ပိန္ပိန္သြယ္သြယ္ေလးျဖစ္ေစဖို႔ ကိုရီးယားဆယ္လီေတြ အသံုးျပဳတဲ့ ဖက္ရွင္အိုင္ဒီယာေလးေတြ

0
3169
ခႏၶာကိုယ္အခ်ိဳးအစာ

ကၽြန္မတို႔ခႏၶာကိုယ္အခ်ိဳးအစားေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီၾကပါဘူး။ အမ်ားအားျဖင့္ ခႏၶာကိုယ္အမ်ိဳးအစားကို ပန္းသီးပံု၊ သစ္ေတာ္သီးပံု၊ ေလးေထာင့္ပံု၊ သဲနာရီပံုဆိုၿပီး ၄ မ်ိဳးခြဲျခားႏိုင္ပါတယ္။ ကိုရီးယားဖက္ရွင္ခ်စ္တဲ့ ပ်ိဳေမတို႔အတြက္ ဘယ္ခႏၶာကိုယ္အမ်ိဳးအစားဆိုရင္ ကိုရီးယားမင္းသမီးေတြ ဝတ္တဲ့ ဘယ္ဖက္ရွင္ေလးေတြက အသင့္ေတာ္ဆံုးလဲဆိုတဲ့ အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

-Advertisement-

၁။ ပန္းသီးပံုခႏၶာကိုယ္အခ်ိဳးအစား

ပန္းသီးပံုခႏၶာကိုယ္အခ်ိဳးအစား ရွိသူတစ္ေယာက္ဟာ မ်ားေသာအားျဖင့္ ရင္အုပ္ႏွင့္ ပခံုးက်ယ္ၿပီး တင္ပါးျပည့္ျပည့္ရွိပါတယ္။ ခါးလည္းတုတ္ပါတယ္။ ဒီခႏၶာကိုယ္အခ်ိဳးအစားရွိသူမ်ားဟာ အေပၚအကၤ်ီကို မႏုလြန္း၊မရင့္လြန္းတဲ့အေရာင္ေလးေတြဝတ္ဆင္သင့္ၿပီး ေအာက္ပိုင္းကို patterned ပါတာေလးေတြ ဝတ္ဆင္သင့္ပါတယ္။

၂။ သစ္ေတာ္သီးပံုခႏၶာကိုယ္အခ်ိဳးအစား

သစ္ေတာ္သီးပံုခႏၶာကိုယ္အခ်ိဳးအစားရွိသူူဟာ အမ်ားအားျဖင့္ ခါးသြယ္သြယ္ေလးရွိပါတယ္။ ပခံုးက တင္ပါးထက္ပို က်ဥ္းၿပီး အခ်ိဳးအစားက်ပါတယ္။ ခႏၶာကိုယ္ေအာက္ပိုင္းက ပိုၿပီးဖြံ႔ထြားတဲ့ပံုရွိပါတယ္။ ဒီခႏၶာကိုယ္အမ်ိဳးအစားရွိသူမ်ားဟာ ေရာင္စံုပခံုးေပ်ာက္အကၤ်ီ ဒါမွမဟုတ္ အနားအတြန္႔အဖတ္ေလးေတြပါတဲ့ အကၤ်ီမ်ိဳးကို ဝတ္ဆင္ဖို႔ အႀကံျပဳပါတယ္။ဒီစိတ္ကူးက အေပၚပိုင္းကို ေပၚလြင္ေစၿပီး ခႏၶာကိုယ္ရဲ႕ေအာက္ေျခကို အာရံုမစိုက္မိေစေအာင္ ျဖစ္ပါတယ္။ A-line ဂါဝန္တစ္ထည္ကလည္း ဒီခႏၶာကိုယ္အမ်ိဳးအစားႏွင့္ လိုက္ဖက္ပါတယ္။

၃။ ေလးေထာင့္ပံုခႏၶာကိုယ္အခ်ိဳးအစား

ေလးေထာင့္ပံု ခႏၶာကိုယ္အခ်ိဳးအစားရွိသူဟာ ခါးမရွိဘဲ ခါး၊ တင္ပါးႏွင့္ ပခံုးအက်ယ္က အတူတူပဲျဖစ္ပါတယ္။ ေမာ္ဒယ္အမ်ားစုမွာ ဒီခႏၶာကိုယ္ပံုစံရွိေလ့ ရွိပါတယ္။ ဒီခႏၶာကိုယ္အမ်ိဳးအစားရွိသူေတြဟာ ဗီလည္ပင္းပံုအကၤ်ီေလးေတြ၊ ေဘာင္းဘီေတြအျပင္ ခါးပတ္နဲ႔ ဂါဝန္ေလးေတြ ဝတ္ဆင္ဖို႔ အႀကံျပဳပါတယ္။ ဒီအိုင္ဒီယာက သင့္ရဲ႕တစ္ေျဖာင့္တည္းခႏၶာကိုယ္အခ်ိဳးအစားကို ေကာက္ေၾကာင္းရွိေနသေယာင္ ဖန္တီးဖို႔ ျဖစ္ပါတယ္။

၅။ သဲနာရီပံုခႏၶာကိုယ္အခ်ိဳးအစား

သဲနာရီပံု ခႏၶာကိုယ္အခ်ိဳးအစားရွိသူေတြသည္ မ်ားေသာအားျဖင့္ ခါးေသးသြယ္ၿပီး ခႏၶာကိုယ္အေပၚပိုင္းႏွင့္ ေအာက္ပိုင္းက ဟန္ခ်က္ညီၿပီး အခ်ိဳးက်ပါတယ္။ ဒီခႏၶာကိုယ္ပံုစံရွိသူေတြဟာ ကိုယ္က်ပ္အကၤ်ီေလးေတြ၊ wrap style ဂါဝန္ေလးေတြ ဝတ္ဆင္ဖို႔ အႀကံျပဳပါတယ္။ ဒါမွသာ သင့္ရဲ႕အခ်ိဳးက်က် ခႏၶာကိုယ္အမ်ိဳးအစားကို ေဖာ္ျပရာေရာက္ၿပီး သင့္ခါးကို ေပၚလြင္ေစမွာပါ။
မ်က္ႏွာျပည့္ျပည့္ေဖာင္းေဖာင္းရွိသူေတြအတြက္ အႀကံျပဳခ်က္မ်ား


ေနကာမ်က္မွန္၊ ဦးထုပ္ႏွင့္ နားဆြဲေတြက သင္နဲ႔ အလုိက္ဖက္ဆံုးဆိုတာ သတိရပါ။ ဒီ accessory ေတြက သင့္မ်က္ႏွာကို ေသးသြယ္ေစပါလိမ့္မယ္။
#Lifestyle_Myanmar
#LM_Nandar

Unicode

ပိန်ပိန်သွယ်သွယ်လေးဖြစ်စေဖို့ ကိုရီးယားဆယ်လီတွေ အသုံးပြုတဲ့ ဖက်ရှင်အိုင်ဒီယာလေးတွေ

ကျွန်မတို့ခန္ဓာကိုယ်အချိုးအစားတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အများအားဖြင့် ခန္ဓာကိုယ်အမျိုးအစားကို ပန်းသီးပုံ၊ သစ်တော်သီးပုံ၊ လေးထောင့်ပုံ၊ သဲနာရီပုံဆိုပြီး ၄ မျိုးခွဲခြားနိုင်ပါတယ်။ ကိုရီးယားဖက်ရှင်ချစ်တဲ့ ပျိုမေတို့အတွက် ဘယ်ခန္ဓာကိုယ်အမျိုးအစားဆိုရင် ကိုရီးယားမင်းသမီးတွေ ဝတ်တဲ့ ဘယ်ဖက်ရှင်လေးတွေက အသင့်တော်ဆုံးလဲဆိုတဲ့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ပန်းသီးပုံခန္ဓာကိုယ်အချိုးအစား

ပန်းသီးပုံခန္ဓာကိုယ်အချိုးအစား ရှိသူတစ်ယောက်ဟာ များသောအားဖြင့် ရင်အုပ်နှင့် ပခုံးကျယ်ပြီး တင်ပါးပြည့်ပြည့်ရှိပါတယ်။ ခါးလည်းတုတ်ပါတယ်။ ဒီခန္ဓာကိုယ်အချိုးအစားရှိသူများဟာ အပေါ်အင်္ကျီကို မနုလွန်း၊မရင့်လွန်းတဲ့အရောင်လေးတွေဝတ်ဆင်သင့်ပြီး အောက်ပိုင်းကို patterned ပါတာလေးတွေ ဝတ်ဆင်သင့်ပါတယ်။

၂။ သစ်တော်သီးပုံခန္ဓာကိုယ်အချိုးအစား

သစ်တော်သီးပုံခန္ဓာကိုယ်အချိုးအစားရှိသူူဟာ အများအားဖြင့် ခါးသွယ်သွယ်လေးရှိပါတယ်။ ပခုံးက တင်ပါးထက်ပို ကျဉ်းပြီး အချိုးအစားကျပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းက ပိုပြီးဖွံ့ထွားတဲ့ပုံရှိပါတယ်။ ဒီခန္ဓာကိုယ်အမျိုးအစားရှိသူများဟာ ရောင်စုံပခုံးပျောက်အင်္ကျီ ဒါမှမဟုတ် အနားအတွန့်အဖတ်လေးတွေပါတဲ့ အင်္ကျီမျိုးကို ဝတ်ဆင်ဖို့ အကြံပြုပါတယ်။ဒီစိတ်ကူးက အပေါ်ပိုင်းကို ပေါ်လွင်စေပြီး ခန္ဓာကိုယ်ရဲ့အောက်ခြေကို အာရုံမစိုက်မိစေအောင် ဖြစ်ပါတယ်။ A-line ဂါဝန်တစ်ထည်ကလည်း ဒီခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ပါတယ်။

၃။ လေးထောင့်ပုံခန္ဓာကိုယ်အချိုးအစား

လေးထောင့်ပုံ ခန္ဓာကိုယ်အချိုးအစားရှိသူဟာ ခါးမရှိဘဲ ခါး၊ တင်ပါးနှင့် ပခုံးအကျယ်က အတူတူပဲဖြစ်ပါတယ်။ မော်ဒယ်အများစုမှာ ဒီခန္ဓာကိုယ်ပုံစံရှိလေ့ ရှိပါတယ်။ ဒီခန္ဓာကိုယ်အမျိုးအစားရှိသူတွေဟာ ဗီလည်ပင်းပုံအင်္ကျီလေးတွေ၊ ဘောင်းဘီတွေအပြင် ခါးပတ်နဲ့ ဂါဝန်လေးတွေ ဝတ်ဆင်ဖို့ အကြံပြုပါတယ်။ ဒီအိုင်ဒီယာက သင့်ရဲ့တစ်ဖြောင့်တည်းခန္ဓာကိုယ်အချိုးအစားကို ကောက်ကြောင်းရှိနေသယောင် ဖန်တီးဖို့ ဖြစ်ပါတယ်။

၅။ သဲနာရီပုံခန္ဓာကိုယ်အချိုးအစား

သဲနာရီပုံ ခန္ဓာကိုယ်အချိုးအစားရှိသူတွေသည် များသောအားဖြင့် ခါးသေးသွယ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းက ဟန်ချက်ညီပြီး အချိုးကျပါတယ်။ ဒီခန္ဓာကိုယ်ပုံစံရှိသူတွေဟာ ကိုယ်ကျပ်အင်္ကျီလေးတွေ၊ wrap style ဂါဝန်လေးတွေ ဝတ်ဆင်ဖို့ အကြံပြုပါတယ်။ ဒါမှသာ သင့်ရဲ့အချိုးကျကျ ခန္ဓာကိုယ်အမျိုးအစားကို ဖော်ပြရာရောက်ပြီး သင့်ခါးကို ပေါ်လွင်စေမှာပါ။
မျက်နှာပြည့်ပြည့်ဖောင်းဖောင်းရှိသူတွေအတွက် အကြံပြုချက်များ
နေကာမျက်မှန်၊ ဦးထုပ်နှင့် နားဆွဲတွေက သင်နဲ့ အလိုက်ဖက်ဆုံးဆိုတာ သတိရပါ။ ဒီ accessory တွေက သင့်မျက်နှာကို သေးသွယ်စေပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here