ဘယ်အလုပ်ကို အရင်ဦးဆုံးလုပ်မလဲ။
#Lifestyle_Myanmar
#Thar_Nage
စာနာစိတ်အပြည့်နဲ့ သက်ရှိအချင်းချင်း ချစ်ခြင်းမေတ္တာကို ဖော်ပြပေးနေတဲ့ လေးစားဖွယ်ရာ ပုံရိပ်အချို့
Unicode
ပုံမှာဖော်ပြထားတဲ့ အလုပ်လေးခု တစ်ပြိုင်နက်တည်း ပေါ်လာပြီဆို သင့်အနေနဲ့ ဘယ်အလုပ်ကို အရင်စလုပ်မလဲ။
သင့်ရဲ့ ရွေးချယ်မှုက သင့်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေးနေတာဖြစ်တဲ့အတွက် အရင်ဦးဆုံး ဒီအလုပ် ၄ခုထဲက သင်အရင်လုပ်ချင်တဲ့ အလုပ်တစ်ခုကိုရွေးလိုက်ပါ။ ပြီးရင် သင်ဟာဘယ်လိုစိတ်မျိုးရှိလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။
၁။ ပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုးလား။
သင့်ရဲ့ ရွေးချယ်မှုက ရေနွေးအိုးသာဆိုရင် သင်ဟာ စိတ်မြန်ကိုယ်မြန် ဒါမှမဟုတ် စိတ်တိုတတ်သူတစ်ဦးပဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို သံသယရှင်းရှင်းနဲ့ လျှင်လျှင်မြန်မြန်ချတတ်ပြီး မိမိလိုချင်တဲ့ ပန်းတိုင်မရောက်မချင်း ဘာကိုမျှ သိပ့်ပြီး ဂရုမစိုက်တတ်ပါဘူး။ ဒါပေမဲ့ ပျင်းရိလွယ်တယ် ငြီးငွေ့လွယ်တယ်။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မဖြစ်အောင် ဂရုစိုက်တက်ပြီး Suprises မျိုးကို သိပ့်ပြီး ကြိုက်နှစ်သက်မှုမရှိပါဘူး။ လိမ်လည်ခြင်းမျိုးမရှိဘဲ မိမိရဲ့ အကြံအစည်/အစီစဉ်တွေအားလုံးကို သန့်သန့်ရှင်းရှင်းနဲ့ လိုက်လုပ်တတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
၂။ ဖုန်းခေါ်ဆိုမှုကို အရင်ဖြေကြားမှာလား
မိမိရဲ့ ရွေးချယ်မှုက ဖုန်းသာအရင်ဖြစ်ခဲ့မယ်ဆိုရင် မိမိဟာ လိမ္မာပါးနပ်ပြီး ပရိယ်ကြွယ်ဝတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ မဖြစ်မနေ လုပ်သင့်တဲ့ အရာလောက်သာ လုပ်လေ့ရှိပြီး အခြားသူတွေပြောတဲ့စကားကိုတော့ လက်ခံဖို့ ခဲယဉ်းပါတယ်။ အခြားသောသူတွေကိုနဲ့ အပြန်အလှန်ဆက်သွယ်ရေးကောင်းမွန်တဲ့သူတစ်ဦးဖြစ်ပြီး မိမိအတွက် အသုံးဝင်ပြီး ခင်မင်ရင်နှီးတဲ့မိတ်ဆွေသူငယ်ချင်းဆို ပိုချစ်ပါတယ်။ ဒါ့အပြင် မိမိအပေါ် အခြားသူတွေက မီးမှောင်းထိုး ဆက်ဆံတာကို ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။
၃။ ငိုနေတဲ့ကလေးကို အရင်ထိန်းမှာလား။
သင့်ရဲ့ ရွေးချယ်မှုက ပုခတ်ထဲက ကလေးသာဆိုရင် သင်ဟာ စိတ်တည်ငြိမ်တတ်သူတစ်ဦးပဲဖြစ်ပါတယ်။ အခြားသူတွေကို ကူညီပေးဖို့ အသင့်ရှိသူတစ်ဦးဖြစ်ပြီး အခြားသူတွေရဲ့ အကျိုးအတွက်ဆို မိမိရဲ့ အကျိုးတောင်ကြည့်တဲ့သူမဟုတ်ပါဘူး။ မိသားစုက လူတစ်ဦးထက် အခြားလူတွေရဲ့ ဆက်ဆံရေးကို ပိုပြီး တန်ဖိုးထား တတ်ပါတယ်။ အထီးကျန်ရမှာ ကြောက်သူတစ်ဦးဖြစ်ပြီး တစ်စုံတစ်ဦးရဲ့ အနားမှာအမြဲရှိဖို့က သူ့အတွက် အရေးကြီးပါတယ်။ မိသားစုနဲ့အတူ တိတ်ဆိတ်ပြီး နွေးထွေးပျူငှာစွာ နေရတာထက် ပါတီတို့ ဘားတို့မှာ ဆူညံ့ပြီး နေရတာကိုပိုပြီး နှစ်သက်ဖွယ်ရှိပါတယ်။
၄။ ဆိုဖာကို ကိုက်ဖြဲနေတဲ့ခွေးကို အရင်မောင်းထုတ်မှာလား။
သင့်ရဲ့ ရွေးချယ်မှုက ခွေးသာအရင်ဖြစ်ခဲ့မယ်ဆိုရင်သင်ဟာ တိရိစ္ဆာန်တွေနဲ့အတူ စိတ်ရှုပ်ထွေးမခံတတ်သူတစ်ဦးပဲဖြစ်ပါတယ်။ အရာအားလုံးက မိမိရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာကို ပိုပြီးသဘောကျပါတယ်။ ဥစ္စာပစ္စည်းနဲ့ လူမှုရေးကို ပိုပြီး အာရုံစိုက်တတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။