ပုရိသေယာက်္ားေလးေတြအကုန္ တန္ဖိုးထားတဲ့ ဆံေကသာကို ပ်ိဳေမတို႔ ဘယ္လိုထိန္းသိမ္းမလဲ

0
2810
ဆံေကသာေကာင္းမြန္ေအာင္
ဆံေကသာေကာင္းမြန္ေအာင္

ျမန္မာမိန္းကေလးမွန္ရင္ ဆံေကသာကို တန္ဖိုးထားတတ္တဲ့သူေတြခ်ည္းပါပဲ။ ဒါ့ေၾကာင့္ဆံေကသာကိုဘယ္လိုဂ႐ုစိုက္မလဲေလ့လာၾကည့္ရေအာင္ေနာ္။
၁။ အဖ်ားတိေပးပါ။

သင့္ဆံပင္ကို အုံေကာင္းေကာင္းနဲ႔ အရွည္ျမန္ခ်င္ရင္ေတာ့ ဆံသားအဖ်ားပိုင္းက ႏွစ္ခြျဖစ္ျခင္း၊ အဖ်ား႐ွဴးျခင္း စတဲ့ မေကာင္းတဲ့ အပိုင္းေတြကို ညႇပ္ထုတ္ပစ္ရပါမယ္။ ဒါ့ေၾကာင့္ သင့္ဆံပင္အုံထူထူနဲ႔ ျမန္ျမန္ရွည္ခ်င္ရင္ သင့္ဆံပင္အဖ်ားပိုင္းကိုဆံပင္ညႇပ္ကၽြမ္းက်င္တဲ့သူတစ္ေယာက္ေယာက္နဲ႔ အဖ်ားေတြကို ညႇပ္လိုက္ပါ။

၂။ သဘာဝေဆးဖက္ဝင္သီးႏွံမ်ားကို အသုံးျပဳပါ။

ဆံေကသာနဲ႔ ဦးေရျပားအတြက္ ေကာင္းမြန္တဲ့ သဘာဝသီးမ်ားစြာရွိပါတယ္။ ဒါ့ေၾကာင့္ သင္ေခါင္းေလ်ာ္တဲ့အခါ အဆိုပါပစၥည္းမ်ားနဲ႔ ေရာေႏွာၿပီး ေလွ်ာ္သင့္ပါတယ္။ ဥပမာ- ၾကက္သြန္၊ ၾကက္သြန္ျဖဴ၊ ဆီးျဖဴသီး၊ ကင္ပြန္းခ်ဥ္၊ အုန္းႏို႔ စတဲ့ ဆံေကသာအတြက္အဟာရျဖစ္ေစၿပီး ဆံပင္ႀကီးထြားႏႈန္းေကာင္းမြန္ေစတဲ့ သီႏွံမ်ားနဲ႔ ေပါင္းစပ္ၿပီး ေခါင္းေလ်ာ္သင့္ပါတယ္။ ဒါ့အျပင္ေနပူထဲထြက္တဲ့အခါ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္မထိေတြ႕ႏိုင္ရန္ ဦးထုပ္ သို႔မဟုတ္ ထီးကို အေလ့အထကို ျပဳလုပ္ေပးပါ။

၃။ ဆံပင္ေပါင္းတင္ျခင္း

Hair mask from fresh fruits on woman head. Girl with beautiful face hold ingredient for homemade organic skin and hair therapy. Concept of healthy and beauty hair and skin. Woman resting in spa salon.

ေျဖာင့္လိုက္၊ ေကာက္လိုက္နဲ႔ ဆံပင္အမ်ိဳးမ်ိဳး ပုံစံေျပာင္းေနတဲ့သူေတြအတြက္ ဆံေကသာက ရွည္လ်ာဖို႔ခက္ခဲတဲ့အပ်က္၊ တစ္ေန႔ထက္တစ္ေန႔ ပိုပိုၿပီး ပ်က္စီးလြယ္ပါတယ္။ ဒီလိုဆံေကသာေတြအတြက္ ေပါင္းတင္ဖို႔လိုအပ္ပါတယ္။ ဆံပင္ကို ဓာတုေပါင္းတင္ေဆးေတြအသုံးျပဳတာထက္ သဘာဝပစၥည္းေတြက ေဘးထြက္ဆိုးက်ိဳးမရွိဘဲ သင့္ဆံေကသာအတြက္လည္း အရမ္းေကာင္းမြန္ပါတယ္။ ပ်ားရည္၊ သံပုရာ၊ ေထာပတ္သီး၊ သံလြင္ဆီ၊ ၾကက္သြန္ စတဲ့ သဘာဝပစၥည္းမ်ား၊ ေဖ်ာ္ရည္မ်ားကို အသုံးျပဳၿပီး တစ္ပတ္တစ္ခါ သို႔မဟုတ္ ၁၅ရက္ တစ္ခါေလာက္ ေပါင္းတင္သင့္ပါတယ္။

၄။ ေခါင္းအုံး

ေခါင္းအုံးက သင့္ဆံပင္နဲ႔ မသက္ဆိုင္ဘူးမထင္ပါနဲ႔။ မနက္ပိုင္း သင္အိပ္ယာထတာနဲ႔ ဆံပင္ေတြ ကၽြတ္ေနတဲ့တရာခံထဲမွာ ေခါင္းအုံးလည္းပါဝင္ပါတယ္။ သင္အိပ္တဲ့ေခါင္းအုံးမွာ အသုံးျပဳထားတဲ့ ပိတ္သားက ႏူးညံ့မႈမရွိတဲ့အခါ ဆံသားမ်ားျပက္ထြက္ျခင္း ဆံပင္အလြယ္တကူ ၿငိႏိုင္ျခင္း စတဲ့ ျပႆနာေတြေၾကာင့္ သင့္ဆံပင္ကို ကၽြတ္ေစပါတယ္။ ဒါ့ေၾကာင့္ ေခါင္းအုံးေရြးခ်ယ္တဲ့အခါ ဖဲသား ဒါမွမဟုတ္ ႏူးညံ့မႈရွိတဲ့ ပိုးသား စတဲ့ ပိတ္သားနဲ႔ ျပဳလုပ္ထားတဲ့ ေခါင္းအုံးကို ေရြးခ်ယ္အသုံးျပဳသင့္ပါတယ္။

၅။ ဆံသားအေျခာက္ခံတဲ့အခါ

ဆံသားအေျခာက္ခံတဲ့အခါ မ်က္ႏွာသုတ္ပုဝါအၾကမ္းကို အသုံးျပဳျခင္းက ဆံသားကို ထိခိုက္ပ်က္စီးေစပါတယ္။ ဆံပင္ကို ေရေျခာက္ေအာင္ ပြတ္တိုက္ၿပီး သုတ္တဲ့အခါ မ်က္ႏွာသုတ္ပုဝါက ႏူးည့ံမႈမရွိတာေၾကာင့္ ဆံမွ်င္မ်ားၿငိတြယ္ၿပီး ပ်က္စီးေစပါတယ္။ အပူေပးေလမႈတ္စက္ (Dryer) အသုံးျပဳျခင္းကလည္း ဆံသားကို ပ်က္စီးဆုံး႐ႈံးေစပါတယ္။ ဒါ့ေၾကာင့္ေခါင္းေလ်ာ္ၿပီး ဆံပင္ကိုအေျခာက္ခံတဲ့အခါ ပထမဦးစြာ သင့္ဆံပင္ကို ႏူးညံ့မႈရွိတဲ့ ပုဝါစနဲ႔ အရင္ ၆၀%ေလာက္ေျခာက္ေအာင္ အရင္သုတ္ပါ။ ၿပီးလွ်င္သင့္ဆံပင္ကို ပန္ကာျဖစ္ျဖစ္ ႐ိုး႐ိုးေလေအးနဲ႔ပဲ အေျခာက္ခံသင့္ပါတယ္။

၆။ အစားအေသာက္

ဆံေကသာေကာင္းမြန္ဖို႔အတြက္ ေန႔စဥ္စားေသာက္တဲ့အစားအစာနဲ႔လည္းသက္ဆိုင္ပါတယ္လို႔ သိပၸံပညာရွင္မ်ားက ဆိုပါတယ္။ ဆံေကသာအတြက္ အခြံမာသီး၊ ဝက္သား၊ အသည္း၊ ငါး၊ ေဆာ္လမြန္၊ ပန္းေဂၚဖီ၊ ေထာပတ္သီး၊ ႏို႔၊ ဒိန္ခဲ၊ ၾကက္ဥအမ်ိဳးမ်ိဳးနဲ႔ ဗီတာမင္ H ၾကြယ္ဝတဲ့အစားအစာမ်ားကို စားသုံးသင့္ပါတယ္။

၇။ အုန္ဆီနဲ႔ ၾကက္သြန္နီေဖ်ာ္ရည္ေပါင္းစပ္ၿပီး ေပါင္းတင္နည္း

ၾကက္သြန္နီက ဆံပင္အတြက္ေတာ့ေျမၾသဇာတစ္ခုလိုပါပဲ။ ဆံပင္မေပါင္သူေတြအတြက္ ထိေရာက္တဲ့ နည္းလမ္းတစ္ခုလဲျဖစ္ၿပီး ၾကက္သြန္နီဟာဆံသားႀကီးထြားႏႈန္းကို ပိုမိုတိုးျမွင့္ေပးႏိုင္ၿပီး ဆံသားပင္စည္အထိ လိုအပ္တဲ့ အဟာရဓာတ္ကို ျဖည့္စြမ္းေပးႏိုင္ပါတယ္။ အုန္းဆီဆိုတာလည္း ကၽြန္ေတာ္တို႔ ဆံပင္အတြက္ မိ႐ိုးဖလာအသုံးျပဳလာတဲ့ နည္းလမ္းေလးတစ္ခုပဲျဖစ္ပါတယ္။ အုန္းဆီဟာ ဆံသားေျခာက္ေသြ႕ျခင္း၊ ဆံသားအေရာင္မြဲေျခာက္ေျခာက္ျဖစ္ျခင္းစတဲ့ ျပႆေတြကို ေျဖရွင္းေပးႏိုင္ၿပီး ဗီတာမင္ E နဲ႔Lauric အက္ဆစ္ၾကြယ္ဝတဲ့ ဆီတစ္မ်ိဳးပဲျဖစ္ပါတယ္။ အုန္းဆီ/ မုန္းညင္းဆီ/ ဗာဒံဆီ စတဲ့ ဆီတစ္မ်ိဳးမ်ိဳးနဲ႔ ၾကက္သြန္နီေဖ်ာ္ရည္ကိုေပါင္းစပ္ၿပီး သင့္ေခါင္းကို ေပါင္းတင္ေပးပါက သိပ့္မၾကာခင္အခ်ိန္မွာ ထူးကဲတဲ့ရလဒ္ေတြကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ဓါတ္ပံုထဲမွာ လံုးဝ Perfect ျဖစ္ေနေစမယ့္ အႀကံျပဳခ်က္ (၁၄)ခု

Unicode

ပုရိသယောကျ်ားလေးတွေအကုန် တန်ဖိုးထားတဲ့ ဆံကေသာကို ပျိုမေတို့ ဘယ်လိုထိန်းသိမ်းမလဲ
မြန်မာမိန်းကလေးမှန်ရင် ဆံကေသာကို တန်ဖိုးထားတတ်တဲ့သူတွေချည်းပါပဲ။ ဒါ့ကြောင့်ဆံကေသာကိုဘယ်လိုဂရုစိုက်မလဲလေ့လာကြည့်ရအောင်နော်။
၁။ အဖျားတိပေးပါ။
သင့်ဆံပင်ကို အုံကောင်းကောင်းနဲ့ အရှည်မြန်ချင်ရင်တော့ ဆံသားအဖျားပိုင်းက နှစ်ခွဖြစ်ခြင်း၊ အဖျားရှူးခြင်း စတဲ့ မကောင်းတဲ့ အပိုင်းတွေကို ညှပ်ထုတ်ပစ်ရပါမယ်။ ဒါ့ကြောင့် သင့်ဆံပင်အုံထူထူနဲ့ မြန်မြန်ရှည်ချင်ရင် သင့်ဆံပင်အဖျားပိုင်းကိုဆံပင်ညှပ်ကျွမ်းကျင်တဲ့သူတစ်ယောက်ယောက်နဲ့ အဖျားတွေကို ညှပ်လိုက်ပါ။

၂။ သဘာဝဆေးဖက်ဝင်သီးနှံများကို အသုံးပြုပါ။
ဆံကေသာနဲ့ ဦးရေပြားအတွက် ကောင်းမွန်တဲ့ သဘာဝသီးများစွာရှိပါတယ်။ ဒါ့ကြောင့် သင်ခေါင်းလျော်တဲ့အခါ အဆိုပါပစ္စည်းများနဲ့ ရောနှောပြီး လျှော်သင့်ပါတယ်။ ဥပမာ- ကြက်သွန်၊ ကြက်သွန်ဖြူ၊ ဆီးဖြူသီး၊ ကင်ပွန်းချဉ်၊ အုန်းနို့ စတဲ့ ဆံကေသာအတွက်အဟာရဖြစ်စေပြီး ဆံပင်ကြီးထွားနှုန်းကောင်းမွန်စေတဲ့ သီနှံများနဲ့ ပေါင်းစပ်ပြီး ခေါင်းလျော်သင့်ပါတယ်။ ဒါ့အပြင်နေပူထဲထွက်တဲ့အခါ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့နိုင်ရန် ဦးထုပ် သို့မဟုတ် ထီးကို အလေ့အထကို ပြုလုပ်ပေးပါ။

၃။ ဆံပင်ပေါင်းတင်ခြင်း
ဖြောင့်လိုက်၊ ကောက်လိုက်နဲ့ ဆံပင်အမျိုးမျိုး ပုံစံပြောင်းနေတဲ့သူတွေအတွက် ဆံကေသာက ရှည်လျာဖို့ခက်ခဲတဲ့အပျက်၊ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပျက်စီးလွယ်ပါတယ်။ ဒီလိုဆံကေသာတွေအတွက် ပေါင်းတင်ဖို့လိုအပ်ပါတယ်။ ဆံပင်ကို ဓာတုပေါင်းတင်ဆေးတွေအသုံးပြုတာထက် သဘာဝပစ္စည်းတွေက ဘေးထွက်ဆိုးကျိုးမရှိဘဲ သင့်ဆံကေသာအတွက်လည်း အရမ်းကောင်းမွန်ပါတယ်။ ပျားရည်၊ သံပုရာ၊ ထောပတ်သီး၊ သံလွင်ဆီ၊ ကြက်သွန် စတဲ့ သဘာဝပစ္စည်းများ၊ ဖျော်ရည်များကို အသုံးပြုပြီး တစ်ပတ်တစ်ခါ သို့မဟုတ် ၁၅ရက် တစ်ခါလောက် ပေါင်းတင်သင့်ပါတယ်။

၄။ ခေါင်းအုံး
ခေါင်းအုံးက သင့်ဆံပင်နဲ့ မသက်ဆိုင်ဘူးမထင်ပါနဲ့။ မနက်ပိုင်း သင်အိပ်ယာထတာနဲ့ ဆံပင်တွေ ကျွတ်နေတဲ့တရာခံထဲမှာ ခေါင်းအုံးလည်းပါဝင်ပါတယ်။ သင်အိပ်တဲ့ခေါင်းအုံးမှာ အသုံးပြုထားတဲ့ ပိတ်သားက နူးညံ့မှုမရှိတဲ့အခါ ဆံသားများပြက်ထွက်ခြင်း ဆံပင်အလွယ်တကူ ငြိနိုင်ခြင်း စတဲ့ ပြဿနာတွေကြောင့် သင့်ဆံပင်ကို ကျွတ်စေပါတယ်။ ဒါ့ကြောင့် ခေါင်းအုံးရွေးချယ်တဲ့အခါ ဖဲသား ဒါမှမဟုတ် နူးညံ့မှုရှိတဲ့ ပိုးသား စတဲ့ ပိတ်သားနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

၅။ ဆံသားအခြောက်ခံတဲ့အခါ
ဆံသားအခြောက်ခံတဲ့အခါ မျက်နှာသုတ်ပုဝါအကြမ်းကို အသုံးပြုခြင်းက ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံပင်ကို ရေခြောက်အောင် ပွတ်တိုက်ပြီး သုတ်တဲ့အခါ မျက်နှာသုတ်ပုဝါက နူးည့ံမှုမရှိတာကြောင့် ဆံမျှင်များငြိတွယ်ပြီး ပျက်စီးစေပါတယ်။ အပူပေးလေမှုတ်စက် (Dryer) အသုံးပြုခြင်းကလည်း ဆံသားကို ပျက်စီးဆုံးရှုံးစေပါတယ်။ ဒါ့ကြောင့်ခေါင်းလျော်ပြီး ဆံပင်ကိုအခြောက်ခံတဲ့အခါ ပထမဦးစွာ သင့်ဆံပင်ကို နူးညံ့မှုရှိတဲ့ ပုဝါစနဲ့ အရင် ၆၀%လောက်ခြောက်အောင် အရင်သုတ်ပါ။ ပြီးလျှင်သင့်ဆံပင်ကို ပန်ကာဖြစ်ဖြစ် ရိုးရိုးလေအေးနဲ့ပဲ အခြောက်ခံသင့်ပါတယ်။

၆။ အစားအသောက်
ဆံကေသာကောင်းမွန်ဖို့အတွက် နေ့စဉ်စားသောက်တဲ့အစားအစာနဲ့လည်းသက်ဆိုင်ပါတယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဆံကေသာအတွက် အခွံမာသီး၊ ဝက်သား၊ အသည်း၊ ငါး၊ ဆော်လမွန်၊ ပန်းဂေါ်ဖီ၊ ထောပတ်သီး၊ နို့၊ ဒိန်ခဲ၊ ကြက်ဥအမျိုးမျိုးနဲ့ ဗီတာမင် H ကြွယ်ဝတဲ့အစားအစာများကို စားသုံးသင့်ပါတယ်။

၇။ အုန်ဆီနဲ့ ကြက်သွန်နီဖျော်ရည်ပေါင်းစပ်ပြီး ပေါင်းတင်နည်း
ကြက်သွန်နီက ဆံပင်အတွက်တော့မြေသြဇာတစ်ခုလိုပါပဲ။ ဆံပင်မပေါင်သူတွေအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုလဲဖြစ်ပြီး ကြက်သွန်နီဟာဆံသားကြီးထွားနှုန်းကို ပိုမိုတိုးမြှင့်ပေးနိုင်ပြီး ဆံသားပင်စည်အထိ လိုအပ်တဲ့ အဟာရဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ အုန်းဆီဆိုတာလည်း ကျွန်တော်တို့ ဆံပင်အတွက် မိရိုးဖလာအသုံးပြုလာတဲ့ နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ အုန်းဆီဟာ ဆံသားခြောက်သွေ့ခြင်း၊ ဆံသားအရောင်မွဲခြောက်ခြောက်ဖြစ်ခြင်းစတဲ့ ပြဿတွေကို ဖြေရှင်းပေးနိုင်ပြီး ဗီတာမင် E နဲ့Lauric အက်ဆစ်ကြွယ်ဝတဲ့ ဆီတစ်မျိုးပဲဖြစ်ပါတယ်။ အုန်းဆီ/ မုန်းညင်းဆီ/ ဗာဒံဆီ စတဲ့ ဆီတစ်မျိုးမျိုးနဲ့ ကြက်သွန်နီဖျော်ရည်ကိုပေါင်းစပ်ပြီး သင့်ခေါင်းကို ပေါင်းတင်ပေးပါက သိပ့်မကြာခင်အချိန်မှာ ထူးကဲတဲ့ရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here