ပုလင်း၊ စီးကရက်ဗူး၊ စာအုပ်၊ ကင်မရာ တို့ကို မျိုပြီး သေဆုံးသွားတဲ့ ငါးလက်ထုံ

0
11268
ငါးလက်ထုံ

ရေနေသတ္တဝါတွေအတွက်တော့ စွန့်ပစ်အမှိုက်ဆိုတာ အကြီးမားဆုံး အန္တရာယ်တစ်ခုလိုဖြစ်နေပါပြီ။ အမှိုက်တွေဟာ နေ့စဉ်နဲ့အမျှ သုံးစွဲမှုများလည်း ပိုမိုများပြားလာသလို စွန့်ပစ်မှုများလည်း ပိုမိုများပြားလာပါတယ်။

-Advertisement-

ထိုကဲ့သို စွန့်ပစ်အမှိုက်တွေများလာတာနဲ့အမျှ ပင်လယ်၊ မြစ်၊ ချောင်၊ အင်းအိုင်တွေဟာလည်းအမှိုက်စွန့်ပစ်တဲ့ နေရာကြီးတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ရေနေ သတ္တဝါတွေ မျိုးမတုန်းခင် ကျွန်တော်တို့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့တော့ လိုအပ်နေပါပြီ။

အခုလည်း သဲသောင်ပြင်မှာ သေဆုံးနေတဲ့ ငါးလက်ထုံ တစ်ကောင်ရဲ့ ဗိုက်ကို ခွဲစိတ်ကြည့်ရာမှာတော့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ ငါးလက်ထုံရဲ့ ဗိုက်ထဲမှ စွန့်ပစ်အမှိုက်တွေ အမြောက်အများတွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်။ ထိုအမှိုက်တွေကတော့ စီးကရက်တစ်ဗူး၊ စာအုပ်တစ်အုပ်၊ ပုလင်းခွံတစ်လုံးနဲ့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးတို့ပဲဖြစ်ပါတယ်။

အဆိုပါ ငါးအနေနဲ့ ဒီစွန့်ပစ်အမှိုက်တွေကို မျိုပြီး သေဆုံးသွားတယ်ဆိုတာတော့ ပြောပြစရာမလိုအောင် သိသာထင်ရှားပါတယ်။ ဒီပို့စ်ကိုတော့ Instagram မှာ 5minutebeachcleanup ဆိုတဲ့ အကောင့်က တင်ထားပေးတာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ စနစ်တကျ အမှိုက်မစွန့်ပစ်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ပင်လယ်နေ သတ္တဝါတွေ ဘယ်လောက်တောင် သေဆုံးနေလည်းဆိုတာ မခန့်မှန်းနိုင်အောင်ပါပဲ။ သက်ရှိ သတ္တဝါမှန်သမျှ အားလုံးဟာ ကမ္ဘာမြေကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်တာကြောင့် ကျွန်တော်တို့အနေနဲ့ တန်ဖိုးထားတတ်ဖို့တော့ လိုအပ်နေပါပြီ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အနာဂတ်တွေလှပဖို့အပြင် သဘာဝ ပတ်ဝန်းကျင်ကြီးကို ကယ်တင်တဲ့အနေနဲ့ အခုထဲက စွန့်ပစ်အမှိုက်တွေ လျော့ချပြီး စနစ်တကျ အမှိုက်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ရေဘေးနဲ့ နာရေးပါမကျန် အကူအညီပေးတတ်တဲ့ ၆နှစ်အရွယ်စေတနာ့ဝန်ထမ်းမလေး

Zawgyi Fonts

ပုလင္း၊ စီးကရက္ဗူး၊ စာအုပ္၊ ကင္မရာ တို႔ကို မ်ိဳၿပီး ေသဆုံးသြားတဲ့ ငါးလက္ထုံ
ေရေနသတၱဝါေတြအတြက္ေတာ့ စြန္႔ပစ္အမွိုက္ဆိုတာ အႀကီးမားဆုံး အႏၲရာယ္တစ္ခုလိုျဖစ္ေနပါၿပီ။ အမွိုက္ေတြဟာ ေန႔စဥ္နဲ႔အမၽွ သုံးစြဲမွုမ်ားလည္း ပိုမိုမ်ားျပားလာသလို စြန္႔ပစ္မွုမ်ားလည္း ပိုမိုမ်ားျပားလာပါတယ္။ ထိုကဲ့သို စြန္႔ပစ္အမွိုက္ေတြမ်ားလာတာနဲ႔အမၽွ ပင္လယ္၊ ျမစ္၊ ေခ်ာင္၊ အင္းအိုင္ေတြဟာလည္းအမွိုက္စြန္႔ပစ္တဲ့ ေနရာႀကီးတစ္ခုလိုျဖစ္လာခဲ့ပါတယ္။ ေရေန သတၱဝါေတြ မ်ိဳးမတုန္းခင္ ကၽြန္ေတာ္တို႔ အမွိုက္ေတြကို စနစ္တက်စြန္႔ပစ္ဖို႔ေတာ့ လိုအပ္ေနပါၿပီ။

အခုလည္း သဲေသာင္ျပင္မွာ ေသဆုံးေနတဲ့ ငါးလက္ထုံ တစ္ေကာင္ရဲ့ ဗိုက္ကို ခြဲစိတ္ၾကည့္ရာမွာေတာ့ မယုံနိုင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါ ငါးလက္ထုံရဲ့ ဗိုက္ထဲမွ စြန္႔ပစ္အမွိုက္ေတြ အေျမာက္အမ်ားေတြ႕ခဲ့ရလို႔ပဲျဖစ္ပါတယ္။ ထိုအမွိုက္ေတြကေတာ့ စီးကရက္တစ္ဗူး၊ စာအုပ္တစ္အုပ္၊ ပုလင္းခြံတစ္လုံးနဲ႔ ဒစ္ဂ်စ္တယ္ကင္မရာတစ္လုံးတို႔ပဲျဖစ္ပါတယ္။ အဆိုပါ ငါးအေနနဲ႔ ဒီစြန္႔ပစ္အမွိုက္ေတြကို မ်ိဳၿပီး ေသဆုံးသြားတယ္ဆိုတာေတာ့ ေျပာျပစရာမလိုေအာင္ သိသာထင္ရွားပါတယ္။ ဒီပို႔စ္ကိုေတာ့ Instagram မွာ 5minutebeachcleanup ဆိုတဲ့ အေကာင့္က တင္ထားေပးတာျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ရဲ့ စနစ္တက် အမွိုက္မစြန္႔ပစ္မွုေတြေၾကာင့္ ေန႔စဥ္နဲ႔အမၽွ ပင္လယ္ေန သတၱဝါေတြ ဘယ္ေလာက္ေတာင္ ေသဆုံးေနလည္းဆိုတာ မခန္႔မွန္းနိုင္ေအာင္ပါပဲ။ သက္ရွိ သတၱဝါမွန္သမၽွ အားလုံးဟာ ကမၻာေျမႀကီးရဲ့ အေရးပါတဲ့ အခန္းက႑ေတြမွာ ပါဝင္တာေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ တန္ဖိုးထားတတ္ဖို႔ေတာ့ လိုအပ္ေနပါၿပီ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ရဲ့ အနာဂတ္ေတြလွပဖို႔အျပင္ သဘာဝ ပတ္ဝန္းက်င္ႀကီးကို ကယ္တင္တဲ့အေနနဲ႔ အခုထဲက စြန္႔ပစ္အမွိုက္ေတြ ေလ်ာ့ခ်ၿပီး စနစ္တက် အမွိုက္ပစ္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here