Home News ပေါင် ၇သောင်း တန်းဖိုးရှိတဲ့ ရှေးဟောင်းလက်စွပ်ကို သစ်တောထဲကနေ ရှာဖွေတွေ့ရှိခဲ့သူ

ပေါင် ၇သောင်း တန်းဖိုးရှိတဲ့ ရှေးဟောင်းလက်စွပ်ကို သစ်တောထဲကနေ ရှာဖွေတွေ့ရှိခဲ့သူ

0
1

အင်္ဂလန်နိုင်ငံ Nottinghamshire မှာရှိတဲ့ Sherwood သစ်တောဟာ လူသိများတဲ့ အကောင်းဆုံး သစ်တောတစ်ခုဖြစ်ပြီး ထိုသစ်တောမှာ အတိတ်က သမိုင်းတွေ၊ ဒဏ္ဍာရီတွေများစွာ ရှိခဲ့လို့ တော်ဝင်သစ်တောတစ်ခုလိုတောင် တင်စားကြပါတယ်။ သစ်တောအနီးတစ်ဝှိုက်ကဆင်းရဲသားပြည်သူတွေဟာ ဒီသစ်တောကို အမှီပြုပြီး လုပ်ကိုင် စားသောက်ရတဲ့အတွက် သစ်တောဟာ သူတို့အတွက်တော့ ထမင်းရှင်၊ ဟင်းရှင်လို့တောင် ပြောရမလိုပါပဲ။ ၂၀၁၆ ခုနှစ်လောက်က ရွှေရှာဖွေရေး အလုပ်ကို လုပ်ကိုင်သူ Mark Thompson ဆိုသူဟာ အဆိုပါတောမှာရွှေရှာရင်း ရှေ့ခေတ်လယ်လောက်ကလို့ ယူဆရတဲ့ ရှေ့ဟောင်း လက်စွပ်တစ်ကွင်းကို ရှာဖွေတွေရှိခဲ့ပါတယ်

အသက် ၃၄နှစ်အရွယ် Mark Thompson ဟာ သတ္တုရှာစက်နဲ့ရှာရင်း မိနစ် ၂၀လောက်ကြာတဲ့အခါမှတော့ အဆိုပါ လက်စွပ်ကို ရှာတွေ့ခဲ့တာဖြစ်ပြီး လက်စွပ်မှာ ထွင်းထုထားတဲ့ ပုံတွေအရ အဆိုပါလက်စွပ်ဟာ ၁၄ရာစုလောက်က ထွင်းထုထားတဲ့ ရှေ့ဟောင်းလက်စွပ်တစ်ခုလို့ ခန့်မှန်းရပါတယ်။ အဆိုပါ လက်စွပ်ကို ဗြိတိသျှပြတိုက်မှာ စမ်းသပ်မှုတွေပြုလုပ်ပြီး အဆိုပါ ရှေးဟောင်းလက်စွပ်ရဲ့ တန်ဖိုးဟာ ပေါင် ၇သောင်း (သိန်း ၁၃၀၀ ကျော် တန်ဖိုး) ရှိပါတယ်။

ကျွမ်းကျင်သူတွေက အဆိုပါလက်စွပ်ရဲ့ အကြောင်းကို လေ့လာနေပြီး လက်စွပ်ကိုတော့ ပြတိုက်ထဲမှာပဲ ထိန်းသိမ်းထားဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ လက်စွပ်ရှာဖွေတွေ့ရှိခဲ့သူ Mark Thompson အတွက် နိုင်ငံတော်က ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေ ပေးခဲ့ပါတယ်။ Mark Thompson လိုပဲ ရှားပါးပစ္စည်းကို ရှာဖွေးတွေ့ရှိထားလို့ အကျိုးခံစားခွင့်ရရှိသူတွေ နောက်ထပ်ရှိပါသေးတယ်။ သူကတော့ဗြိတိသျှနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အရှားပါးဆုံး အကြွေစေ့ကို ရှာဖွေတွေ့ရှိခဲ့လို့ နိုင်ငံတော်က ပေါင် ၂သိန်းခွဲ ပေးအပ်ချီးမြှင့်ခဲ့ဖူးပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ညဘက္ဓါတ္ပံုရုိက္တဲ့အခါ Night Mode ကိုဘယ္လိုအသံုးခ်မလဲ ?




NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here