ပိန်တဲ့ကောင်မလေးတွေနဲ့ ပြည့်ပြည့်ဖြိုးကောင်မလေးတွေရဲ့ အားသာချက်/အားနည်းချက်လေးတွေ

0
732

မိန်းကလေးတွေဟာ သူတို့ရဲ့အသွင်အပြင်နဲ့ ပတ်သတ်လာတဲ့အခါ တော်တော်လေး sensitive ဖြစ်ကြပါတယ်။ သူတို့မှာ အရမ်းပိန်လွန်းတာ သို့မဟုတ် အရမ်းဝလွန်းတာနဲ့ ပတ်သတ်ပြီး pressure ခံစားကြရပါတယ်။ ဘယ်လောက်စားစား ခန္ဓာကိုယ်ဝမလာတဲ့ ကောင်မလေးတွေမှာလည်း အားသာချက်/အားနည်းချက်ရှိသလို ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးကောင်မလေးတွေမှာလည်း အားသာချက်/အားနည်းချက်ဆိုတာ ရှိပါတယ်။ ကိုယ့်သူငယ်ချင်းထဲမှာ ကိုယ်ကဝနေပြီး သူငယ်ချင်းလေးက ပိန်နေလို့ အားကျရသလို ပိန်နေတဲ့ သူငယ်ချင်းကလည်း ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေတဲ့ သူငယ်ချင်းကို အားကျနေမှာပါ။ ဒီတော့ သင်တို့သူငယ်ချင်းနှစ်ယောက်က ဒီလိုပြဿနာလေးတွေ ရှိတယ်ဆိုရင် စိတ်မညစ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် ကူညီရင်း နေနိုင်ပါတယ်။

ပိန်တဲ့ကောင်မလေးတွေက စားသောက်ပွဲကျင်းပနေချိန်မှာ ဝတဲ့ကောင်မလေးတွေကတော့ ကိုယ်အလေးချိန်ပေါင်ချိန် တတ်မလာဖို့အရေး အစားရှောင်နေရပါတယ်

တစ်ခါတရံမှာ ဒီအလှအပ ၂ခုဟာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ပြဿနာတွေကို နားလည်ဖို့ ခက်ခဲကြောင်း တွေ့ရပါတယ်။

စတိုးဆိုင်တွေမှာ ချိတ်ဆွဲထားတာက များသောအားဖြင့် ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေအတွက် အဝတ်အစားတွေ အပြည့်ပါ။

ဒါပေမယ့် ရောင်းရတဲ့ကာလတွေမှာဆို ဝတဲ့ကောင်မလေးတွေအတွက်တော့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။

ရာသီဥတု အေးတဲ့နေ့တွေဆို ဝတဲ့ကောင်းမလေးတွေအတွက် အနွေးထည်မလိုပါဘူး။

တခါတရံ သူတို့အိတ်ကို ချထားဖို့ သူတို့ထိုင်ခုံပေါ်မှာ နေရာမလုံလောက်ပါဘူး။

ပိန်တဲ့မိန်းကလေးတွေက အနှိပ်ခန်းများမှာ ပြဿနာများ ရှိနိုင်ပါတယ်။

မိန်းကလေးတိုင်းမှာ သူမသူငယ်ချင်းကို မနာလိုဖြစ်ဖို့ ကိုယ်ပိုင်အကြောင်းပြချက်ရှိကြပါတယ်

သူတို့ဟာ ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ပေးပါတယ်။

သူတို့အကြိုက်ဆုံးမုန့်တွေလည်း မျှဝေတတ်ပါတယ်နော်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးပါတယ်။

ဒါပေမယ့် ယောက်ကျားလေးတွေကတော့ ဆန့်ကျင်ဘက်ကောင်မလေးတွေကိုပဲ မျက်စိကျတတ်ကြပါတယ်။


#Lifestyle_Myanmar
#LM_Nandar


LEAVE A REPLY

Please enter your comment!
Please enter your name here