ဆံပင်ပြင်ဆင်ဖို့ အချိန်မပေးနိုင်လို့ ဆံပင်ကို ခေါင်းစည်းကွင်းနဲ့ ပြီးစလွယ်စည်းပြီး သွားနေရတဲ့နေ့တွေ ဘယ်လောက်များပြီလဲ? ဒါ့ကြောင့် ဆံပင်ပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့ ပျိုမေတွေအတွက် ဆွဲဆောင်မှုရှိပြီး လှပတဲ့ နောက်တွဲ ဆံပင်ပုံစံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ပျိုမေတို့ရဲ့မျက်နှာကျပေါ်မှုတည်ပြီး လိုက်ဖက်တဲ့ နောက်တွဲဆံပင်ပုံလေးတွေကို ဆုံးဖြတ်ဖို့တော့လိုပါတယ်။
၁။ မျက်နှာဝိုင်းဝိုင်း
သင့်ရဲ့မျက်နှာကို သေးသွယ်တဲ့ပုံပေါ်စေဖို့ လျော့လျော့လေးနဲ့ နောက်တွဲပုံစံလေးတွေ ကြိုးစားကြည့်ပါ။ အရှေ့ဆံမြိတ်အမျှင်လေးနှင့်အတူ နောက်တွဲဆံထုံးလေးတွေ၊ ဘေးခွဲဆံမြိတ်ထူထူလေးတွေက သင့်မျက်နှာကို ရှည်သွယ်စေပါလိမ့်မယ်။
၂။ စတုရန်းပုံမျက်နှာ
နောက်တွဲနိမ့်နိမ့်လေးက သင့်မေးရိုးကို သွယ်တဲ့ပုံပေါ်စေပြီး သင့်ပါးရိုးကို attention ဆွဲယူပါလိမ့်မယ်။ ဆံထုံးအမြင့်တွေက သင့်နဖူးကို ပိုကျယ်စေနိုင်တာကြောင့် ဝေးဝေးရှောင်သင့်ပါတယ်။
၃။ ဒိုင်းမွန်းပုံမျက်နှာ
စိန်ပုံမျက်နှာက ပါးရိုးကျယ်ကျယ်၊ မေးစေ့ချွန်ပြီး နဖူးအနည်းငယ် သွယ်လျပါတယ် ဒါ့ကြောင့် သင့်မျက်နှာကိုပိုပြီး ပျော့ပျောင်းစေဖို့ နောက်တွဲဆံတုံးလေး ထုံးပေးပါ။ သင့်ရဲ့မေးရိုးက ချွန်လွန်းသွားတာ သို့မဟုတ် ပါးလွှာတဲ့ပုံပေါ်လွန်းစေနိုင်တာကြောင့် ထုံးတဲ့အခါ သတိပြုပါ။
၎။ ဘဲဥပုံမျက်နှာ
ဘဲဥပုံမျက်နှာက နောက်တွဲဆံထုံးအားလုံးနဲ့ ကြည့်ကောင်းပါတယ်။ သင့်ရဲ့မျက်စိ၊ ပါးရိုးတွေနဲ့ နဖူးကိုပေါ်လွင်ချင်ရင် ဆံမျှင်လေးတွေနဲ့အတူ ဆံထုံးအမြင့်တင်းတင်းလေး ထုံးပါ။ မေးရိုးကို ပေါ်လွင်စေချင်ရင် ဆံထုံးနိမ့်နိမ့်ကို ရွေးချယ်ပါ။
၅။ အသဲပုံမျက်နှာ
ဖြစ်နိုင်ရင် ဘေးခွဲဆံမြိတ်တွေ၊ ဆံမြိတ်နှင့် နောက်တွဲဆံထုံးတွေ ထုံးပါ။ သူတို့က သင့်ကိုရှိရင်းစွဲထက် ပိုသေးသွယ်စေပြီး သင့်နဖူးအကျယ်ကို ဖုံးကွယ်ပေးပါတယ်။
၆။ တြိဂံပြောင်းပြန်ပုံမျက်နှာ
ဆံမြိတ်တွေနဲ့ နောက်တွဲက ဒီမျက်နှာကျအတွက် အံသြစရာအလုပ်ဖြစ်ပါတယ်။ ဆံမြိတ်တွေက လုံးဝတော့ မဟုတ်ပေမယ့် နဖူးကို ဖုံးကွယ်ဖို့ကူညီပေးပါလိမ့်မယ်။
၇။ တြိဂံပုံမျက်နှာ
တြိဂံပုံမျက်နှာရှိသူတွေဟာ လှိုင်းတွန့်ဘေးတွဲဆံထုံးအနိမ့်လေးတွေ ထုံးပေးပါ။ မေးရိုးကို သွယ်လျတဲ့ပုံပေါ်စေပြီး ပါးရိုးနှင့်နဖူးကို ကျယ်ဝန်းစေပါတယ်။
၈။ မျက်နှာကျရှည်တဲ့သူ
အနေတော်အမြင့်လောက်နှင့် ဆံထုံးနိမ့်နိမ့်လေး ထုံးကြည့်ပါ။ ဆံထုံးမြင့်မြင့်က သင့်မျက်နှာကို ရှည်လွန်းတဲ့ပုံပေါ်စေပါလိမ့်မယ်။ ဆံမြိတ်မပါတဲ့ အနေတော် နောက်တွဲလေးက သင့်ပါးရိုးနှင့် နဖူးကို ပေါ်လွှင်စေတာကြောင့် မယုံကြည်နိုင်လောက်အောင် ကြည့်ကောင်းပါလိမ့်မယ်။
၉။ နဖူးကျယ်တဲ့သူ
သင့်မှာ နဖူးမြင့်မြင့်ရှိရင် ဆံမြိတ်ချထားတဲ့ ဘယ်နောက်တွဲဆံထုံးမဆို သင့်နဖူးကျယ်တာကို ဖုံးကွယ်ပေးပါလိမ့်မယ်။
၁၀။ နဖူးတိုတဲ့သူ
သင့်နဖူးက တိုရင် သင့်မျက်နှာကို အမြင့်ထည့်ပေးရမှာ ဖြစ်တဲ့အတွက် ဆံထုံးမြင့်မြင့်ကို စဉ်းစားပါ။ နဖူးက ရှိရင်းစွဲထက် ပိုကျယ်တဲ့ ပုံပေါ်စေလိမ့်တာကြောင့် သင့်ရဲ့ဆံထုံးကို ဆံမျှင်စလေးတွေနဲ့ ကပိုကရိုလေး ထုံးပေးပါ။
#Lifestyle_Myanmar
#LM_Nandar
Source-stylecraze