ပ်ိဳေမတို႔အတြက္ လက္ေပြ႕အိတ္ ဝတ္စံုဖက္ရွင္ အႀကံျပဳခ်က္မ်ား

0
169
လက္ေပြ႕အိတ္

ယေန႔မွာ လက္ေပြ႕အိတ္တစ္လံုးက သင့္ရဲ႕ၾကည့္ေကာင္းၿပီးသား ဝတ္စံုကို ပိုၿပီးဆြဲေဆာင္မႈရွိေအာင္ ဘယ္လိုျပဳလုပ္ႏိုင္သလဲ ဆိုတာ ၾကည့္လိုက္ပါဦး။ လက္ေပြ႕အိတ္ေတြဟာ အရမ္းကို စိတ္ဝင္စားဖို႔ေကာင္းၿပီး အားကစားဝတ္စံု ဒါမွမဟုတ္ ေပါ့ေပါ့ပါးအိမ္ေနရင္းဝတ္စံု ဝတ္ထားတာမဟုတ္ရင္ သင့္မွာရွိတဲ့ ဘယ္ဝတ္စံုနဲ႔မဆို ၾကည့္ေကာင္းေစတဲ့ စြယ္စံုအသံုးျပဳလုိ႔ရတဲ့ Item တစ္ခုျဖစ္ပါတယ္။ လက္ေပြ႕အိတ္ေလးေတြကို ရံုးသြားတဲ့အခါ ဒါမွမဟုတ္ ပါတီပြဲ၊ formal ပြဲေတြတတ္ေရာက္တဲ့အခါ ကိုင္ေဆာင္သြားရင္ သင့္ကို elegant ျဖစ္ေစတဲ့ ဖက္ရွင္တစ္ခုလည္းျဖစ္ပါတယ္။ ယေန႔မွာ လက္ေပြ႕အိတ္ကိုင္တဲ့ဖက္ရွင္က အရမ္းကို လူႀကိဳက္မ်ားလာၿပီး အဓိကအေၾကာင္းရင္းတစ္ခုက ပိတ္လို႔ဖြင့္လို႔ အရမ္းလြယ္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပ်ိဳေမေလးတို႔ ႏွစ္သက္တဲ့ လက္ေပြ႕အိတ္ေလးေတြနဲ႔ ဘယ္လုိစတိုင္ထုတ္မလဲဆိုတာကို အႀကံျပဳဖို႔အတြက္ လက္ေပြ႕အိတ္ဝတ္စံုအိုင္ဒီယာေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

-Advertisement-

၁။ ဘေလဇာကုတ္၊ လည္စညး္ပုဝါ နဲ႔ က်ားသစ္ကြက္လက္ေပြ႕အိတ္

ပံုထဲလို က်ားသစ္ကြက္ လက္ေပြ႕အိတ္ေလး ကိုင္မယ္ဆိုရင္ေတာ့ ဘေလဇာကုတ္ အစိမ္းေရာင္ေလးရယ္၊ အက်ီၤအျဖဴေရာင္ေလးရယ္နဲ႔ နက္ျပာေရာင္ ဂ်င္းေဘာင္းဘီအက်ပ္ေလးဝတ္ဆင္ႏိုင္ပါတယ္။ မီးခိုးေရာင္ပဝါေလးနဲ႔ ankle bootsေလးကို ထပ္ျဖည့္စြက္လိုက္ရင္ သင့္ကို စတိုင္က်က်လွပတဲ့ ေဆာင္းတြငး္ဖက္ရွင္ေလးျဖစ္ေစမွာပါ။

၂။ သိုးေမြးဆြယ္တာ၊ ပန္းေရာင္လက္ေပြ႕အိတ္

ေအးျမတဲ့ ေဆာင္းရာသီမနက္ခင္းမွာ ေႏြးေႏြးေထြးေထြးနဲ႔ သဘာဝက်က်ၾကည့္ေကာင္းေစမယ့္ business casual ဝတ္စံုေလးျဖစ္ပါတယ္။ ဒီ Look ေလးဖန္တီးဖို႔ အေပၚက မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ ဆြယ္တာေလးကို ရိုးရွင္းစြာဝတ္ဆင္ႏိုင္ပါတယ္။နက္ျပာေရာင္ဂ်င္းေဘာင္းဘီအက်ပ္နဲ႔ ပန္းရာင္ဘဲေလးေဒါက္ဖိနပ္တစ္စံုကို တြဲဖက္ပါ။ ပန္းေရာင္လက္ေပြ႕အိတ္ေလးနဲ႔ တြဲဖက္လိုက္မယ္ဆိုရင္ ဒီဝတ္စံုဖက္ရွင္ေလးက ၿပီးျပည့္စံုေစမွာ ျဖစ္ပါတယ္။

၃။ မီးခိုးေရာင္ mini dress ေလးနဲ႔ အနီေရာင္လယ္သာလက္ေပြ႕အိတ္

ဒါက တကယ့္ကို ၾကည့္ေကာင္းၿပီး elegant ျဖစ္ေစတဲ့ ပါတီပြဲအတြက္ ဝတ္စံုျဖစ္ပါတယ္။ သင့္ဝတ္စံုရဲ႕ focal pointအျဖစ္ ခါးပတ္အျပားႀကီးႀကီးနဲ႔ မီးခိုးေရာင္ mini dressေလးကို ဝတ္ဆင္ပါ။ သင့္ရဲ႕ဝတ္စံုကို ေဒါက္ဖိနပ္ေလးတစ္စံုနဲ႔ အနီေရာင္လယ္သာလက္ေပြ႕အိတ္ေလးကို ထည့္လိုက္ရင္ ဆြဲေဆာင္မႈရွိၿပီး ထက္ျမတ္တဲ့ ပံုကိုေပၚလြင္ေစမွာပါ။

၃။ အနက္ေရာင္သိုးေမြးကုတ္၊ က်ားသစ္ကြက္ မီနီစကတ္ႏွင့္ အညိဳေရာင္လယ္သာ လက္ေပြ႕အိတ္

ဒီေဆာင္းတြင္းအခါသမယမွာ မိန္းကေလးဆန္တဲ့ business casual look ေလးျဖစ္ေစဖို႔ အျဖဴေရာင္ လည္ပင္းေခါက္ သိုးေမြးဆြယ္တာအကၤ်ီ၊ အနက္ေရာင္ သိုးေမႊးကုတ္အကၤ်ီကို ဝတ္ဆင္ႏိုင္ပါတယ္။ အျဖဴ၊အနက္ က်ားသစ္ကြက္ မီနီစကတ္နဲ႔ အနက္ေရာင္ စေတာ္ကင္တစ္စံုကို တြဲဖက္ပါ။ အနီေရာင္လယ္သာ လက္ေပြ႕အိတ္တစ္လံုးနဲ႔အတူ ဒီဝတ္စံုေလးကို တြဲဖက္တာက သင့္ကို ခပ္မိုက္မိုက္ ဖက္ရွင္ေလး ျဖစ္ေစမွာပါ။

၄။ အနက္ေရာင္ဂါဝန္တိုႏွင္႔ အျပာရင့္ရင့္ လက္ေပြ႕အိတ္

ပါတီပြဲေတြမွာ သင့္ကိုဆြဲေဆာင္မႈရွိၿပီး ၾကည့္ေကာင္းေစမယ့္ ဝတ္စံုေလးပါ။ ဒီ Look ေလးဖန္တီးဖို႔ အနီနဲ႔အျဖဴေရာင္ အကြက္ေကာ္လာဒီဇိုင္းပါတဲ့ ဒူးအထိဂါဝန္တိုအနက္ေရာင္ေလးကို ဝတ္ဆင္ႏိုင္ပါတယ္။ အျပာရင့္ေရာင္ လက္ေပြ႕အိတ္ေလးတစ္လံုးနဲ႔ အနက္ေရာင္ႀကိဳးသိုင္းေဒါက္ဖိနပ္တစ္စံုက သင့္ရဲ႕look ေလးကို ျပီးျပည့္စံုေစမွာပါ။

၅။ လည္ပိတ္ဂါဝန္တိုေလးနဲ႔ သံပုရာျခမ္းပံုစံလက္ေပြ႕အိတ္

ယေန႔မွာ ဆယ္ေက်ာ္သက္မိန္းကေလးေတြ ႏွစ္သက္ၾကတဲ့ ဖက္ရွင္ျဖစ္ပါတယ္။ ဒီလိုလက္ေပြ႕အိတ္ေလးေတြက ဒီဇိုင္းပံုဆန္းအမ်ိဳးမ်ိဳးရွိၿပီး Cute ျဖစ္တဲ့ ဒီဇိုင္းေလးေတြျဖစ္ပါတယ္။ ဒီLook ေလးကို ဖန္တီးဖို႔ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ လည္ပိတ္ဂါဝန္တိုေလးကို ဝတ္ဆင္ၿပီး သံပုရာျခမ္းပံုစံ လက္ေပြ႕အိတ္ေလးနဲ႔ တြဲဖက္ႏိုင္ပါတယ္။ ဖိနပ္အတြက္ကေတာ့ သင့္ရဲ႕ Look ေလးကို လန္းဆန္းတဲ့ အသြင္ျဖစ္ေစဖို႔ အျဖဴေရာင္ ႀကိဳးသိုင္းေဒါက္ျမင့္ေလးကို ဝတ္ဆင္ႏိုင္ပါတယ္။

#Lifestyle_Myanmar
#LM_Nandar
Source-fmag

Unicode

ပျိုမေတို့အတွက် လက်ပွေ့အိတ် ဝတ်စုံဖက်ရှင် အကြံပြုချက်များ
ယနေ့မှာ လက်ပွေ့အိတ်တစ်လုံးက သင့်ရဲ့ကြည့်ကောင်းပြီးသား ဝတ်စုံကို ပိုပြီးဆွဲဆောင်မှုရှိအောင် ဘယ်လိုပြုလုပ်နိုင်သလဲ ဆိုတာ ကြည့်လိုက်ပါဦး။ လက်ပွေ့အိတ်တွေဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပြီး အားကစားဝတ်စုံ ဒါမှမဟုတ် ပေါ့ပေါ့ပါးအိမ်နေရင်းဝတ်စုံ ဝတ်ထားတာမဟုတ်ရင် သင့်မှာရှိတဲ့ ဘယ်ဝတ်စုံနဲ့မဆို ကြည့်ကောင်းစေတဲ့ စွယ်စုံအသုံးပြုလို့ရတဲ့ Item တစ်ခုဖြစ်ပါတယ်။ လက်ပွေ့အိတ်လေးတွေကို ရုံးသွားတဲ့အခါ ဒါမှမဟုတ် ပါတီပွဲ၊ formal ပွဲတွေတတ်ရောက်တဲ့အခါ ကိုင်ဆောင်သွားရင် သင့်ကို elegant ဖြစ်စေတဲ့ ဖက်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ယနေ့မှာ လက်ပွေ့အိတ်ကိုင်တဲ့ဖက်ရှင်က အရမ်းကို လူကြိုက်များလာပြီး အဓိကအကြောင်းရင်းတစ်ခုက ပိတ်လို့ဖွင့်လို့ အရမ်းလွယ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ပျိုမေလေးတို့ နှစ်သက်တဲ့ လက်ပွေ့အိတ်လေးတွေနဲ့ ဘယ်လိုစတိုင်ထုတ်မလဲဆိုတာကို အကြံပြုဖို့အတွက် လက်ပွေ့အိတ်ဝတ်စုံအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဘလေဇာကုတ်၊ လည်စညး်ပုဝါ နဲ့ ကျားသစ်ကွက်လက်ပွေ့အိတ်

ပုံထဲလို ကျားသစ်ကွက် လက်ပွေ့အိတ်လေး ကိုင်မယ်ဆိုရင်တော့ ဘလေဇာကုတ် အစိမ်းရောင်လေးရယ်၊ အကျီင်္အဖြူရောင်လေးရယ်နဲ့ နက်ပြာရောင် ဂျင်းဘောင်းဘီအကျပ်လေးဝတ်ဆင်နိုင်ပါတယ်။ မီးခိုးရောင်ပဝါလေးနဲ့ ankle bootsလေးကို ထပ်ဖြည့်စွက်လိုက်ရင် သင့်ကို စတိုင်ကျကျလှပတဲ့ ဆောင်းတွငး်ဖက်ရှင်လေးဖြစ်စေမှာပါ။

၂။ သိုးမွေးဆွယ်တာ၊ ပန်းရောင်လက်ပွေ့အိတ်

အေးမြတဲ့ ဆောင်းရာသီမနက်ခင်းမှာ နွေးနွေးထွေးထွေးနဲ့ သဘာဝကျကျကြည့်ကောင်းစေမယ့် business casual ဝတ်စုံလေးဖြစ်ပါတယ်။ ဒီ Look လေးဖန်တီးဖို့ အပေါ်က မီးခိုးရောင်ဖျော့ဖျော့ ဆွယ်တာလေးကို ရိုးရှင်းစွာဝတ်ဆင်နိုင်ပါတယ်။နက်ပြာရောင်ဂျင်းဘောင်းဘီအကျပ်နဲ့ ပန်းရာင်ဘဲလေးဒေါက်ဖိနပ်တစ်စုံကို တွဲဖက်ပါ။ ပန်းရောင်လက်ပွေ့အိတ်လေးနဲ့ တွဲဖက်လိုက်မယ်ဆိုရင် ဒီဝတ်စုံဖက်ရှင်လေးက ပြီးပြည့်စုံစေမှာ ဖြစ်ပါတယ်။

၃။ မီးခိုးရောင် mini dress လေးနဲ့ အနီရောင်လယ်သာလက်ပွေ့အိတ်

ဒါက တကယ့်ကို ကြည့်ကောင်းပြီး elegant ဖြစ်စေတဲ့ ပါတီပွဲအတွက် ဝတ်စုံဖြစ်ပါတယ်။ သင့်ဝတ်စုံရဲ့ focal pointအဖြစ် ခါးပတ်အပြားကြီးကြီးနဲ့ မီးခိုးရောင် mini dressလေးကို ဝတ်ဆင်ပါ။ သင့်ရဲ့ဝတ်စုံကို ဒေါက်ဖိနပ်လေးတစ်စုံနဲ့ အနီရောင်လယ်သာလက်ပွေ့အိတ်လေးကို ထည့်လိုက်ရင် ဆွဲဆောင်မှုရှိပြီး ထက်မြတ်တဲ့ ပုံကိုပေါ်လွင်စေမှာပါ။

၃။ အနက်ရောင်သိုးမွေးကုတ်၊ ကျားသစ်ကွက် မီနီစကတ်နှင့် အညိုရောင်လယ်သာ လက်ပွေ့အိတ်

ဒီဆောင်းတွင်းအခါသမယမှာ မိန်းကလေးဆန်တဲ့ business casual look လေးဖြစ်စေဖို့ အဖြူရောင် လည်ပင်းခေါက် သိုးမွေးဆွယ်တာအင်္ကျီ၊ အနက်ရောင် သိုးမွှေးကုတ်အင်္ကျီကို ဝတ်ဆင်နိုင်ပါတယ်။ အဖြူ၊အနက် ကျားသစ်ကွက် မီနီစကတ်နဲ့ အနက်ရောင် စတော်ကင်တစ်စုံကို တွဲဖက်ပါ။ အနီရောင်လယ်သာ လက်ပွေ့အိတ်တစ်လုံးနဲ့အတူ ဒီဝတ်စုံလေးကို တွဲဖက်တာက သင့်ကို ခပ်မိုက်မိုက် ဖက်ရှင်လေး ဖြစ်စေမှာပါ။

၄။ အနက်ရောင်ဂါဝန်တိုနှင့် နက်ပြာရောင် လက်ပွေ့အိတ်

ပါတီပွဲတွေမှာ သင့်ကိုဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းစေမယ့် ဝတ်စုံလေးပါ။ ဒီ Look လေးဖန်တီးဖို့ အနီနဲ့အဖြူရောင် အကွက်ကော်လာဒီဇိုင်းပါတဲ့ ဒူးအထိဂါဝန်တိုအနက်ရောင်လေးကို ဝတ်ဆင်နိုင်ပါတယ်။ အပြာရင့်ရောင် လက်ပွေ့အိတ်လေးတစ်လုံးနဲ့ အနက်ရောင်ကြိုးသိုင်းဒေါက်ဖိနပ်တစ်စုံက သင့်ရဲ့look လေးကို ပြီးပြည့်စုံစေမှာပါ။

၅။ လည်ပိတ်ဂါဝန်တိုလေးနဲ့ သံပုရာခြမ်းပုံစံလက်ပွေ့အိတ်

ယနေ့မှာ ဆယ်ကျော်သက်မိန်းကလေးတွေ နှစ်သက်ကြတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒီလိုလက်ပွေ့အိတ်လေးတွေက ဒီဇိုင်းပုံဆန်းအမျိုးမျိုးရှိပြီး Cute ဖြစ်တဲ့ ဒီဇိုင်းလေးတွေဖြစ်ပါတယ်။ ဒီLook လေးကို ဖန်တီးဖို့ ပန်းရောင်ဖျော့ဖျော့ လည်ပိတ်ဂါဝန်တိုလေးကို ဝတ်ဆင်ပြီး သံပုရာခြမ်းပုံစံ လက်ပွေ့အိတ်လေးနဲ့ တွဲဖက်နိုင်ပါတယ်။ ဖိနပ်အတွက်ကတော့ သင့်ရဲ့ Look လေးကို လန်းဆန်းတဲ့ အသွင်ဖြစ်စေဖို့ အဖြူရောင် ကြိုးသိုင်းဒေါက်မြင့်လေးကို ဝတ်ဆင်နိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-fmag

LEAVE A REPLY

Please enter your comment!
Please enter your name here