ခုခေတ်အခါဟာ လူတိုင်းက စားဝတ်နေရေး နဲ့ အောင်မြင်မှုနောက်ကို အမောတကော ပြေးလိုက်နေကြရတာဖြစ်တဲ့အတွက် ငြိမ်းအေးမှုကို မတွေ့ရသလောက်ကို ပျောက်ဆုံးနေပါပြီ။ ကိုယ်ချမ်းသာတာတစ်ခုတည်းနဲ့တော့ အောင်မြင်မှုမရနိုင်ပါဘူး။ စိတ်ချမ်းသာမှလည်း အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို သေချာစားသုံးနိုင်မှာ ဖြစ်ပါတယ်။
အလွယ်တကူ ဒေါသထွက်တတ်တာကို ရှောင်ပါ
စိတ်အေးချမ်းနေဖို့ဆိုတာ ဒေါသကြီးတတ်တာကို အထူးရှောင်ရမှာပါ။ ဒေါသအလွန်ကြီးတတ်တဲ့သူတွေက ပူလောင်သောကတွေနဲ့ ပြည့်နှက်နေတတ်တာပါ။ ဒီလိုကိစ္စတိုင်းကို ဒေါသနဲ့သာဖြေရှင်းနေမယ်ဆိုရင် စိတ်ငြိမ်းချမ်းမှုဆိုတာ အဝေးကြီးရောက်နေမှာဖြစ်ပါတယ်။ ဒီတော့ တတ်နိုင်သမျှ အလွယ်တကူဒေါသထွက်တတ်တာကို ရှောင်ပါ။
ဒေါသထွက်နေချိန် အတတ်နိုင်ဆုံး စကားမပြောမိအောင်နေပါ
ကိုယ်ကဒေါသထွက်တတ်ပြီး ဒေါသစိတ်ကိုပြင်ဖို့ မတတ်နိုင်သေးဘူးဆိုရင်လည်း အတတ်နိုင်ဆုံးတော့ ဒေါသထွက်နေချိန်တွေမှာ စကားမပြောမိအောင် ရှောင်ကြဉ်ပါ။ ဒေါသနဲ့ပြောတဲ့အခါ အမှားပါတတ်ပါတယ်။ အမှားပါလာတဲ့အခါ တစ်ဘက်လူကလည်း ကိုယ့်လို ဒေါသမထိန်းနိုင်သူဖြစ်နေရင် တစတစပြဿနာက ပိုမိုကြီးထွားလာပါလိမ့်မယ်။

ကိစ္စရပ်တိုင်းကို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ပါ
တတ်နိုင်သမျှ ကိစ္စရပ်တိုင်းကို ခေါင်းအေးအေးထား ဆုံးဖြတ်တတ်ဖို့ လေ့ကျင့်ယူပါ။ ဒီလို ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တဲ့ အလေ့အထကိုမွေးမြူပါ။ ဒါဟာ စိတ်ကိုငြိမ်းအေးစေနိုင်တဲ့ သော့ချက်ပဲဖြစ်ပါတယ်။ စိတ်ငြိမ်းအေးမှုရဲ့ အထူးရန်သူတော်ကြီးကတော့ ဒေါသပါ။
အေးချမ်းစွာနေတတ်တဲ့အကျင့်နဲ့ ညင်သာတဲ့ စကားပြောဆိုမှုကို မွေးမြူပါ
လေ့လာမှုတွေအရ အေးအေးချမ်းချမ်းနေတတ်တဲ့သူတွေ စကားကိုညင်ညင်သာသာပြောဆိုတတ်သူတွေဟာ စိတ်ငြိမ်းအေးတဲ့သူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ငြိမ်းအေးမှုကို လိုချင်တယ်ဆိုရင်တော့ ဒီအပြုအမူ ဒီအလေ့အထတွေကို မွေးမြူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Lifestyle_Myanmar
ref-ramseysolutions