိုယ်အလေးချိန်တက်နိုင်ပါသေးတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့်

အမျိုးသမီးတစ်ဦးက အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်၊ သွေးဆုံးချိန်စတဲ့ အချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အကျိုးသက်ရောက်မှုရှိစေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။

သစ်သီးများအလွန်အကျွံစားခြင်းကြောင့်

သစ်သီးများက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ မုန့်ပဲသရေစာလို့ ပြောလု့ိရပါတယ်။ ဒါပေမဲ့ တချို့သစ်သီးများက ကယ်လိုရီနဲ့ သကြားဓာတ်အများအပြားပါဝင်တဲ့အတွက်ကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အလွန်အကျွံစားမိပြန်ရင် ကိုယ်အလေးချိန်တက်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here