ပုံပါ ၄ယောက်ထဲက တစ်ယောက်ကို ကူညီရမယ်ဆို သင်ဘယ်သူ့ကို အရင်ကူညီမလဲ။

0
44
ပေဟဠိ
ပေဟဠိ

ပုံမှာဖော်ပြထားတဲ့ လူလေးယောက်ထဲက တစ်ယောက် ကူညီခွင့်ရမယ်ဆို သင်ဘယ်သူ့ကို ကူညီမလဲ။ သင့်ရဲ့ ရွေးချယ်မှုက သင့်အကြောင်းကို ဖော်ပြပေးနေတာကြောင့် တစ်ချက်ဝင်ကြည့်လိုက်ဦးနော်။ (မှတ်ချက် – သင်ရဲ့စိတ်ထဲမှာ ပုံတစ် ပုံကိုအရင်ရွေးချယ်ပြီးမှ စာကိုဖတ်ပါ။

၁။ အဖွားအို
သင့်ရဲ့ ရွေးချယ်မှု့က အဖွားအိုသာဖြစ်မယ်ဆိုရင် သင်ဟာ စာရိတ္တတရားကြီးမားပြီး အသိတရားရှိသူ၊ အစဉ်အလာအရ ရိုသေလေးစားမှုရှိသူဖြစ်တယ်လို့ သဘောကိုဆောင်ပါတယ်။ ဆင်ခြင်ဉာဏ်ဖြင့် ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဘယ်ကိစ္စမဆို စဉ်းစားဆင်ခြင်မှုမရှိဘဲ မပြုလုပ်တတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ မတရားမှုကိုလဲ လက်ခံနိုင်ဖို့ ခဲယဉ်းသလို အခြားငြီးငွေ့စရာကောင်းတဲ့ အလုပ် လုပ်ခိုင်းရင်လဲ မကြာခဏဆိုသလို ရှောင်နေတတ်ပါတယ်။

၂။ ကလေး
သင့်ရဲ့ရွေးချယ်မှု့က ကလေးသာဖြစ်ခဲ့ရင် သင်ဟာ အထိခိုက်မခံ/ ဆက်ဆက်ထိမခံ တဲ့သူတစ်ဦးဖြစ်ကြောင်းညွှန်ပြနေပါတယ်။ သင်ဟာ တစ်ကြိမ်ထက်ပိုပြီး စိတ်ဆင်းရဲမှု၊ စိတ်ထိခိုက်မှုတွေ ရှိခဲ့ပြီးသူဖြစ်ပြီး သနားကြင်နာမှုရှိတဲ့ လူပုဂ္ဂိုလ်တစ်မျိုးလည်းဖြစ်ပါတယ်။ သူငယ်ချင်းတွေကြားမှာ သင့်ကိုသင် တည်ငြိမ်တဲ့သူလို့ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေအတွက် သင်က အမြဲရပ်တည်ပေးသူဆိုတာ သင့်သူငယ်ချင်းတွေ ကောင်းကောင်းသိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

၃။ ဂျိုင်းထောင့်နဲ့လူ
သင့်ရဲ့ ရွေးချယ်မှု့က ဂျိုင်းထောင့်နဲ့သူဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ လူတွေရဲ့ ဘဝနဲ့ အသက်ကို တန်ဖိုးထားချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ ရေးကြီးခွင်ကျယ်နဲ့ ဇီဇာကြောင်ရတာကို မကြိုက်တဲ့ သူဖြစ်ပြီး၊ လူတွေကိုလဲ လိုတာထက်ပိုပြီး အမေးမြန်းမထူတတ်ပါဘူး။ သဘာဝကျကျ ခေါင်းဆောင် တဲ့သူတစ်ဦးဖြစ်ပြီး သံလိုက်ခြမ်းနှစ်ခြမ်းလိုပဲ ကြီးရင် ကြီးတဲ့ဘက်ခြမ်းက ပိုပြီးဆွဲဆောင်နိုင်မှုရှိတယ်ဆိုတဲ့သဘောကို လက်ခံထားသူဖြစ်ပါတယ်။

၄။ သူနာပြု
သင့်ရဲ့ ရွေးချယ်မှု့က သူနာပြုတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်ဟာဘဝကို လွတ်လွတ်လပ်လပ်နဲ့ ဖြတ်သန်းတတ်ပြီး ဘဝမှာအောင်မြင်တဲ့သူတွေအပေါ် အကောင်းမြင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေအပေါ် အာရုံစိုက်မှုမရှိသလောက်နည်းပါပြီး ကိုယ့်ကို လိုတာထက်ပိုပြီး ခိုင်းတာကိုလည်း မကြိုက်သူတစ်ဦးဖြစ်ပါတယ်။ စပ်စုတတ်တဲ့ သဘာဝရှိပြီး စွန့်စားရတာလဲ ကြိုက်နှစ်သက်သလို ပိတ်လှောင်ခံထားရသလို ထိန်းချုပ်နေတာကိုလည်း မုန်းတီးပါတယ်။

ခေတ်မှီဆန်းသစ်မှုတွေအပြင် အခြားနိုင်ငံတွေနဲ့ မတူတဲ့ အိုင်ဒီယာမျိုးပိုင်ဆိုင်ထားတဲ့ ဂျပန်နိုင်ငံ

#Lifestyle_Myanmar

#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here