Home Health & Beauty ပူအိုက္တဲ့ရာသီမွာေတာင္ ဂ်ိဳင္းေမႊးေတြေၾကာင့္ လက္ျပက္မဝတ္ရဲဘဲျဖစ္ေနၿပီလား။

ပူအိုက္တဲ့ရာသီမွာေတာင္ ဂ်ိဳင္းေမႊးေတြေၾကာင့္ လက္ျပက္မဝတ္ရဲဘဲျဖစ္ေနၿပီလား။

0
659
ဂ်ိဳင္းေမႊး
ဂ်ိဳင္းေမႊး

ဒီလိုပူအိုက္တဲ့ရာသီမွာ စိတ္လြတ္ကိုယ္လြတ္ ေရကူးဝတ္စုံမ်ိဳး လက္ျပက္အတိုေတြဝတ္ၿပီးေနခ်င္ေပမဲ့ ဂ်ိဳင္းေမႊးေတြထြက္ေနတာေၾကာင့္ မဝတ္မရဲနဲ႔ စိတ္ညစ္ေနတဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလးမွ်ေဝေပးလိုက္ပါတယ္။ အေမႊးရိတ္ျခင္းက ယားယံေစၿပီး သာမန္ထက္ပိုၿပီး အေမႊးပိုထြက္ျခင္း ႀကီးထြားျခင္းကိုျဖစ္ေပၚေစပါတယ္။ အမ်ိဳးသမီးအမ်ားစုမွာ ၃၃%ေလာက္က သဘာဝနည္းလမ္းေတြကို အသုံးျပဳေပမဲ့ ၇၇%ေလာက္က အေမႊးေပါက္လာရင္ ရိတ္တာကိုပဲျပဳလုပ္ၾကပါတယ္။ ဒါ့ေၾကာင့္ သဘာဝအတိုင္းေျဖရွင္းလို႔ရမဲ့ နည္းလမ္း ၅မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္။

-Advertisement-

သၾကား+သံပုရာရည္


ပါဝင္ေသာပစၥည္းမ်ား
သၾကား ၁ခြက္၊ ပ်ားရည္ ၁/၄ ခြက္
သံပုရာ ၁/၂ (စားပြဲတင္ဇြန္း ၂ဇြန္း)
အဆိုပါ ပါဝင္ပစၥည္းကို ေရာေမႊၿပီး မိုက္ခ႐ိုေဝ့ထဲမွာ ၂မိနစ္ေလာက္ ထားထားေပးပါ။ ၿပီးလွ်င္အေအးခံၿပီး စကၠန္႔ ၂၀/၃၀ေလာက္ ပြတ္လိမ္းေပးလိုက္ပါ။ ၄ပတ္ၾကာၿပီးတဲ့ေနာက္ သင္မလိုခ်င္တဲ့ အေမႊးကိုထပ္မေပါက္ေတာ့ပါဘူး။
ေနာက္တစ္နည္း
သၾကား ၂ဇြန္း
ေရေႏြးေႏြးေလး ၁/၂ ခြက္
သံပုရာရည္ ၂ဇြန္း
အဆိုပါ ပါဝင္ပစၥည္းေတြကို ထည့္ၿပီးေရာေမႊေပးပါ။ ၿပီးလွ်င္ သင့္ဂ်ိဳင္းၾကားထဲမွာ သုတ္လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားထားေပးပါ။ ၿပီးတဲ့အခါမွ သင့္ဂ်ိဳင္းၾကားကို ေရးေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ တစ္ပတ္ကို ၂ႀကိမ္၊ ၃ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

ၾကက္ဥအကာ+ေျပာင္းဖူးေကာ္မႈန္႔ (Cornstarch)


ဂ်ိဳင္းေမႊးကိုရွင္းဖို႔အတြက္ သင္ ဆားဝက္ၿခံကပ္တဲ့ mask ျဖင့္ ျပဳလုပ္ေကာင္းျပဳလုပ္ခဲ့လိမ့္မယ္။ ဒါေပမဲ့ ထင္သေလာက္ ခရီးေရာက္မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အခုေျပာမဲ့နည္းလမ္းေလးကို စမ္းၿပီးျပဳလုပ္ၾကည့္ေနာ္။ အရင္ဦးဆုံး ၾကက္ဥအကာသီးသန္႔၊ ေျပာင္းဖူးမႈန္႔ (Cornstarch) ၁/၂ ဇြန္း၊ သၾကား ၁ဇြန္း တို႔ကို သမေအာင္ ေရာေမႊပါ။ ၿပီးလွ်င္ ဂ်ိဳင္းေမႊးရွိတဲ့ ေနရာတစ္ဝိႈက္ကို သုတ္လိမ္းေပးလိုက္ပါ။ သင့္အေနနဲ႔ စိတ္အနည္းငယ္ရွည္ဖို႔လိုအပ္ပါလိမ့္မယ္။ သုတ္လိမ္းထားတဲ့ ေကာ္ရည္ေျခာက္သြားၿပီဆိုမွ ခြာထုတ္လိုက္ပါ။ သင့္ဂ်ိဳင္းမွာရွိတဲ့ အေမႊးေတြ အကုန္ကၽြတ္ပါသြားပါလိမ့္မယ္။

ႏို႔+နႏြင္း


နႏြင္းမႈန္႔ ၃ဇြန္း၊ ႏို႔ ၁ဇြန္း ကို ေရာေႏွာၿပီး သင့္ဂ်ိဳင္းၾကားကို သုတ္လိမ္းေပးလိုက္ပါ။ မိနစ္ ၂၀/၃၀ ခန္႔ၾကာတဲ့အခါ အဝတ္စတစ္ခုမွာ ေရေႏြးစြတ္ၿပီး သုတ္လိမ္းထားတဲ့ ဂ်ိဳင္းၾကားေနရာတစ္ဝႈိက္ကို ထိုအဝတ္စနဲ႔ သန္႔စင္ေပးပါ။ ၿပီးမွ ေရျဖင့္သန္႔စင္ၿပီး အေျခာက္ခံလိုက္ပါ။ ႏို႔နဲ႔ နႏြင္းက ဆံသားႀကီးထြားႏႈန္းကို တျဖည္းျဖည္းနဲ႔ ပါးလႊာေစပါတယ္။

သေဘၤာသီး+နႏြင္း


သေဘာၤသီးမွာပါဝင္တဲ့ အရာေတြဟာ ဆံသားရဲ႕ ေမႊးညင္းေပါက္ေတြကို ဖ်က္ဆီးပစ္ႏိုင္တဲ့ အင္ဇိုင္းဓာတ္ေတြပါရွိပါတယ္။ ဒါ့ေၾကာင့္ သေဘၤာသီးအမွည့္ ၁-၂ဇြန္း ကို နႏြင္းမႈန္႔ ဇြန္းတစ္ဝက္ထည့္ၿပီး ေရာေမႊေပးပါ။ ၿပီးလွ်င္ အေမႊးရွိတဲ့ ေနရာတစ္ဝႈိက္ကို ေသေသခ်ာခ်ာ သုတ္လိမ္းေပးလိုက္ပါ။ ၁၅မိနစ္ၾကာတဲ့အခါမွ သင့္ရဲ႕ ဂ်ိဳင္းကို သန္႔စင္ေအာင္ေဆးေၾကာေပးလိုက္ပါ။ အခ်ိန္တိုကာလအတြင္းထိေရာက္မႈရွိၿပီး တစ္ပတ္ကို ၂ႀကိမ္၊ ၃ႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။

နႏြင္း+မုန္႔ဖုတ္ဆိုဒါ


နႏြင္းမႈန္႔ ၁ဇြန္း၊ မုန္႔ဖုတ္ဆိုဒါ ၂ဇြန္းကို ေရအနည္းငယ္ေရာၿပီး ေမႊေပးပါ။ ေရကို ခပ္ပစ္ပစ္ေလးျဖစ္ေအာင္ ျဖည္းျဖည္းခ်င္းထည့္ၿပီး ေမႊေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို သင့္ဂ်ိဳင္းၾကားမွာ ေသေသခ်ာခ်ာ သုတ္လိမ္းေပးလိုက္ပါ။ ေျခာက္သြားတဲ့အခါမွ ဖယ္ရွားပစ္ၿပီး သန္႔စင္ေပးလိုက္ပါ။ နႏြင္းမႈန္႔ဟာ အသားအေရကို လွပေစတဲ့အတြက္ သင့္ဂ်ိဳင္းမဲျခင္းကိုလည္း ကာကြယ္ေပးရာေရာက္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage


Unicode

ပူအိုက်တဲ့ရာသီမှာတောင် ဂျိုင်းမွှေးတွေကြောင့် လက်ပြက်မဝတ်ရဲဘဲဖြစ်နေပြီလား။
ဒီလိုပူအိုက်တဲ့ရာသီမှာ စိတ်လွတ်ကိုယ်လွတ် ရေကူးဝတ်စုံမျိုး လက်ပြက်အတိုတွေဝတ်ပြီးနေချင်ပေမဲ့ ဂျိုင်းမွှေးတွေထွက်နေတာကြောင့် မဝတ်မရဲနဲ့ စိတ်ညစ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးမျှဝေပေးလိုက်ပါတယ်။ အမွှေးရိတ်ခြင်းက ယားယံစေပြီး သာမန်ထက်ပိုပြီး အမွှေးပိုထွက်ခြင်း ကြီးထွားခြင်းကိုဖြစ်ပေါ်စေပါတယ်။ အမျိုးသမီးအများစုမှာ ၃၃%လောက်က သဘာဝနည်းလမ်းတွေကို အသုံးပြုပေမဲ့ ရ၇%လောက်က အမွှေးပေါက်လာရင် ရိတ်တာကိုပဲပြုလုပ်ကြပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်းဖြေရှင်းလို့ရမဲ့ နည်းလမ်း ၅မျိုးကို မျှဝေပေးလိုက်ပါတယ်။

သကြား+သံပုရာရည်
ပါဝင်သောပစ္စည်းများ
သကြား ၁ခွက်၊ ပျားရည် ၁/၄ ခွက်
သံပုရာ ၁/၂ (စားပွဲတင်ဇွန်း ၂ဇွန်း)
အဆိုပါ ပါဝင်ပစ္စည်းကို ရောမွှေပြီး မိုက်ခရိုဝေ့ထဲမှာ ၂မိနစ်လောက် ထားထားပေးပါ။ ပြီးလျှင်အအေးခံပြီး စက္ကန့် ၂၀/၃၀လောက် ပွတ်လိမ်းပေးလိုက်ပါ။ ၄ပတ်ကြာပြီးတဲ့နောက် သင်မလိုချင်တဲ့ အမွှေးကိုထပ်မပေါက်တော့ပါဘူး။
နောက်တစ်နည်း
သကြား ၂ဇွန်း
ရေနွေးနွေးလေး ၁/၂ ခွက်
သံပုရာရည် ၂ဇွန်း
အဆိုပါ ပါဝင်ပစ္စည်းတွေကို ထည့်ပြီးရောမွှေပေးပါ။ ပြီးလျှင် သင့်ဂျိုင်းကြားထဲမှာ သုတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားပေးပါ။ ပြီးတဲ့အခါမှ သင့်ဂျိုင်းကြားကို ရေးနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ်၊ ၃ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

ကြက်ဥအကာ+ပြောင်းဖူးကော်မှုန့် (Cornstarch)
ဂျိုင်းမွှေးကိုရှင်းဖို့အတွက် သင် ဆားဝက်ခြံကပ်တဲ့ mask ဖြင့် ပြုလုပ်ကောင်းပြုလုပ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ထင်သလောက် ခရီးရောက်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အခုပြောမဲ့နည်းလမ်းလေးကို စမ်းပြီးပြုလုပ်ကြည့်နော်။ အရင်ဦးဆုံး ကြက်ဥအကာသီးသန့်၊ ပြောင်းဖူးမှုန့် (Cornstarch) ၁/၂ ဇွန်း၊ သကြား ၁ဇွန်း တို့ကို သမအောင် ရောမွှေပါ။ ပြီးလျှင် ဂျိုင်းမွှေးရှိတဲ့ နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးလိုက်ပါ။ သင့်အနေနဲ့ စိတ်အနည်းငယ်ရှည်ဖို့လိုအပ်ပါလိမ့်မယ်။ သုတ်လိမ်းထားတဲ့ ကော်ရည်ခြောက်သွားပြီဆိုမှ ခွာထုတ်လိုက်ပါ။ သင့်ဂျိုင်းမှာရှိတဲ့ အမွှေးတွေ အကုန်ကျွတ်ပါသွားပါလိမ့်မယ်။

နို့+နနွင်း
နနွင်းမှုန့် ၃ဇွန်း၊ နို့ ၁ဇွန်း ကို ရောနှောပြီး သင့်ဂျိုင်းကြားကို သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀/၃၀ ခန့်ကြာတဲ့အခါ အဝတ်စတစ်ခုမှာ ရေနွေးစွတ်ပြီး သုတ်လိမ်းထားတဲ့ ဂျိုင်းကြားနေရာတစ်ဝှိုက်ကို ထိုအဝတ်စနဲ့ သန့်စင်ပေးပါ။ ပြီးမှ ရေဖြင့်သန့်စင်ပြီး အခြောက်ခံလိုက်ပါ။ နို့နဲ့ နနွင်းက ဆံသားကြီးထွားနှုန်းကို တဖြည်းဖြည်းနဲ့ ပါးလွှာစေပါတယ်။

သင်္ဘောသီး+နနွင်း
သဘောင်္သီးမှာပါဝင်တဲ့ အရာတွေဟာ ဆံသားရဲ့ မွှေးညင်းပေါက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အင်ဇိုင်းဓာတ်တွေပါရှိပါတယ်။ ဒါ့ကြောင့် သင်္ဘောသီးအမှည့် ၁-၂ဇွန်း ကို နနွင်းမှုန့် ဇွန်းတစ်ဝက်ထည့်ပြီး ရောမွှေပေးပါ။ ပြီးလျှင် အမွှေးရှိတဲ့ နေရာတစ်ဝှိုက်ကို သေသေချာချာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅မိနစ်ကြာတဲ့အခါမှ သင့်ရဲ့ ဂျိုင်းကို သန့်စင်အောင်ဆေးကြောပေးလိုက်ပါ။ အချိန်တိုကာလအတွင်းထိရောက်မှုရှိပြီး တစ်ပတ်ကို ၂ကြိမ်၊ ၃ကြိမ် ပြုလုပ်နိုင်ပါတယ်။

နနွင်း+မုန့်ဖုတ်ဆိုဒါ
နနွင်းမှုန့် ၁ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ၂ဇွန်းကို ရေအနည်းငယ်ရောပြီး မွှေပေးပါ။ ရေကို ခပ်ပစ်ပစ်လေးဖြစ်အောင် ဖြည်းဖြည်းချင်းထည့်ပြီး မွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို သင့်ဂျိုင်းကြားမှာ သေသေချာချာ သုတ်လိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အခါမှ ဖယ်ရှားပစ်ပြီး သန့်စင်ပေးလိုက်ပါ။ နနွင်းမှုန့်ဟာ အသားအရေကို လှပစေတဲ့အတွက် သင့်ဂျိုင်းမဲခြင်းကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here