#၁
#၂
#၃
#၎
#Lifestyle_Myanmar
#Thar_Nage
ကမ္ဘာကြီးက ဘယ်လောက်တောင်ပြောင်းလဲသွားသလဲဆိုတာကို ဖော်ပြနေတဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ရုပ်ပုံလေးတွေ
Unicode
ပုံမှာဖော်ပြထားတဲ့ လူ၄ယောက်ထဲမှာ ဘယ်သူက အမိုက်မဲဆုံးလဲ။ သင့်ရဲ့ရွေးချယ်မှုက သင့်ရဲ့ စိတ်ကိုဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီရွေးချယ်မှုဟာ သင့်အတွက် ဉာဏ်စမ်းပဟေဠိလေးဖြစ်ပြီး သင့်ရဲ့ ကိုယ်ရည်ကိုသွေးကိုစမ်းသပ်ပေးတဲ့ သဘောလေးပဲဖြစ်ပါတယ်။ သင့်ရဲ့ ရွေးချယ်မှုက သင့်ရဲ့ အရည်အသွေးကိုဖော်ပြပေးနေတာဖြစ်တာမို့ ဖတ်ကြည့်လိုက်ရအောင်နော်။
#၁
သင့်ရဲ့ ရွေချယ်မှုက နံပါတ် ၁ ဆိုလျှင် သင်ဟာ ကြင်နာတတ်တဲ့နှလုံးသားရှိသူတစ်ဦးဖြစ်ပါတယ်။ သင်ရဲ့လုပ်ရက်က ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းဆို ကိုယ့်ယုံကြည်မှုကို ဘယ်တော့မှမပြောင်းလဲဘဲ ဇွဲမလျော့လဲလုပ်ဆောင်ရတာကို နှစ်သက်သူဖြစ်ပါတယ်။ လက်ရှိအခြေအနေနဲ့ အဖြစ်အပျက်တွေကို လက်ခံထားပြီး ဘယ်တော့မှအငြင်းအခုံမလုပ်သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဆိုးနေတဲ့အချိန်မျိုးမှာ ဖြစ်လာမဲ့ပြဿနာကို ထိပ်တိုက်ဖြေရှင်းတတ်ပြီး များသောအားဖြင့်တော့ အေးအေးချမ်းချမ်းပဲနေထိုင်ပြုမူသူတစ်ဦးပဲဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပြီး ရိုးသားမှုကို
တန်ဖိုးထားသူတစ်ဦးလည်းဖြစ်ပါတယ်။
#၂
သင့်ရဲ့ ရွေးချယ်မှုက နံပါတ် ၂ဆိုလျှင် သင့်ဟာ ကိစ္စတစ်ခုကို အလျင်စလိုဆုံးဖြတ်ချက် ချတတ်သူတစ်ဦးဖြစ်ပါတယ်။ သင့်ရဲ့ ဆုံးဖြတ်ချက်က လိုအပ်ချက်တွေရှိနေရင် နောက်တစ်ခါ ဒီလိုဆုံးဖြတ်ချက်မျိုးချသင့်တဲ့အခါ အခြေအနေအားလုံးကို နှိုက်နှိုက်ချွတ်ချွတ်အားလုံးကို စဉ်းစားစီရင်ပြီး ခွဲခြမ်းစိတ်ဖြာရန် ကြိုးစာတတ်တဲ့သဘောရှိသူဖြစ်ပါတယ်။ ခေါင်းနည်းနည်းမာသူတစ်ဦးဖြစ်ပြီး အတိတ်ကဖြစ်ပျက်ခဲ့တာ စိတ်မကောင်းမရာတွေကိုလည်း ပြန်ပြီး ခံစားလေ့မရှိသူတစ်ဦးဖြစ်ပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ် အပြည့်အဝတာဝန်ယူတတ်ပြီး အရာအားလုံးက ကိုယ့်အပေါ်သာမူတည်နေသူဖြစ်ပါတယ်။
#၃
သင့်ရဲ့ရွေးချယ်မှုက နံပါတ် ၃ ဖြစ်မယ်ဆိုလျှင် သင်ဟာ မှန်တယ်ဆို အရာရာကို တိုက်ခိုက်ဖို့အသင့်ရှိသူဖြစ်ပါတယ်။ တခါတလေမှာ စိတ်လိုက်မာန်ပါပြုမူတတ်ပြီး လွယ်လွယ်နဲ့ အရှုံးမပေးသူလဲဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာကိုဆိုလျှင် ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် ခုခံကာကွယ်နိုင်ပြီး အောင်မြင်မှုကိုရယူတတ်ကြပါတယ်။ အသစ်သောနည်းဗျုဟာတွေကိုစိတ်ဝင်စားမှုရှိပြီး အောင်မြင်တဲ့သူဆီက ချဉ်းကပ်လေ့လာသင်ယူလိုစိတ်ရှိပါတယ်။ ထိုလူတွေက များသောအားဖြင့် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများမှာ ခေါင်းဆောင်တဲ့ဖြစ်ဖို့ အလားအလာရှိသူဖြစ်ပါတယ်။
#၄
သင့်ရဲ့ရွေးချယ်မှုက နံပါတ် ၄ဆိုရင်တော့ သင်ဟာ ပုန်ကန်တတ်တဲ့သဘောရှိတယ်လို့ အများက ပြောကြပါလိမ့်မယ်။ တစ်စုံတစ်ဦးက သင်ပြုမူတဲ့အကြောင်းအရာတစ်ခုခုကို အမှန်တရားနဲ့ ကိုက်ညီမှုမရှိဘူးဆိုလျှင် ဒါကိုသက်သေပြနိုင်ဖို့အတွက် သင့်ရဲ့ အကျိုးစီးပွားကို စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရဲတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခံယူချက်မူဝါဒကို ယုံကြည်မှုရှိသူတစ်ဦးဖြစ်ပြီး ကိုယ့်ရဲ့ ရှု့မြင်သုံးသပ်ချက် ဒါမှမဟုတ် ဆုံးဖြတ်ချက်က အမြဲတမ်းအကောင်းဆုံးဖြစ်တယ်လို့ ထင်ကြပါတယ်။ တခါတလေ အများနဲ့ထင်မြင်ယူဆချက်ခြင်းကွဲလွဲတဲ့အခါမျိုးမှာ အငြင်းအခုံလုပ်တတ်တာကြောင့် သင့်ကို ပုန်ကန်တတ်တဲ့သူလို့ ဆိုကြပါတယ်။