ပေါင်မုန့်ရောင်းပြီး သားသမီးတွေ ပညာတက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ ဖခင်ကို ဧရာမပန်ချီးကားဖြင့် ရေးဆွဲဂုဏ်ပြု

0
55
Muniandi

မလေးရှားနိုင်ငံ ပီနန်းမြို့မှာ အနှစ် ၃၀ကြာအောင် ရိုးရိုးသားသား ပေါင်မုန့်ရောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ရှည်အမျိုးသားကြီးကိုတော့ လူတစ်စုက တိုက်နံရံမှာ ဧရာမ ပန်းချီကားကြီးဆွဲပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ထိုအမျိုးသားရဲ့ နာမည်ကတော့ Muniandi လို့ သိရပါတယ်။

-Advertisement-

မလေးရှားက Street Artist တစ်ယောက်ဖြစ်တဲ့ Acit Raman Abdullah ဟာ သူ လေးဖက်သွားအရွယ်ကတည်းက ဒီပေါင်မုန့်ရောင်းတဲ့ ဦးလေးကြီးကို အကျွမ်းတဝင်မှတ်မိနေပြီး အသက်ကြီးလာလို့ ပန်းချီဆရာဖြစ်တဲ့အထိ သတိတရရှိနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ Muniandi ဟာကလေးတွေ ငယ်ငယ်ကတည်းကနေ ကြီးလာတဲ့အထိ ပီနန်းမြို့က လမ်းတွေပေါ်မှာ မရောက်ဖူးတဲ့ နေရာမရှိအောင် အချိန်ပြည့် ပေါင်းမုန့်လိုက်ရောင်းရင်း သူ့ဘဝကို ဖြတ်သန်းကုန်ဆုံးခဲ့ရ လို့ပါပဲ။

Acit ဟာ Muniandi ကိုတွေ့လို့ သွားရောက်နှုတ်ဆက်တဲ့ အချိန်မှာတော့ Muniandi က သူ့ကို ချက်ခြင်းမှတ်မိခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ဆယ်လောက် ကြာသွားတာတောင့် သူ့ကို မှတ်မိနေပြီး Muniandi ရဲ့ ဘဝဟာ ဘာမှ ပြောင်းလဲခြင်းမရှိဘဲ လမ်းမပေါ်မှာ ပေါင်မုန့် ရောင်းနေဆဲပါပဲ။ ကလေးတွေတော်တော်များများက သူ့ရဲ့ ဖောက်သည်လိုဖြစ်နေတာကြောင့် ကလေးတိုင်းက Muniandi ကို မှတ်မိကြပြီး Muniandi ကလည်း ကလေးတွေအားလုံးကို မှတ်မိနေပါတယ်။

ဒါ့ကြောင့် Acit တစ်ယောက် သွားရောက်နှုတ်ဆက်တဲ့ အချိန်မှာတော့ သူကို တန်းမှတ်မိနေတဲ့အပြင် ဘယ်မှာနေတယ် ဘာလုပ်တယ်ဆိုတာက အစ သိနေပါတယ်။ Acit ဟာ Muniandi အတွက် ပန်ချီးကားနဲ့ ဂုဏ်ပြုချင်တယ်ဆိုတော့ Muniandi တစ်ယောက် အရမ်းကို ကြည်နူးခဲ့ရပါတယ်။ တကယ်တော့ Acit ရဲ့ သူငယ်ချင်း Andhar A Samah က Balik Pulau ပွဲတော်အတွက် ရည်ရွယ်ပြီး ဒီပန်းချီကားကို ရေးဆွဲချင်ခဲ့တာပါ။

ကာယကံရှင် Muniandi ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးတဲ့အတွက် ပီနံမြို့က တိုက်နံရံကြီးတစ်ခုမှာ Muniandi ရဲ့ ရုပ်ပုံကြီးက အသက်ဝင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ Acit ဟာ သူ့ရဲ့ လူမှုကွန်ယက်မှာတော့ “Muniandi က သားသမီးတွေအားလုံးကို ရိုးရိုးသားသား ပေါင်းမုန့်ရောင်းပြီး ပညာတက်ကြီးတွေဖြစ်အောင်ပြုစုပျိုးထောင်ခဲ့တဲ့စံပြဖခင်တစ်ဦးပါ။ သူ့ရဲ့ သားသမီးတွေမှာ ဆရာဝန်၊ ရှေ့နေ အပြင် ဓာတုအင်ဂျင်နီယာတက်နေတဲ့ သူတောင်ရှိပါတယ်။ ဒီအချက်က ကျွန်တော်တို့ရဲ့ စိတ်ကို လွှမ်းမိုးစေပါတယ်လို့” ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် Muniandi ရဲ့ မိသားစုအပေါ်မှာ ထားတဲ့ ကြိုးစားအားထုတ်မှုဟာ မလေးရှားရဲ့ Merdeka ဒါမှမဟုတ် မလေးရှား day ရဲ့ ပြယုဂ်တစ်ခုတောင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အရွယ်တင် နုပျိုလွန်းလို့ သားမိနှစ်ယောက်ကို အတွဲလို့ အထင်ခံရတဲ့ ဖြစ်ရပ်

Zawgyi Fonts

ေပါင္မုန္႔ေရာင္းၿပီး သားသမီးေတြ ပညာတက္ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ဖခင္ကို ဧရာမပန္ခ်ီးကားျဖင့္ ေရးဆြဲဂုဏ္ျပဳ
မေလးရွားနိုင္ငံ ပီနန္းၿမိဳ႕မွာ အႏွစ္ ၃၀ၾကာေအာင္ ရိုးရိုးသားသား ေပါင္မုန္႔ေရာင္းၿပီး မိသားစုကို ရွာေဖြေကၽြးေမြးေနတဲ့ အိမ္ေထာင္ရွည္အမ်ိဳးသားႀကီးကိုေတာ့ လူတစ္စုက တိုက္နံရံမွာ ဧရာမ ပန္းခ်ီကားႀကီးဆြဲၿပီး ဂုဏ္ျပဳေပးခဲ့ၾကပါတယ္။ ထိုအမ်ိဳးသားရဲ့ နာမည္ကေတာ့ Muniandi လို႔ သိရပါတယ္။

မေလးရွားက Street Artist တစ္ေယာက္ျဖစ္တဲ့ Acit Raman Abdullah ဟာ သူ ေလးဖက္သြားအရြယ္ကတည္းက ဒီေပါင္မုန္႔ေရာင္းတဲ့ ဦးေလးႀကီးကို အကၽြမ္းတဝင္မွတ္မိေနၿပီး အသက္ႀကီးလာလို႔ ပန္းခ်ီဆရာျဖစ္တဲ့အထိ သတိတရရွိေနတုန္းပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ Muniandi ဟာကေလးေတြ ငယ္ငယ္ကတည္းကေန ႀကီးလာတဲ့အထိ ပီနန္းၿမိဳ႕က လမ္းေတြေပၚမွာ မေရာက္ဖူးတဲ့ ေနရာမရွိေအာင္ အခ်ိန္ျပည့္ ေပါင္းမုန္႔လိုက္ေရာင္းရင္း သူ႔ဘဝကို ျဖတ္သန္းကုန္ဆုံးခဲ့ရ လို႔ပါပဲ။

Acit ဟာ Muniandi ကိုေတြ႕လို႔ သြားေရာက္ႏွုတ္ဆက္တဲ့ အခ်ိန္မွာေတာ့ Muniandi က သူ႔ကို ခ်က္ျခင္းမွတ္မိခဲ့ပါတယ္။ ႏွစ္ေပါင္း ၃၀ဆယ္ေလာက္ ၾကာသြားတာေတာင့္ သူ႔ကို မွတ္မိေနၿပီး Muniandi ရဲ့ ဘဝဟာ ဘာမွ ေျပာင္းလဲျခင္းမရွိဘဲ လမ္းမေပၚမွာ ေပါင္မုန္႔ ေရာင္းေနဆဲပါပဲ။ ကေလးေတြေတာ္ေတာ္မ်ားမ်ားက သူ႔ရဲ့ ေဖာက္သည္လိုျဖစ္ေနတာေၾကာင့္ ကေလးတိုင္းက Muniandi ကို မွတ္မိၾကၿပီး Muniandi ကလည္း ကေလးေတြအားလုံးကို မွတ္မိေနပါတယ္။

ဒါ့ေၾကာင့္ Acit တစ္ေယာက္ သြားေရာက္ႏွုတ္ဆက္တဲ့ အခ်ိန္မွာေတာ့ သူကို တန္းမွတ္မိေနတဲ့အျပင္ ဘယ္မွာေနတယ္ ဘာလုပ္တယ္ဆိုတာက အစ သိေနပါတယ္။ Acit ဟာ Muniandi အတြက္ ပန္ခ်ီးကားနဲ႔ ဂုဏ္ျပဳခ်င္တယ္ဆိုေတာ့ Muniandi တစ္ေယာက္ အရမ္းကို ၾကည္ႏူးခဲ့ရပါတယ္။ တကယ္ေတာ့ Acit ရဲ့ သူငယ္ခ်င္း Andhar A Samah က Balik Pulau ပြဲေတာ္အတြက္ ရည္ရြယ္ၿပီး ဒီပန္းခ်ီကားကို ေရးဆြဲခ်င္ခဲ့တာပါ။

ကာယကံရွင္ Muniandi ကိုယ္တိုင္က ၾကည္ၾကည္ျဖဴျဖဴနဲ႔ ခြင့္ျပဳေပးတဲ့အတြက္ ပီနံၿမိဳ႕က တိုက္နံရံႀကီးတစ္ခုမွာ Muniandi ရဲ့ ႐ုပ္ပုံႀကီးက အသက္ဝင္ေပၚေပါက္ခဲ့တာျဖစ္ပါတယ္။ Acit ဟာ သူ႔ရဲ့ လူမွုကြန္ယက္မွာေတာ့ “Muniandi က သားသမီးေတြအားလုံးကို ရိုးရိုးသားသား ေပါင္းမုန္႔ေရာင္းၿပီး ပညာတက္ႀကီးေတြျဖစ္ေအာင္ျပဳစုပ်ိဳးေထာင္ခဲ့တဲ့စံျပဖခင္တစ္ဦးပါ။ သူ႔ရဲ့ သားသမီးေတြမွာ ဆရာဝန္၊ ေရွ႕ေန အျပင္ ဓာတုအင္ဂ်င္နီယာတက္ေနတဲ့ သူေတာင္ရွိပါတယ္။ ဒီအခ်က္က ကၽြန္ေတာ္တို႔ရဲ့ စိတ္ကို လႊမ္းမိုးေစပါတယ္လို႔” ေရးသားထားခဲ့ပါတယ္။

ဒါ့အျပင္ Muniandi ရဲ့ မိသားစုအေပၚမွာ ထားတဲ့ ႀကိဳးစားအားထုတ္မွုဟာ မေလးရွားရဲ့ Merdeka ဒါမွမဟုတ္ မေလးရွား day ရဲ့ ျပယုဂ္တစ္ခုေတာင္ ျဖစ္လာနိုင္တယ္လို႔ ဆိုပါတယ္။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here