သင်တို့ မြင်တွေ့နေတဲ့ ကလေးလေးတွေရဲ့ ချစ်စရာ ပုံရိပ်လေးတွေဟာ လွယ်လွယ်ကူကူနဲ့ ရိုက်လို့ရတဲ့ ဓာတ်ပုံတွေမဟုတ်ဘူးဆိုတာ သက်သေအဖြစ်ပြသလိုက်တာပဲဖြစ်ပါတယ်။ လွယ်မလားလို့ ရိုက်ကြည့်ကြည့်တာ ငိုနေလို့ တော်တော်ချော့လိုက်ရတယ်။ ရိုက်ချင်တာက အပေါ်က ပုံစံမျိုး၊ တကယ့်အပြင်မှာဖြစ်နေတာက အောက်က ပုံစံမျိုး။ ပုံထဲမှာ ချစ်စရာကောင်းပေမဲ့ တကယ့်အပြင်မှာ ရိုက်ရင်တော့ ရုပ်လေးက မဲ့ရှုပ်နေတာပဲနော်။ ဓာတ်ပုံထဲမှာ ဖေဖေနဲ့ မေမေ မွှေးမွှေးပေးတော့ ရုပ်လေးက အသည်းယားစရာလေး၊ တကယ့်အပြင်မှာပေးတော့ တခြာစီးပဲ။ ဖေဖေနဲ့ မေမေက လာမခေါ်တော့ ငိုနေပါပြီနော်။ ဒီလို ချစ်စရာကောင်းတဲ့ပုံလေးတစ်ပုံရဖို့ကို အိပ်ပျော်တဲ့ အထိ ထိုင်စောင့်လိုက်ရတယ်။ သားသမီးတွေနဲ့ အတူတူ ဒီကြည်နူးစရာမြင်ကွင်းလေး ရိုက်ချင်ပေမဲ့ တကယ်အပြင်မှာဖြစ်နေတာ ဒီလို။ ရုပ်လေးက ချပ်ချေချေပဲနော်။ Pro ဓာတ်ပုံဆရာတွေ ရိုက်တာကို ကြည့်ပြီး လိုက်ရိုက်ကြည့်တဲ့အခါ။ ပုံလှလှလေး တစ်ပုံရဖို့ကို ဓာတ်ပုံဆရာ ငိုချင်စိတ်ပေါက်သွားမယ်နော်။ မေမေထက်တောင် ပိုပြီး Post ပေး ကြမ်းသွားတဲ့ အခါ နည်းနည်းလေး အိပ်ငိုက်လွန်သွားလို့ပါကွယ်။ နောက်မို့ဆို ဒီလို ပုံလှလှလေး ကွတ်တိရတယ်။ ဘယ်သူ မလှဘူးပဲပြောပြော ကြည်နူးစရာတော့ ကောင်းတယ်ဟုတ်။ ပုံလေး တစ်ပုံရဖို့ကို ခြင်းထဲမှာ ငြိမ်ငြိမ်လေး မအိပ်နိုင်ပါလားနော်။ #Lifestyle_Myanmar #Thar_Nage လျှပ်တစ်ပြက်အတွင်းမှာ တိုက်တိုက်ဆိုင်ဆိုင် အံဝင်ဂွင်ကျဖြစ်သွားတဲ့ ဓာတ်ပုံအချို့