၁။ Lotions
၂။ Serum
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth
Unicode
ပျိုမေတို့ သိထားဖို့လိုတဲ့ ဗီတာမင်စီ Skin Products များအကြောင်း
ကျွန်မတို့ အသားအရေကျန်းမာမှုကို ထိန်းသိမ်းပေးနိုင်တဲ့ လိုးရှင်းတွေ၊ ခရမ်တွေနဲ့ ဆီရမ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ skin product တွေအားလုံးထဲမှာမှ ဗီတာမင်စီ lotions ကို အရေပြားအလှအပကျွမ်းကျင်သူများက အများဆုံး အကြံပြုကြပါတယ်။ ဗီတာမင်စီဟာ ကျွန်မတို့အသားအရေရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးတဲ့အပြင် အရေပြားကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ပေးလို့ပါပဲ။
အက်စ်ကောဘစ်အက်ဆစ်ကို အများအားဖြင့် ဗီတာမင်စီလို့ သိကြပါတယ်။ ဒါက ခန္ဓာကိုယ်ပုံမှန်လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်း တစ်ခုဖြစ်ပါတယ်။ ဒီ ပျော်ဝင်-ဟိုက်ဒရို ဗီတာမင်ဟာ metabolizing ဂလူးကိုစ့် မှလာပြီး ကျန်းမာတဲ့အသားအရေအတွက် မရှိမဖြစ်ပါပဲ။ ၎င်းဟာ ပရိုတိန်း၊ lipids နဲ့ ကော်လာဂျင်ကို ဖန်တီးခြင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကျွန်မတို့ အသားအရေကို elastic ဖြစ်ပြီး ကျန်းမာချောမွေ့စေဖို့ လိုအပ်တဲ့ ဗီတာမင် E ကိုလည်း ဖန်တီးပေးပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အက်စ်ကောဘစ်အက်ဆစ်ကို မထုတ်လုပ်နိုင်သလို တာရှည် သိမ်းဆည်းထားလို့ မရပါဘူး။ ဒါ့ကြောင့် ဒီဗီတာမင်ကို အစားအစာ၊ ဖြည့်စွက်စာ သို့မဟုတ် လိုးရှင်းများမှတဆင့် ရယူရပါတယ်။
ဗီတာမင်စီက အရေပြားအတွက် ဘာ့ကြောင့်အရေးကြီးတာလဲ?
အက်စ်ကောဘစ်အက်ဆစ်ရဲ့ အင်တီအောက်ဆီဒင့်တစ်ခုအဖြစ် Solar radiation ကြောင့်ဖြစ်ပေါ်တဲ့ အရွယ်မတိုင်မီအိုမင်းခြင်းကနေ အသားအရေကို ကာကွယ်ပေးပါတယ်။ သင်ဟာ အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင် C) အလုံအလောက်ပါတဲ့ လိုးရှင်းကိုသုံးရင် သင့်အသားအရေအပြင်အလွှာကို ဒီအင်တီအောက်ဆီဒင့် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ကျွန်မတို့အရေပြားဆဲလ်တွေပေါ်မှာ free radicals သက်ရောက်မှုတွေကို တားဆီးပေးတာကြောင့် အစောပိုင်းအိုမင်းခြင်းလက္ခဏာများကို လျော့ချပေးပါတယ်။
အရေပြား အစက်အပြောက်များ၊ အရေးအကြောင်းများကို တားဆီးပေးပါတယ်။
ဒါ့အပြင် ဗီတာမင်စီဟာ ကော်လာဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ element တစ်ခုလည်းဖြစ်ပါတယ်။
ဒီဗီတာမင်ဟာ အရေပြားကို တောက်ပစေပါတယ်။ အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်C)ဟာ အနည်းဆုံး ၅%ပါဝင်တဲ့ skin products များအတွက် အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
၁။ Lotions
ဗီတာမင်စီပါဝင်တဲ့ လိုးရှင်းတွေဟာ အသားအရေကို တောက်ပစေပြီး အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကို လျော့ချပေးပါတယ်။
၂။ Serum
ဗီတာမင်စီ ပါဝင်တဲ့ ဆီရမ်များဟာ hydration ကိုအများဆုံးပေးနိုင်တာကြောင့် အိုမင်းခြင်းလက္ခဏာတွေကို လျော့ချတားဆီးပေးပါတယ်။
ဒီအလှကုန်များဟာ လူလတ်ပိုင်းရောက်လာတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ဖို့ အဓိအားဖြင့် အလုပ်လုပ်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth